နယူးဆောက်ဝေးပြည်နယ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
. |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
'''ဝေလတောင်ပိုင်းနယ်သစ်''' ဟု [[အင်္ဂလိပ်လူမျိုး|မျက်နှာဖြူ]]တို့က အမည်ပေးခဲ့သော '''နယူးဆောက်သွေး''' ({{lang-en|New South Wales}}) သည် [[ဩစတြေးလျနိုင်ငံ|ဩစတေးလျ]]၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပြည်နယ်တခု ဖြစ်သည်။ ဤအမည် ရခဲ့ခြင်းမှာ ကိုလိုနီခေတ်က ဝေလတောင်ပိုင်းသားတို့ အဓိကအခြေချသည့်မြေ ဖြစ်ခြင်းကြောင့်တည်း။ <ref>Jopson, Debra (23 May 2012). "[https://web.archive.org/web/20181226112207/https://www.smh.com.au/politics/federal/origin-of-the-species-what-a-state-were-in-20120522-1z368.html Origin of the species: what a state we're in]". ''The Sydney Morning Herald''. Archived from the original on 26 December 2018. </ref> မြောက်ဘက်တွင် ကွင်းစလန်း၊ တောင်ဘက်တွင် ဗစ်တိုးရီးယားနှင့် အနောက်ဘက်တွင် ဆောက်ဩစတေးလျ (တောင်ဩစတေးလျ) တို့နှင့် ထိစပ်နေ၏။ ကမ်းရိုးတန်းမှာ သန္တာပင်လယ်၊ တက်စမန်းပင်လယ်တို့၏ အနားသတ်တစိတ်တပိုင်း ဖြစ်သည်။ ဩစတေးလျမြို့တော်နယ်မြေသည် ဤပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်၏။ ပြည်နယ်၏မြို့တော်မှာ [[ဆစ်ဒနီမြို့|ဆစ်ဒနီ]] ဟူ၏။ နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့လည်း ဖြစ်ချေသည်။ ၂၀၂၀ ခု၊ ဇွန်လစာရင်းအရ နယူးဆောက်သွေးတွင် လူဦးရေ ၈.၁ သန်းကျော် ရှိသည်။ <ref>"[https://web.archive.org/web/20210318003559/https://www.abs.gov.au/statistics/people/population/national-state-and-territory-population/sep-2020 National, state and territory population – September 2020]". Australian Bureau of Statistics. 18 March 2021. Archived from the original on 18 March 2021. </ref> ယင်းပမာဏသည်လည်း နိုင်ငံတွင် လူဦးရေအများဆုံးပြည်နယ်အဖြစ် ရပ်တည်၏။ လူဦးရေ၏ သုံးပုံတပုံ (၅.၃ သန်း) မှာ
ဗြိတိသျှတို့က နယူးဆောက်သွေးကို ကိုလိုနီနယ်မြေအဖြစ် ၁၇၈၈ ခုတွင် စာရင်းသွင်းသည်။ မူလသတ်မှတ်သော နယ်မြေအကျယ်အဝန်းမှာ ဩစတေးလျမြေ တဝက်မျှ ရှိ၏။ ဗန်ဒိုင်းမန်းကျွန်း၊ လော့ဟောင်ဝီကျွန်းနှင့် နော်ဖောကျွန်းတို့သည်လည်း ဤနယ်မြေဝင်များ ဖြစ်သည်။ ၁၉ ရာစုအတွင်း ဗြိတိသျှကိုလိုနီနယ်မြေတို့ကို ပြန်လည်စီဆင်သည်နောက် နယူးဆောက်သွေးမှ မြေအချို့ကို အခြားနယ်မြေအဖြစ် ခွဲထုတ်၏။ သို့သော် ငန်းမြစ်ကိုလိုနီမြေမှာ မည်သည့်အခါတွင်မျှ နယူးဆောက်သွေးအအုပ်အချုပ်ခံ မဖြစ်ခဲ့။
|