အလောင်းမင်းတရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၈၀ -
ဤသို့ တားမြစ်ရာ၌ အလောင်းဘုရား၏ အပြစ်ပေးပုံမှာ အတုယူဖွယ်ဖြစ်သည်။ မြို့ရွာတွင် သူခိုး သူဝှက်တို့ကြောင့် ဥစ္စာပစ္စည်း ပျောက်ခဲ့သော် ထိုမြို့ရွာကို အုပ်ချုပ်သော အကြီးအကဲတို့က ဥစ္စာပျောက်သူကို လျော်ရသည်။ ရွာနှစ်ရွာစပ်ကြားတွင် ဓားပြတိုက်ပါမူ နီးသောရွာမှ ရွာသူကြီးက လျော်ရလေသည်။ ဤသို့ ပြုလုပ်ပေးခြင်း အားဖြင့် အစိုးရ အမှုထမ်းတို့သည် မိမိတို့ တာဝန်ကို ပိုမို ဂရုစိုက် ဆောင်ရွက်လာစေရန် ဖြစ်သည်။
 
မိုးရှားပါးသော ရွှေဘိုနယ်တစ်ဝိုက်တွင် ပြည်သူပြည်သားတို့ စိုက်ပျိုးနိုင်ရန် မင်းတရားကြီးသည် အမြော်အမြင်ရှိစွာနှင့် မူးမြစ်ကို ဆည်တော်မူသည်။ ရွှေဘိုမြို့ကို ရေပေးနိုင်ရန်လည်း မဟာနန္ဒာကန်တော်ကြီးကို တူးဖော်စေသည်။ မင်းတရားကြီး၌ ဆွေတော်မျိုးတော်စသော အမှုထမ်းကောင်း ပေါများသည်။ မင်းဆွေမင်းမျိုး အင်းဝမှူးဟောင်း မတ်ဟောင်းများကပါ မင်းတရားကြီး ဘုန်းလက်ရုံး လုပ်ရည်ကြံတို့ကိုလုပ်ရည်ကြံံရည်တို့ကို ယုံကြည်သဖြင့် အကွဲအပြားမရှိ တညီတညွတ်တည်း အမှုထမ်းကြခြင်း ဖြစ်သည်။ နှုတ်ရေး၌လည်းကောင်း၊ လက်ရေး၌လည်းကောင်း လူရည်သွားကို သိတော်မူတတ်သည်။ မှူးတော်မတ်တော် သူရဲသူခက်တို့ကို အလိုက်အထိုက် ဝေဖန်နှိုင်းချိန် ချီးမြှောက်မစ ပြုလုပ်ပေးကမ်းလေ့ရှိသည်။ ထိုကြောင့် ကြံတော်မူသမျှ အောင်မြင်၍ အပြီးသို့ ရောက်သည်ချည်း ဖြစ်သည်။
 
အလောင်းမင်းတရားကြီးအား ဖူးမြင်ရသော ကက်ပတိန် ဘေကာ၏ မှတ်တမ်းအရ မင်းတရားကြီး၏ အရပ်တော်သည် ငါးပေ ၁၁ လက်မခန့်ရှိ၍ ကျန်းမာသော ရုပ်လက္ခဏာရှိကြောင်း၊ သန်မာ၍ တင့်တယ်ညီညွတ်သော လုံးရပ်သဏ္ဌာန်ရှိကြောင်း၊ အသားညို၍ မျက်နှာသွယ်ကာ ကျောက်ပေါက်မာ သက်သက်ရှိကြောင်း၊ မျက်နှာထားတည်ကြည် မာတင်းကြောင်း၊ ရာဇဣန္ဒြေနှင့် ပြည့်စုံတော်မူကြောင်း ရေးသားထားလေသည်။
 
မင်းတရားကြီးသည် ရတနာသုံးပါးကိုလည်း ကြည်ညိုတော် မူသည်။ ရွှေဘိုမြို့တွင် မော်ဓောမြင်သာခေါ် ရွှေစေတီကြီး၊ ရွှေချက်သိုစေတီ၊ ရွှေဂူကြီးစသော စေတီပုထိုးများ၊ [[တကောင်းမြို့]] အရပ်၌ ဇိနအောင်ချာ ရွှေဘုံသာစေတီတော်၊ တိဂုံဆံတော် ရှင်၌ စောင်းတန်းတော်၊ ဇရပ်တော်များ၊ ဟံသာဝတီ၊ ပြည်၊ အင်းဝ၊ စစ်ကိုင်းမြို့များနှင့် အကြေအညာမြစ်စဉ်တစ်လျှောက် ဘုရားပုထိုးဟောင်း နွမ်းပြိုပျက်သည်များကို ကံကျွေးလက်ခပေး၍ ပြင်ဆင်စေတော်မူသည်ကား များလှ၏။ ထိုပြင် မဟာဒါန်ဝန်ခန့်၍ ဝိနည်းကျမ်းဂန်နှင့်အညီ မကျင့်သော ရဟန်းတို့ကို မပြတ်သုတ်သင် ရှင်းလင်းစစ်ကြောစေသည်။ သာသနာရေးဘက်၌သာမက စာပေဘက်၌လည်း မင်းတရားကြီးသည် ချီးမြှောက်တော်မူသည်။ တရားဌာန အုပ်ချုပ်မှု အတွက် အစဉ်အလာအားဖြင့် ဓမ္မသတ်ဖြတ်ထုံးကျမ်းများစွာ ရှိခဲ့ပါသော်လည်း ပါဠိဘာသာနှင့်သာ များ၍ မြန်မာဘာသာနှင့် ပြန်ဆိုရေးသားပါလည်း ပါဠိစကားလုံးများစွာ ညှပ်ထားသဖြင့် လွယ်ကူစွာ ဖတ်ရှုနိုင်ရန် မိမိ၏ စစ်သူကြီး အမတ်တစ်ဦးဖြစ်သော မဟာသီရိဥတ္တမဇေယျအား မနုကျယ် ဓမ္မသတ်ကို စီရင်စေသည်။ တရားသူကြီးလက်ဝဲ ဘိနန္ဒသူက ဓမ္မဝိနိစ္ဆယဓမ္မသတ်ကျမ်းကို စီရင်သည်။ မင်းတရားကြီးလက်ထက်ထင်ရှားသော အခြားစာဆိုတို့ကား မင်းတရားကြီး ဟံသာဝတီကို စုန်တော်မူစဉ် ကမ်းပြို၍ ဖောင်တော်ပေါ်သို့ ထန်းပင်လဲကျသည်ကို ရုတ်ခြည်း စပ်ဆို၍ ''သစ်သစ်မင်္ဂလာ၊ နစ်နစ်နာလော့'' ချီသည့် နိမိတ်ဖတ်လင်္ကာကို ရွတ်ဆိုလျှောက်တင်သည်တွင် ထင်ရှားလာသော ရန်အောင်ဗလအမတ်၊ ကဝိ လက္ခဏာ သတ်ပုံ၊ ရတနာသိင်္ဃ ကန်တော်ဘွဲ့မင်္ဂလာရတု၊ ဧချင်း၊ လင်္ကာ စသည်တို့ကို ရေးသားသည့် စိန္တကျော်သူဘွဲ့ခံ ဦးဩ၊ အာဒါသမုခပျို့သစ်၊ သာဓိနပျို့ စသည်တို့ကို ရေးသားခဲ့သော လက်ဝဲသုန္ဒရဘွဲ့ခံ ဦမြတ်စံတို့ ဖြစ်သည်။
 
== ကြင်ယာဖက်များ ==