ဓာတု အင်ဂျင်နီယာ ဘာသာရပ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၄ -
(ဋ) ၁၈၀၇ ခုနှစ်တွင် ကျောက်မီးသွေးဓာတ်ငွေ့ဖြင့် မီးထွန်းခြင်း၊ ၁၈၈၀ပြည့်နှစ်တွင် လျပ်စစ်စွမ်းအားကို အသုံးပြုနိုင်ခြင်းတို့ဖြစ်ပါသည်။
 
ဓာတုအင်ဂျင်နီယာဘာသာရပ် ပေါ်ပေါက်လာစဉ် အခြေခံကျသည့် သိပ္ပံဆိုင်ရာတွေ့ရှိချက်များမှာလည်း ၁၆၆၀ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ (Royal Society) ကို စတင်တည်ထောင်ခဲ့ရာမှ ခေတ်သစ်သိပ္ပံပညာ နှင့်အတူပေါ်ပေါက်လာခဲ့ပါသည်။ ၁၆၆၁ ခုနှစ်တွင် [[ရောဘတ် ဘွိုင်းခ်ဘွိုင်းလ်]] (နာမည်ကျော် Boyle’s Lawကိုတွေ့ရှိသူ) က“[[The Sceptical Chymist]]” စာအုပ်ကိုထုတ်ဝေခဲ့ပြီး အက်ဆစ်နှင့်အယ်ကာလီတို့၏ သဘောတရားကို စတင်မိတ်ဆက်ခဲ့ပါသည်။ Lavoisier ကလည်း ၁၇၇၄ ခုနှစ်တွင် “Combustion Theory” နှင့် ၁၇၈၂ ခုနှစ်တွင် “Law of Conservation Mass” စာအုပ်များကို ထုတ်ဝေခဲ့ပြီး ခေတ်သစ် Thermodynamic လောကအတွက် အဓိကကျသော တွေ့ရှိချက်များဖြစ်လာခဲ့သည်။
 
၁၇၉၁ခုနှစ်တွင်Richter ဆိုသူက ယနေ့ဓာတုအင်ဂျင်နီယာဘာသာရပ်တွင် အလွန်အသုံးဝင်သော Stoichiometery သဘောတရားကိုလည်း ကောင်း ၊ ၁၇၉၉ ခုနှစ်တွင် Proust ဆိုသူက Law of Constant Compositionကိုလည်းကောင်း၊ ၁၈၀၃ခုနှစ် Dalton ဆိုသူက Atomic Theory ကိုလည်းကောင်း၊၁၈၁၁ ခုနှစ်တွင် Avogadro ဆိုသူက Avogadro’s Hypothesis ကိုလည်းကောင်း၊ ၁၈၃၃ ခုနှစ်တွင် Faradayက Electrochemistry ကိုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် Frankland ဆိုသူက Valency နည်းကိုလည်းကောင်း တွေ့ရှိခဲ့ကြပါသည်။