ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၄ -
}}
 
မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင် ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရ ဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ ကင်းဝန်မင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှားလှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ ဖြစ်ကြသော မင်းတုန်းမင်းနှင့်[[မင်းတုန်းမင်း]]နှင့် သီပေါမင်းတို့၏[[သီပေါမင်]]းတို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက် မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ အဖြစ်မှန်ကို မသိသူအချို့က “ '''ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ် '''” ဟူသော စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့လက်သို့ လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။ <ref>http://en.wikipedia.org/wiki/Kinwon_Min_Gyi</ref>အထက်ပါ လင်္ကာ၏ အနက်မှာ ဦး = တနင်္ဂနွေနံ = ၁ ၊ ကောင်း= တနင်္လာနံ = ၂ ၊ လိမ် = ဗုဒ္ဓဟူးနံ = ၄ ၊ ထုတ် = သောကြာနံ= ၇ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အေဒီ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဦးကောင်း ကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည့် အဓိပ္ပယ်အား ရည်ညွန်း ချိုးနိုမ်ထားခြင်းဖြစ်သည်။ <ref>သီပေါမင်း ပါတော်မူခြင်း-အမျိုးသား ပညာဝန်ဦးဖိုးကျား</ref>
 
အမှန်မှာ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင်[[ကုန်းဘောင်ခေတ်]]နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မှီတိုးတက်လျက်ရှိသော အခြား နိုင်ငံတို့နှင့် ရင်ဘောင်တန်းနိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင် ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီးများတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။
 
 
 
== ငယ်စဉ်ဘဝ ==
 
ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာ (သက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်း “အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီး၏ ချက်ကြွေရာဒေသဖြစ်သော “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။) ဇာတိ ဖြစ်၍ အဖမှာ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကို မောင်နှမ (၇) ယောက်အနက် ဒုတိယသား ဖြစ်သည်။ အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။ မိမိဖခင်၏ တပ်တွင် အမှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှု မထမ်းခဲ့ရပေ။ ရဟန်းဘွဲ့မှာ ဦးအာလောက ဖြစ်သည်။ ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ [[သာသနာပိုင်]] [[ဗားကရာ ဆရာတော်]]၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။
 
==ငယ်ဘဝ==
“သတိုးသုဓမ္မမဟာသက်တော်ရှည်” ဟူသော ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူခြင်းခံရသော ဝန်ရှင်တော် ကင်းဝန် သေနတ်ဝန် လယ်ကိုင်းမြို့စား မင်းကြီးသည် မုံရွာ ဒိစတြိတ် ဗန့်ကျီတိုက်အဝင် ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာ (သက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်း “အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီး၏ ချက်ကြွေရာဒေသဖြစ်သော “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။) တွင် သက္ကရာဇ် ၁၁၈၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက် တနင်္ဂနွေနေ့၌ ဖွားမြင်သည်။ ငယ်မည်ကား မောင်ချင်းတည်း။
 
အမိ အဖတို့မှာ ထိုမုန်တိုင်ပင်ရွာ နတ်သျှင်ရွေး သေနတ်စု အမှုထမ်းဝေပုံပါ ယက်ကန်းရက်ရန် ယင်သွားများကို လုပ်ကိုင်ရောင်းချသူ အဖ-ဦးမှို အမိ-ဒေါ်စီ တို့ဖြစ်လေသည်။
 
==ကိုရင်ဘဝ==
Line ၄၄ ⟶ ၃၉:
 
==ရဟန်းဘဝ==
 
သက္ကရာဇ် ၁၂၀၃-ခုနှစ် အသက် ၂၀-ပြည့်လေသော် ငါးရံ့အို-မြစ်စုတ်ရွာကျောင်းမှ ငှက်ပျောတော ရွာကျောင်း ငယ်ဆရာ ဘုန်းတော်ကြီးဦးဆန်းထံသို့ ပြန်ခဲ့၍ ရဟန်းအဖြစ်သို့ ရောက်တော်မူလေသည်။ ရဟန်းအဖြစ်သို့ ရောက်တော်မူ ပြန်သောအခါ၌လည်း ငှက်ပျောတောရွာကျောင်း၌ ကြာရှည်စွာ သီတင်းသုံးတော်မမူ။ ငါးရံ့အို-မြစ်စုတ်ရွာကျောင်းသို့ပင် ပြန်ကြွတော်မူကာ မာတိကာ ဓာတုကထာ ယမိုက် ပဌာန်းဟု ဆိုအပ်သော ညဝါကျမ်းများကို ကြိုးပမ်း သင်ကြားတော်မူလေသည်။
 
သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဉ္စစင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။ ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။
[[Image:ukaunghouse.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
 
==မင်းမှုထမ်းဘဝ==
တခါသော် အမရပူရ စုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။ ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည် နိုင်ငံတိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။
 
 
သက္ကရာဇ် ၁၂၁၂-ခုနှစ်အတွင်း မင်းတုန်းမင်း အထွတ်အမြတ်သို့ရောက်တော်မူလေသည်။ ထိုအခါ “မင်းလှသိင်္ခသူ” ဟူသော “မင်း”တပ်ဘွဲ့နှင့် စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာကို ရွာစား သနားတော်မူ ပြီးလျှင် ရွှေတိုက်စိုးခန့်တော်မူပြန်သည်။
 
သက္ကရာဇ် ၁၂၁၈-ခုနှစ်အတွင်း တိ°သနိပါတ်တိသနိပါတ် “တိန္ဒုကဇာတ်” ကို ပျို့လင်္ကာရေးသားဆက်သွင်းရမည် ဟူသော အမိန့်တော်မြတ်အရ ပျို့လင်္ကာ ပုဒ်ရေ-၁၀၀ ရှိသော “ဝဇီရိန်မိုးကြိုး”ချီ “တိန္ဒုကပျို့” ကို ၁၅-ရက်နှင့် အပြီး ရေးသား စီကုံး တင်ဆက်ခဲ့လေသည်။ သို့ ရေးသားစီကုံးတင်ဆက်ရာတွင် မင်းတုန်းမင်းတရားကြီး အထူးနှစ်သက်တော်မူသဖြင့် “ရွှေတိုက်စိုး အရာ ဌာနမျှ မတန်ချေ။ တိုင်းပြည် နိုင်ငံမှုကို စီမံဆောင်ရွက်နိုင်သော မှူးကြီး မတ်ကြီးအရာ ဌာနသို့ ရောက်အောင်ထမ်းရွက်စေမည်” ဟု ရွယ်ရည်မျှော်ထောက်တော်မူပြီးလျှင် နိုင်ငံတော် အချက်အချာဖြစ်သော လွှတ်တော်ကြီးဌာနတွင် အမှာတော်ရေးအရာ၊ ပခန်းမြို့စီရင်စု သပြေငါးရွာစား ခန့်တော်မူဘိသည်။
 
ဤကဲ့သို့ အမှာတော်အရေးအရာနှင့် လွှတ်တော်တွင် ထမ်းရွက်နေသည့်အတွင်း မန္တလေးအရပ်၌ မြို့နန်းတည်ထောင်ရန် အခမ်းအနားရှိသည်များကို ဝန်ရှင်တော်မြတောင်မြို့စား သေနတ်ဝန်ကြီး ဆင့်ဆိုရာ နာခံ ထမ်းရွက်ရလေရာ ၇-ဌာနနှင့်တကွ အရပ်ရပ် လုပ်ဆောင် တည်ထားရန် အဆောက်အဦဌာန ရှိသည်များ ကိုလည်း တိုင်းတာ မှတ်သားစနစ် ပုံစံရေး၍ ဘဝရှင်မင်းတရားကြီးထံ မပြတ်တင်းလျှောက်ခြင်းများကို အားရ နှစ်သက်တော်မူသောကြောင့် သက္ကရာဇ် ၁၂၁၉-ခုနှစ်အတွင်း “လွှတ်တော် စာရေးကြီးအရာ” သို့ တိုးတက်ခန့်ထားတော်မူပြန်၏။ ထို့နောက် လွှတ်တော်တွင် အမှာတော်ရေး ရာထူးကို ဆက်လက်ထမ်းရွက်စဉ် ပုဂံမင်း၏ မိဖုရား (ကိုယ်လုပ်တော်) တစ်ဦးဖြစ်သော ဆင်ကြန်သခင်နှင့် လက်ဆက်ခဲ့သည်။
 
