ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၇ -
 
== သမိုင်း ==
ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသကို ရှေးပဝေသဏီက ဒေးချိုင်း ဟူသော ဒေသဟု ခေါ်တွင်ကြောင်း ရေးမြို့ဟောင်းသုသေတနစာတမ်း၌ ဖော်ပြထားပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝခန့်က ထားဝယ်ဒေသမှ မာရာဒေဝီမင်းသမီးမှ တည်ထားကာ ပဒေသရာဇ် ထီးနန်းစိုက်၍ အဝိဇ္ဇာဇေယျပူရမြို့ဟူ၍ သမုတ်ခဲ့ကြောင်း၊ ထို့အပြင် [[ဓမ္မစေတီမင်း]]မှ လည်း သီဟဇေယျပူရမြို့ အမည်ဖြင့် ထပ်မံသမုတ်၍ ပြန်လည်ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော် အဖြစ် ယုံကြည်ကြသည်။ မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ရှေးဟောင်းကျုံးတော်ကြီးမှာ တစ်မိုင်ခွဲ ပတ်လည်ခန့်ရှိသော ကန်အဖြစ်သာကျန်နေပြီး ကျုံး ဖြစ်ခဲ့ဟန်တူသောနေရာများမှ လူနေရပ်ကွက်များ ဖြစ်နေချေပြီ။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ခုနှစ်တွင်လည်းကောင်း၊၁၉၈၆ ခုနှစ်၊ ၂၀၁ဝ ခုနှစ်ခုနှစ်နှင့် ၂၀၂၀ မေလအတွင်းတွင်ပြည့်နှစ်
အတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြပါသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်ပါသည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်ပါသည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အခြာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိပါသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။
 
== လူမှုပထဝီဝင် ==