ကျော်ထင်၊ ဦး (သူရ): တည်းဖြတ်မှု မူကွဲများ

Infobox
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၂ -
၁၉၇၆ ခုနှစ်မှစ၍ တပ်မတော်ပါတီ အတွင်းရေးမှူးနှင့် တပ်မတော်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်သည်။ ၁၉၇၇ ခု တတိယအကြိမ် ပါတီညီလာခံ ၊၁၉၈၁ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံနှင့် ၁၉၈၅ခုနှစ် ပဉ္စမအကြိမ် ပါတီညီလာခံများတွင် ပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် အရေးပေါ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရသည်။
 
သူရဦးကျော်ထင်သည် ၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ၊ ၁၉၈၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲနှင့် ၁၉၈၅ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများတွင် မဂင်လာဒုံမြို့နယ်မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၅ ခုနှစ် မတ်လတွင် နိုင်ငံတော်ကောင်စီက ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၆ ခုနှစ် ၊ မတ်လတွင် ကျင်းပသောပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် ဝန်ကြီးအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ် ၊ နိုဝင်ဘာလတွင် ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးများတွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် ၊ ဇူလိုင်လ တွင် ကျင်းပသော စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလတွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ်မှ အငြိမ်းစားယူသည်။
 
သူရဦးကျော်ထင်သည် နိုင်ငံတော်တာဝန် ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၄ ခုနှစ်တွင် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ နှင့် ဂျာမာန်ဒီမိုကရက်တစ် သမ္မတနိုင်ငံများသို့ လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံများသို့ လည်းကောင်း၊ ၁၉၇၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒီမိုကရက်တစ် ကမ်ပူးချားနိုင်ငံ (ယခု ကမ္ဘောဒီးယားနိုင်ငံ)များသို့ လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အိန္ဒိယနိုင်ငံများသို့ လည်းကောင်း၊ ၁၉၈၅ ခုနှစ် အနောက်ဂျာမနီ၊ တရုတ်၊ ဆွစ်ဇာလန်နိုင်ငံများသို့ လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ဗြိတိန်၊ ဂျပန်၊ စင်ကာပူနိုင်ငံများသို့ လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ဆွစ်ဇာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့လည်းကောင်း၊စင်္ကာပူနိုင်ငံများသို့လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံများသို့ လည်းကောင်း တာဝန်ဖြင့် သွားရောက်ခဲ့ရသည်။
 
==ဂုဏ်ပြုချီးကျူးခံရခြင်း==