သက္ကရာဇ် ၁၂၂၀-ပြည့်နှစ်အတွင်း စာရေးတော်ကြီး သပြေငါးရွာစားအရာနှင့် ထမ်းရွက်၍နေစဉ် “မောင်တိုး၊ ရွှေတောင်နန္ဒသူတို့ရေးသားသည့် ရာမရကန် ငွေတောင်ရကန်များသည် နာပျော်ဘွယ်မျှသာ သပ္ဖပ္ပလာပ ဖြစ်သောကြောင့် အကျိုးကျေးဇူးမများ။ သို့ဖြစ်၍ နာပျော်ဘွယ်လည်းဖြစ်အောင် အကျိုးကျေးဇူး လည်းများအောင် မဟာနိပါတ်နေမိဇာတ်-ကို ရကန်ရေးသား ဆက်သွင်းရမည်” ဟုအမိန့်တော်မြတ်အရ “မင်္ဂလာအောင်ကိန်း” ချီ “နေမိ-ရကန်” ကို ရေးသား ဆက်သွင်းရလေသည်။
Line ၆၄ ⟶ ၆၀:
သက္ကရာဇ် ၁၂၂၂-ခုနှစ်အတွင်းတွင်လည်း အမိန့်တော်မြတ်အရပင် “အထူးထူးသောတိုင်းကြီးပြည် ကြီး”ချီ “စိတ္တုပက္ကိလေသ-စာတမ်း” ကို ရေးသားဆက်သွင်းပေသေး၏။ ပြီးမှတဖန် ထိုနှစ်အတွင်းမှာပင် ထို “စိတ္တုပက္ကိလေသ-စာတမ်း” ကို သူခပ်သိမ်းတို့ လွယ်လင့်တကူ မှတ်ယူနိုင်ကြစေခြင်းအလို့ငှာ အမိန့်တော်မြတ်အရပင်လျှင် “ကြားစိမ့်သိလော့”ချီ “ဓမ္မောဇမော်ကွန်း” ကိုရေးသားတင်သွင်းရပေသည်။
 
သို့အလုံမြို့ဝန်အရာနှင့် ထမ်းရွက်ရစဉ်အတွင်း မင်းတုန်းမင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၆-ခုနှစ်တွင် ရတနာပုံရွှေမြို့တော်သူ ရွှေမြို့တော်သားတို့ နွေမိုးမပြတ် သုံးရေသောက်ရေ အလိုရှိသမျှ ရနိုင်ကြစေခြင်း အလို့ငှာ မတ္တရာမြို့အထက် နဂါးရစ်မြစ်ကသည် ရွှေမြို့တော်အရောက် “ရတနာနဒီ” မြစ်တော်ကို ဖောက်လုပ်စေရာတွင် အမိန့်တော်မြတ်အရပင် “ကြားပိမ့်မင်္ဂလာ” ချှီ“ရတနာနဒီမြစ်တော်ဖွဲ့မော်ကွန်း”ချီ “ရတနာနဒီမြစ်တော်ဖွဲ့မော်ကွန်း” ကိုရေးသား ဆက်သွင်းသည်။
 
ထို “ရတနာနဒီ မြစ်တော်ဖွဲ့မော်ကွန်း” ကို ရေးသားဆက်သွင်းသည့်နှစ် သက္ကရာဇ် ၁၂၂၆-ခုနှစ်အတွင်း တောင်ငူ-ရမည်းသင်း သစ်တောများတွင် သစ် အလုပ် အဆောင်နေရာမကျ၍ အခွန်ဘဏ္ဍာတော်ယုတ်လျော့ခြင်း ရှိသည်နှင့် “မဟာမင်းကျော်စည်သူ” ဘွဲ့ခံ ဦးကောင်းအား အလုံမြို့ဝန်အရာမှပြောင်း၍ လွှတ်တော်စာရေးကြီးဘဝသို့ ပြန်လည် ခန့်တော်မူသည့်အပြင် သက္ကရာဇ် ၁၂၂၇-ခုနှစ်အတွင်းမှာလည်း လွှတ်တော်စာရေးကြီး အရာရင်းတွင် တောင်ငူ-ရမည်းသင်း ၂-မြို့ အခွန်ဝန်အရာ ထပ်မံ ခန့်ထားတော်မူသည်။
 
