ဗဆွေ (ဝန်ကြီးချုပ်ဟောင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား: ဥပဒေ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၅ -
ဗိုလ်ချုပ်အောင်ဆန်း နှင့် အဖွဲ့သည် ဂျပန်နှင့် ပူးပေါင်း၍ [[ဗမာ့လွတ်လပ်ရေးတပ်မတော်]] ကြီး ကို ယိုးဒယားဘက်မှ ချီတက်လာခဲ့ကြပြီး [[တနင်္သာရီတိုင်းဒေသကြီး|တနင်္သာရီ]]ဘက်ကို ကျော်ကာ [[ရန်ကုန်မြို့|ရန်ကုန်]]သို့ အရောက် ချီတက်လာသော်လည်း ဦးဗဆွေ သည် တနင်္သာရီတိုင်း လုံခြုံရေးအတွက် ထားဝယ်တွင် ကျန်ခဲ့ရသည်။ ဂျပန်တပ်များကို မြန်မာပြည် အတွင်းပိုင်း ဝင်ရောက်ခွင့်မပြုပဲ အခြေအနေ ကြည့်ပြီး ပြည်ပမှာပင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကိုသာ အားပေး၍ စေလွတ်ရန် ဖြစ်သည်။ သို့သော် [[မော်လမြိုင်]]ကို သိမ်းပြီးသောအခါ အုပ်ချုပ်ရေး ပေးရန် တောင်းဆိုသော်လည်း ဂျပန်အမှတ်(၅၅) တပ်မတော် မှ ယတိပြတ် ငြင်းဆိုခဲ့သည်။ <ref> အိဇုမိယ တတ်စုရော၊ ကျတော် ပါဝင်ခဲ့သော မီနာမီကီကန်း၊ ဘာသာပြန်သူ ဒေါ်ခင်ရီ(ရန်ကုန်။ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန။ ၁၉၈၁) စာ- ၁၄၁</ref> [[စစ်အုပ်ချုပ်ရေး]] ဖြင့် အုပ်ချုပ်ရန် ပြင်ဆင်ခဲ့ပြီး သခင် ခေါင်းဆောင်များ နှင့်လည်း ခပ်ရှောင်ရှောင် နေခဲ့သည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တပ်မတော် ဦးစီးကြီးများ၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ နယ်ချဲ့ကို အပြီးအပိုင် အနိုင် မရသေးမီ ကပင် ဂျပန်ကို တော်လှန်ရန် စိတ်ကူး ထားခဲ့ကြပြီး ဖြစ်သည်။
 
ဂျပန်တပ်မတော် နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော် တို့ နယ်ချဲ့တို့အား တိုက်ခိုက် နေစဉ်အတွင်း တနင်္သာရီတိုင်း တစ်ခုလုံး နီးပါး ငြိမ်ဝပ်ပိပြားရေး အတွက် ဦးဗဆွေ တာဝန် ယူခဲ့ရသည်။ ဂျပန် လူမျိုး အကြောင်း သိသော ဦးဗဆွေ သည် ဂျပန်ကို တော်လှန်နိုင်ရန် ပြင်ဆင်ရပြန်သည်။ ဦးဗဆွေ၏ အကြံအစီကိုအကြံအစည်ကို ဂျပန်များ သိသွားသဖြင့် ရန်သူတစ်ဦး အနေဖြင့် မှတ်ထားခဲ့သည်။ ဦးဗဆွေ သည် အင်္ဂလိပ်များ ပြေးကြစဉ် အချိန်၌လည်း တွေ့ရာနေရာ သတ်စေဟု အမိန့် ထုတ်ပြန်ခြင်း ခံခဲ့ရသူဖြစ်သည်။ ဂျပန် ဝင်လာသော အချိန်၌လည်း ချက်ချင်းပင် ရန်သူ့ စာရင်းဝင် ခဲ့ရပြန်သည်။ နယ်ချဲ့အင်္ဂလိပ် နှင့် ဂျပန် များက သူ့အပေါ် ကြံစည်မှုများကို ဦးဗဆွေ က မဖြုံ။ မြန်မာပြည် သည် ဂျပန်များ အုပ်ချုပ်မှု အောက်တွင်ရှိနေစဉ် ဦးဗဆွေသည် [[မြိတ်ခရိုင်]] [[ပြည်သူ့တော်လှန်ရေး ပါတီ]] ၏ အမှုဆောင် အဖြစ် ဆောင်ရွက်လုပ်ကိုင် ခဲ့ပြန်သည်။
 
ဂျပန် လက်အောက်တွင် မြန်မာများရောက်နေသော ၁၉၄၂ ခုနှစ် အချိန်တွင် ဦးဗဆွေ အား ရန်ကုန် သို့ လာရန် အကြောင်းကြား ပြီးနောက် [[ပြည်ထဲရေးဝန်ကြီး]] ဖြစ်သော သခင်မြက နေရာ ချထားပေးသဖြင့် '''[[ကေဘိုတိုင်]]' '' ခေါ် မြို့ပြ ကာကွယ်ရေးတပ် ကို ဦးဆောင်ခဲ့ရသည်။၎င်းတပ်ဖွဲ့ သည် မြန်မာအစိုးရ ၏ လက်အောက်ခံလည်း မဟုတ်၊ ဂျပန်နှင့်လည်း တိုက်ရိုက် မပတ်သက် သူ့နည်းသူ့ဟန်ဖြင့် မြန်မာ တစ်ပြည်လုံး ၏ လွတ်လပ်ရေး အတွက် ဆောင်ရွက်ခဲ့ရသည့် အဖွဲ့ ဖြစ်သည်။ ရန်ကုန် [[ကန်တော်ကြီး(ရန်ကုန်)|ကန်တော်ကြီး]]ရှိ [[အေးကျွန်း]]တွင် တဲများထိုးကာ ဦးဗဆွေနေခဲ့ရသည်။ ''ကေဘိုတိုင် ဗိုလ်ချုပ် ဗဆွေ'' ဟုလည်းခေါ်ကြသည်။ ကေဘိုတိုင် တပ်သားများ ကား [[လေကြောင်း ကာကွယ်ရေး]]၊ [[မြို့ရွာ လုံခြုံရေး]]၊ [[မီးသတ်ဖွဲ့စည်း လုပ်ဆောင်ရေး]]စသော လုပ်ငန်းများ အပြင် အုပ်ချုပ်ရေး ပိုင်းများကိုလည်း ပူးတွဲဆောင်ရွက်ခဲ့ရသည်။သင်တန်း ဆင်းပြီးလျှင် ရပ်ကွက်များ သို့ဖြန့်ကာ စည်းရုံးကြခြင်း၊ [[ဦးလှမောင်]] ကြီးမှူးသော [[မြို့ပြကာကွယ်ရေးအဖွဲ့]] စသည့်တို့နှင့် ဆက်သွယ် လုပ်ကိုင်ခဲ့သည်။ ရဲအဖွဲ့မှ [[ရဲမှူးကြီး]]တစ်ယောက်၊ [[အင်စပတ်တော်]]နှစ်ယောက်၊ လက်ထောက် အင်စပတ်တော် (၁၀)ယောက် တို့ကို ကေဘိုတိုင်နှင့်ပူးတွဲ၍ '' ကေဘိုတိုင် ဗိုလ်ချုပ် ဗဆွေ '' ထံသို့ပေးပို့ထားသည်။ လျှို့ဝှက်စွာ ဖွဲ့စည်းထားသော ဖက်ဆစ် တော်လှန်ရေး အဖွဲ့တွင် ပါဝင်အားပေး ကူညီခဲ့သည်။