ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၁၅၁ -
'''ရှေးဟောင်းကျုံးတော်ကြီး'''
ရေးမြို့သည် ပ​ဒေသရာဇ်နန်းစိုက်ရာ ရှေးဟောင်မြို့ဖြစ်သဖြင့် မြို့အင်္ဂါရပ်နှင့်အညီ တည်ထားသော မြို့ဖြစ်ကြောင်း တွေ့ရှိရသည်။ မာရဒေဝီမင်းသမီး၏ နန်းတော်တည်ရှိရာနေရာကို ယခုတိုင် ဘုရင်မကုန်းဟူ၍ ခေါ်ဝေါ်နေကြသော်လည်း ယခုအချိန်တွင်မူ နန်းတော်ရာနှင့်ပတ်သက်သည့် သမိုင်းသုတေသနအထောက်အထား တစ်စုံတစ်ရာ မတွေ့ရတော့ချေ။ သို့သော် ရှေးဟောင်းရေးမြို့၏ မြို့ရိုးများ၊ မြို့ဝင်တံခါးဟောင်းနေရာများကိုမူ ရန်ကြီးအောင်ရပ်ကွက်နှင့် ရန်မျိုးအောင်ရပ်ကွက်တို့တွင် သိသိသာသာ တွေ့မြင်နိုင်ပါသေးသည်။ ရှေးဟောင်းမြို့၏ ကြွင်းကျန်သော အထင်ရှားဆုံပြယုဂ်မှာ ရန်ကြီးအောင်ရပ်ကွက်နှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ ကျုံးဖြစ်ပါသည်။
ကျုံး၏တည်ရှိဟန်ကား မန္တလေးမြို့အပါအဝင် ရှေးမင်းနေပြည်တော်များကဲ့သို့ မြို့ကိုပတ်လည်ဝိုင်းရံ၍ ဖောက်လုပ်ထားသော ရေပြင်သဏ္ဍာန်ရေပြင်သဏ္ဌာန် တည်ထားခဲ့ခြင်းမဟုတ်ဘဲ စစ်မက်အန္တရာယ်ကာကွယ်ရေးအတွက် မြို့၏ တောင်ဘက်ရှိ ရေးမြစ်ကို သဘာဝအတားအဆီးအဖြစ် အသုံးချခဲ့ပြီး ရေးမြစ်မှ ရေကို ချောင်းငယ်များဖောက်ကာ မြို့ဟောင်း၏ မြောက်ဘက်တွင် ကျံးရေကန်တူးဖော်ကာ​ စီးဝ​င်စီးထွက်စေခဲ့သည့်ဟန်ဖြင့် တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ သဘာဝကို အသုံးချသည့် ရေသွင်းရေထုတ်နည်းပညာကို လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကပင် မြန်မာဘိုးဘွားဘီဘင်တို့ ကျွမ်းကျင်ခဲ့ကြောင်းမှာ သာဓကပင် ဖြစ်ပါသည်။
ပါတီကောင်စီအစိုးရလက်ထက်တွင် ရှေးဟောင်းကျုံးကို မြကန်သာဟူ၍ အမည်ပေးခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါ ရှေးဟောင်းကျုံးကြီး တည်တံ့ခိုင်ခန့်ရေးအတွက် အနက်ပေမြှင့်တင်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။