သက္ကရာဇ် ၁၂၂၈-ခုနှစ်တွင် မြင်ကွန်း အရေးတော်ပေါ်ပေါက်လာခဲ့၏။ ထိုအခါ ဗိုလ်၊ရဲမက်၊လက်နက်ကိရိယာများနှင့်တကွ နေ့ည မရပ်မနား ဆင့်ဆို စည်းကြပ် စီမံကွပ်ကဲသည်ကို မင်းတုန်းမင်းတရားကြီး အထူးလေးမြတ် သဒ္ဓါတော်မူသောကြောင့် မှူးတော် မတ်တော်ကြီးတို့မှသာ အသနားတော်မြတ်ခံရသော “မင်းကြီးမဟာစည်သူ” ဟူသော “မင်းကြီး” တပ်ဘွဲ့နှင့်တကွ ဝန်ထောက်တော် အရာ ခန့်ထားသူကောင်းပြုတော်မူပြန်သည်။
 
 
တာဝန်များကို အရည်အချင်းရှိစွာနှင့် ကျေပွန်စွာ ထမ်းရွက်နိုင်သောကြောင့် ၁၂၂၃ ခုနှစ်တွင် အလုံဝန်အဖြစ် ခန့်အပ်ခြင်း ခံရ၍ အလုံမြို့သို့ ရွှေ့ပြောင်းအမှုထမ်းရသည်။ အလုံနယ်မှာ စစ်သူကြီး [[မဟာဗန္ဓုလ]] မွေးဖွားကြီးပြင်းရာ ဒေသ ဖြစ်သည်သာမက ရှေးမြန်မာ တပ်မတော်အတွင်း ခြောက်စုတပ်များတွင် ထင်ရှားကျော်ကြားသော စစ်သူရဲကောင်းများ ပေါ်ထွက်ရာ ထင်ရှားသည့် ဒေသဖြစ်သည်။ အလုံမြို့ဝန်အဖြစ် အမှုထမ်းရွက်စဉ် စီမံအုပ်ချုပ်ခြင်း ၊ တရားစီရင်ခြင်းတို့တွင် အထူး အောင်မြင်သည့်အလျောက် အလုံဝန်အဖြစ် ဦးကောင်း၏ အုပ်ချုပ်မှုနှင့် တရားစီရင်မှုအာဏာ တို့ကို လွှတ်တော်ကသာ ပြင်ဆင်ပယ်ဖျက်နိုင်သည်ထိ အခွင့်အရေး ရရှိခဲ့သည်။ ဤသို့ ဆောင်ရွက်နေစဉ်အတွင်း စာပေ ဝါသနာ ပါသည့်အလျောက် ပြုစုရေးသားခဲ့သဖြင့် နေပြည်တော်၌ပင် ကျော်ကြားခဲ့သည်။ အလုံမြို့ဝန်အဖြစ်နေစဉ် အလုံမြို့သူကြီး ဦးအို ၏နှမ မရွှေမေနှင့် လက်ဆက်ခဲ့သည်။
 
== ကင်းဝန်ဖြစ်လာခြင်း ==
၁၂၂၈-ခုနှစ်တွင် [[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]] ပေါ်ပေါက်ခဲ့၍ အိမ်ရှေ့မင်း ကနောင်မင်းသား ကျဆုံးသဖြင့် မင်းတုန်းမင်းသည် အလုံဝန် ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီး မဟာစည်သူ ဘွဲ့နှင့် ဝန်ထောက်တော် ရာထူးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော် အေးငြိမ်းသွားသည့် အခါ၌ ကြည်းကင်း ၊ ရေကင်း စသည်တို့ကို အုပ်ချုပ်ရန် ဝန်ထောက် ကင်းဝန်ရာထူးသို့ တိုးမြှင့်ပေးခဲ့လေသည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးဦးကောင်းဟု ထင်ရှား ကျော်ကြားလာလေသည်။
 
ကင်းဝန်ဆိုသည်မှာ နေပြည်တော် ၊ မြို့ကြီး ၊ ရွာကြီးများတွင် အကာအကွယ် ၊ အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ် ခန့်ခွဲရုံသာ မဟုတ်သေး ၊ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်သွယ် ရောင်းဝယ်နေကြသော ကုန်သည် ၊ ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်ခွန်များ စည်းကြပ်ရသည့် တာဝန်လည်း ပါဝင်လေသည်။
 
