မြစိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
Add Infobox.
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁ -
{{Infobox person|honorific_prefix=|nationality=မြန်မာ/ မွန်|url=|religion=|ethnicity=|awards=|relatives=သာဒိုးအောင် (အစ်ကို)
ထွန်းလှအောင် (အစ်ကို)
[[မောင်ထော်လေး (စစ်ကဲ)|စစ်ကဲ မောင်ထော်လေး]] (အဘီ)|parents=[[မေအောင် (စွယ်စုံပညာရှင်)|ဦး မေအောင်]]
ဒေါ် သိန်းမြ|children=ဦး မြဘော်
ဒေါ် မြသန္တာ|spouse=အိုင်စီအက်စ် ဦးရွှေဘော်
(အိမ်ထောင်သက်- ၁၉၃၃~၁၉၃၇ခု)|known_for=မြန်မာလူမျိုး စာရေးဆရာမ|occupation=သမိုင်းပညာရှင်၊ စာပေသင်ကြားသူ၊ စာရေးဆရာမ|residence=|name=[[:en:Burmese name#Honorifics|ဒေါ်]] မြစိန်|resting_place=|death_cause=|death_place=|death_date=၁၀ နိုဝင်ဘာ ၁၉၈၈ ခု|birth_place=[[မော်လမြိုင်မြို့]]၊ [[ဗြိတိသျှဘားမား]]|birth_date=၁၃ အောက်တိုဘာ ၁၉၀၄ ခု|birth_name=မေ (ငယ်အမည်)|caption=|alt=|image=Daw Mya Sein.jpg|alma_mater=[[ရန်ကုန်တက္ကသိုလ်]]
[[အောက်စ်ဖိုဒ် တက္ကသိုလ်]] (B. Litt.)}}
[[File:DawMyaSein.gif|thumb|မြန်မာ့ဂုဏ်ဆောင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)]]
==ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)==
နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူတဦးမှာ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာအမျိုးသမီးလောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုယ်ထူးချွန် ထက်မြက်မှု အရည်အသွေးအားဖြင့် လည်းကောင်း ဒေါ်မြစိန် (M.A., B.Litt. Oxford) ကို ယှဉ်နိုင်သူ မရှိဟုပင် ဆိုရပါမည်။ မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။

နှစ်ဆယ်ရာစုနှစ်ဆယ်ရာစုအတွင်း အတွင်းမြန်မာအမျိုးသမီးများ၏ မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြက်မှုကိုထူးချွန်ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူတဦးမှာပညာရည်ဖြင့်ထင်ရှားစေခဲ့သူတဦးမှာ သမိုင်းပညာရှင် '''ဒေါ်မြစိန်''' (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ပင်ဖြစ်လေသည်။ ကိုလိုနီခေတ် မြန်မာအမျိုးသမီးလောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့်မျိုးရိုးဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုယ်ထူးချွန် ထက်မြက်မှု အရည်အသွေးအားဖြင့်ထက်မြက်မှုအရည်အသွေးအားဖြင့် လည်းကောင်း “ ''ဒေါ်မြစိန် (M.A., B.Litt. Oxford)'' ကို ယှဉ်နိုင်သူ မရှိဟုပင်ကို ယှဉ်နိုင်သူမရှိဟုပင် ဆိုရပါမည်။ မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။

==ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)==
ဒေါ်မြစိန် သည် [[မော်လမြိုင်မြို့]]၌ ၁၉ဝ၄တွင်ဖွားမြင်ခဲ့သည်။ မိခင်ဒေါ်သိန်းမြမှာ ကုန်းဘောင်ခေတ် မြန်မာဘုရင်  [[ဗဒုံမင်း]](ခေါ်) ဘိုးတော်ဘုရား နှင့် [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်(စစ်ကိုင်းမင်း]]) လက်ထက်တွင် "မင်းကျော်သီဟသူ" "ကျော်ထင် သီဟသူ" ဟူသော ရွှေဘွဲ့တော်များ ချီးမြှင့်ခြင်းခံရသော ဒလမြို့စား [[မွန်လူမျိုး]]စစ်ကဲကြီး [[မောင်ထော်လေး၊ စစ်ကဲ|မောင်ထော်လေး]] (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး) ၏ မြစ်ဖြစ်သည်။ ဖခင် [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]](M.A., L.L. M. Cambridge, Barrister at Law) မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေး၊ နိုင်ငံရေး လောကတို့တွင် ဘက်စုံ ထူးချွန် ထက်မြက်ခဲ့သူတဦး ဖြစ်သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ တရားသူကြီး၊ ဥပဒေ ပါမောက္ခ၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေပညာရှင်၊ မြန်မာနိုင်ငံ သုတေသန အသင်း တည်ထောင်သူ၊ သုတေသန အသင်း ဂျာနယ်အယ်ဒီတာ၊ ဝိုင်အမ်ဘီအေ အသင်း ဥက္ကဋ္ဌ၊ ဒိုင်အာခီခေတ် ပြည်ထဲရေး ဝန်ကြီးချုပ် စသည်ဖြင့် စွယ်စုံထင်ရှားသည်။ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှတို့ကပင် သူ၏ ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြု၍ လေးလေးစားစား ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ထို့အတူ ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အမျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊ ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စိစစ်မှု ကော်မတီသို့ တက်ရောက်ခဲ့သူ၊ ၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှားသည်။

[[File:DawMyaSein.gif|thumb|မြန်မာ့ဂုဏ်ဆောင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)|left]]
ဒေါ်မြစိန်၏ လူသိနည်းသော စွမ်းဆောင်ချက်တရပ်မှာ ဒုတိယ ကမ္ဘာစစ်ပြီးချိန် ဖဆပလ အဖွဲ့ချုပ်သည် [[မြန်မာ့လွတ်လပ်ရေး|မြန်မာ့ လွတ်လပ်ရေး]] အတွက် ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုရသော အခါ မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ သဘောပေါက် နားဝင်စေရန် ဟောပြော ဆောင်ရွက်ခဲ့ရခြင်းပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် တက်ရောက်ခဲ့စဉ် ဗြိတိသျှ လေဘာပါတီ၏ အမတ်အချို့နှင့် တွေ့ဆုံ၍ မြန်မာတို့၏ လွပ်လပ်ရေးနှင့် ပတ်သက်သော သဘောထားကို ရှင်းလင်း တင်ပြခဲ့သည်။ ဒေါ်မြစိန်သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးများတွင် နိုင်ငံ ကိုယ်စားပြု၍ တက်ရောက်ခဲ့ရရာ သူ၏ ထူးချွန် ထက်မြက်မှု၊ အင်္ဂလိပ်ဘာသာ အဟောအပြော ကျွမ်းကျင်မှုတို့ကြောင့် အလွန်ထင်ရှားခဲ့သည်။ ကုလသမဂ္ဂ စင်မြင့်တွင် ဒေါ်မြစိန် တွင်ကျယ်ခဲ့ပုံကို အငြိမ်းစား သံအမတ်ကြီး ဦးအောင်သန့်က အောက်ပါအတိုင်းပြန်လည်ပြောပြခဲ့သည်။