၁၂၃၂-ခုနှစ်တွင် အောက်မြစ်စဉ် မြို့ရွာများမှာ အင်္ဂလိပ်ပိုင် နယ်မြေနှင့် နီးစပ်ယှက်တင်နေ၍ ဆက်သွယ်မှု ပြေပြစ်လျက် ရာဇဝတ်ရေး ကင်းလွတ် လုံခြုံအောင် ကင်းဝန်မင်းကြီးကို ထိုမြစ်စဉ်ရှိ ဝန် ၊ စစ်ကဲ ၊ အကြီးအအုပ် စသူတို့ကို ကြီးကြပ် အုပ်ချုပ်ရန် ခန့်ထားခဲ့လေသည်။ ကင်းဝန်မင်းကြီးသည် မင်းလှမြို့မှနေ၍ ဤအရေးကြီးသော တာဝန်ကြီးကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လေသည်။
 
== နိုင်ငံခြားသို့ သံအဖြစ် သွားရောက်ခြင်း ==
ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက် ဆက်ဆံနိုင်ရန် လည်းကောင်း ၊ ဥရောပတိုက်ရှိ အခြားနိုင်ငံများနှင့်လည်း နိုင်ငံခြား ဆက်သွယ်မှု ရရှိရန်အလို့ငှာ လည်းကောင်း ၁၂၃၃ ခုနှစ်တွင် မင်းတုန်းမင်း စေလွှတ်သော သံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်၍ သွားရောက်ခဲ့သည်။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပ နိုင်ငံများသို့ ပထမဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ ဖြစ်သည်။
 
ဗြိတိန် ၊ အိုင်ယာလန် ၊ ပြင်သစ် နှင့် အီတလီနိုင်ငံများသို့ သွားရောက်ကာ နိုင်ငံ အစိုးရချင်း ဆက်သွယ်ရေး ၊ ကုန်သည်ကြီးများ ၊ ကုမ္ပဏီကြီးများ နှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ၊ ကာကွယ်ရေး တပ်များ ဖွဲ့စည်းပုံနှင့် စီမံပုံတို့ကို လေ့လာခဲ့ကြသည်။ ပညာသင်ကြားရေး ၊ ဝန်ထမ်းလုပ်ငန်း ၊ ငွေနှင့် ဘဏ်စနစ် ၊ ကြေးနန်းနှင့် စာတိုက်လုပ်ငန်း ၊ ပြဇာတ် ၊ ဇာတ်သဘင် စသည်တို့ကိုလည်း လေ့လာခဲ့သည်။ ထူးခြားသည်မှာ ပြင်သစ်အစိုးရနှင့် မဟာမိတ် စာချုပ်တစ်ခုကို ၁၂၃၄ ခုနှစ်တွင် ချုပ်ဆိုခဲ့ခြင်းပင် ဖြစ်သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်ခဲ့မှုဖြင့် ပြင်သစ်သံအဖွဲ့ မန္တလေးသို့ ရောက်ရှိခဲ့သည်။ ၁၂၃၅ တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့ တစ်ဖွဲ့ ထပ်မံ သွားရောက်ခဲ့ရာ ဤအခေါက် သွားရောက်ခဲ့ခြင်းသည် ပြင်သစ် - မြန်မာ ဆက်ဆံရေးအတွက် များစွာ အကျိုးထူးဖွယ် ရှိသော်လည်း အင်္ဂလိပ် - မြန်မာ ဆက်ဆံရေးကို များစွာ ဂယက်ရိုက်စေခဲ့သည်။
 
== အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး ==
ကင်းဝန်မင်းကြီးသည် ဒီမိုကရေစီဝါဒ ထွန်းကားသော အနောက်နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည့်အတိုင်း မိမိနိုင်ငံ တိုးတက်ရေးအတွက် အနောက်နိုင်ငံများကဲ့သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည် ရေးရာများကို စီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်ရေး စနစ်တစ်ခု တီထွင်ရန် ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းကြီး နတ်ရွာစံ သောအခါ မိမိ၏ သြဇာညောင်းမည့် သီပေါမင်းသားကို နန်းတင်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်.။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်ခဲ့သည်။ နိုင်ငံတော် အုပ်ချုပ်ရေးကို (၁၄) ဌာန ခွဲပြီးလျှင် ကင်းဝန်မင်းကြီးကမူ ကာကွယ်ရေး ဌာနဟူ ခေါ်ဆိုရမည့် ကြည်းတပ်ကို တာဝန်ယူ အုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေး ကို စီစဉ်ခဲ့လေသည်။
 
တိုင်းပြည်အုပ်ချုပ်ရာတွင်လည်း လွှတ်တော်တွင် အခွင့်အာဏာများ ပိုမို ရရှိအောင် ဆောင်ရွက်ခဲ့လေသည်။ လွှတ်တော် အစည်းအဝေးတို့တွင် ဘုရင် ကိုယ်တိုင်သော်လည်းကောင်း ၊ အိမ်ရှေ့မင်းသော်လည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်မြဲ ဖြစ်သော်လည်း မြင်ကွန်း ၊ မြင်းခုံတိုင် အရေး ပေါ်ပေါက် ပြီးကတည်းက ထိုအစဉ်အလာများ ပျက်ပြားသကဲ့သို့ ရှိနေရာ လွှတ်တော် အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးကသာ ဦးဆောင်ခဲ့သည်။ အုပ်ချုပ်ရေးသစ်မှာ ဘုရင်၏ အာဏာကို ကန့်သတ်ရန် ရှိနေသဖြင့် ကန့်သတ်ခြင်း မခံလိုသူတို့ဘက်မှလည်း အတိုက်အခံများ ပေါ်ပေါက်လာလေသည်။ သို့ဖြစ်၍လည်း သီပေါမင်း နန်းတက်ပြီး နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဆင်ဖြူမရှင် ဦးစီးသော တိုင်တား မင်းကြီးတို့က သြဇာ ထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုများကို ကင်းဝန်မင်းကြီး စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။
 
== နိုင်ငံခြား ဆက်သွယ်ရေး ==
ကင်းဝန်မင်းကြီးသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ကောင်းစွာ ရိပ်မိသည့်အလျောက် နိုင်ငံခြား ဆက်သွယ်ရေး ကျားကွက် ရွှေ့မှု အောင်မြင်စေရန် ပြင်သစ်အစိုးရကို ကျားကောင် တစ်ကောင်အဖြစ် အသုံးပြုခဲ့လေသည်။ ထိုသို့ ကြိုးစားခဲ့သော်လည်း ဗြိတိသျှတို့နှင့် ပဋိပက္ခ မဖြစ်အောင် လိမ်မာပါးနပ်စွာ ဆက်ဆံရေး သိမ်မွေ့မှုများကို တစ်ဖက် တစ်လမ်းမှ ကြိုးစားခဲ့သည်.။ မင်းတုန်းမင်း လက်ထက် ဗြိတိသျှ ဝေလမင်းသား အိန္ဓိယသို့ ရောက်လာစဉ်က မြန်မာနိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်အဖြစ် သွားရောက် နှုတ်ဆက်ခဲ့သည်။ ဗြိတိသျှ ကုမ္ပဏီများနှင့် ဆက်သွယ်မှုတွင်လည်း မိမိအစိုးရ ငွေကြေးအပြင် ဗြိတိသျှ ကုမ္ပဏီတို့ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးခဲ့သည်။
 
သို့သော်လည်း ပြင်သစ်တို့မှာ အနည်းငယ် တန်ခိုး မှိန်နေချိန် ဗြိတိသျှတို့၏ နယ်ချဲ့စီမံကိန်း အရှိန်အလွန်ကောင်းနေချိန် ဖြစ်သည့်အပြင် မိမိ၏ လုပ်ဖော် ကိုင်ဖက်များ ဖြစ်သည့် လွှတ်တော် ဝန်ကြီးတို့ကို မိမိအမြင်သို့ ပါအောင် ဆွဲဆောင် နိုင်စွမ်း မရှိခဲ့သဖြင့် ကင်းဝန်မင်းကြီး၏ နိုင်ငံခြား ဆက်ဆံရေး မူဝါဒနှင့် လုပ်ငန်းမှာ မအောင်မြင်ခဲ့ပေ။ ပြင်သစ်နှင့် မဟာမိတ် ဆက်သွယ်မှုများအား ဗြိတိသျှ အစိုးရက ပြင်သစ် အစိုးရအား ကန့်ကွက်ခဲ့ပြီး ပြင်သစ်တို့ အခြေမစိုက်မီ မြန်မာနိုင်ငံကို လက်ရ သိမ်းယူနိုင်ရန် ၁၂၄၇ ခုနှစ်တွင် အကြောင်းရှာ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
 
== ပါတော်မူခြင်းနှင့် ဦးကောင်း ==
အင်္ဂလိပ်တို့ ချီတက်လာစဉ်တွင် သီပေါမင်းအား လွတ်ရာသို့ ရှောင်တိမ်းကာ ပြန်လည် ခုခံရန် ကင်းဝန်မင်းကြီး အကြံပေးခဲ့လေသည်။ သို့ရာတွင် ဆင်ဖြူမရှင် မိဖုရားကြီး နာမကျန်း ဖြစ်ခြင်း ၊ သမီးတော်များ ငယ်ရွယ်ခြင်း စသည့် အကြောင်းများကြောင့် သီပေါမင်း ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆန်ခဲ့သည်။ ထို့ပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံ ပေးမည်ဖြစ်ကြောင်း ၊ သတ္တဝါတို့ အသက်မသေစေရန် တိုက်ခိုက်မှု မရှိစေလိုကြောင်း အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ ချီတက်လာရာတွင် ဟန့်တား တိုက်ခိုက်မှု မရှိရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ် အင်္ဂလိပ်တို့ အလိုရှိနေသည်မှာ ကျန်ရှိနေသေးသော အထက်ဗမာပြည် တစ်ခုလုံး ဖြစ်သည် ဆိုသည်ကိုမူ ကင်းဝန်မင်းကြီးရော ၊ သီပေါမင်းပါ မသိရှိခဲ့ကြပေ။
 
== ရရှိခဲ့သည့် ဘွဲ့ထူးများ ==
ကင်းဝန်မင်းကြီး နိုင်ငံခြားသို့ သံအဖြစ် မသွားမီ အဂ္ဂမဟာ သေနာပတိ ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ သီပေါမင်း လက်ထက်တွင် သက်တော်ရှည်ဘွဲ့ ၊ သုဓမ္မဘွဲ့တို့ ရရှိခဲ့သည်။ နိုင်ငံခြားသို့ သွားရောက်စဉ်တွင် ပြင်သစ်သမ္မတက တံဆိပ် တစ်ခုနှင့် အီတာလျံ ဘုရင်က ရင်သိုင်းနှင့် တံဆိပ် တစ်ခုကိုလည်းကောင်း ၊ ဝိတိုရိယ ဘုရင်မက CSI ဘွဲ့ထူးဖြင့်လည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။
 
== ပြုစုခဲ့သည့် ကျမ်း ၊ စာပေများ ==
ကင်းဝန်မင်းကြီး ပြုစုခဲ့သော ကျမ်းများမှာ မြန်မာ စာပေလောကတွင် များပြားလှသည်။ ကဗျာဘက်တွင် ရတု ၊ အိုင် ၊ ရကန် ၊ သဖြန် ၊ တေးထပ် ၊ ဧချင်း ၊ မော်ကွန်း ၊ လူးတား ၊ ပျို့ စသည်ဖြင့် မျိုးစုံကို ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ထင်ပေါ်သော ကျမ်းများမှာ စကားပြေဖြင့် လန်ဒန်သွား ၊ ပြင်သစ်သွား နေ့စဉ် မှတ်တမ်းများ ၊ ဓမ္မသတ် (၃၆) စောင်ချုပ် ၊ အမွေမှု ဓမ္မသတ် ၊ အိမ်မှု ဓမ္မသတ် ကျမ်းနှင့် အခြား စာပေများ ဖြစ်သော တိဏ္ဍုကပျို့ ၊ ရတနာ နဒီ မော်ကွန်း ၊ ဓမ္မသတ် လင်္ကာများ ၊ အဍသံခေ ပဝဏ္ဏနာ ၊ ပကိဏ္ဏကဍ ဓမ္မသတ် လင်္ကာတို့ ပါဝင်သည်။ ဂီတဘက်တွင် ယိုးဒယား ၊ ပတ်ပျိုး ၊ ဟန်ချင်းများ ရေးဖွဲ့ခဲ့လေသည်။
 
[[File:U Kaung's House.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
 
==ကင်းဝန်မင်းကြီး အဖြစ်==