အလောင်းမင်းတရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ံံ +ံ)
စာကြောင်း ၈၀ -
ဤသို့ တားမြစ်ရာ၌ အလောင်းဘုရား၏ အပြစ်ပေးပုံမှာ အတုယူဖွယ်ဖြစ်သည်။ မြို့ရွာတွင် သူခိုး သူဝှက်တို့ကြောင့် ဥစ္စာပစ္စည်း ပျောက်ခဲ့သော် ထိုမြို့ရွာကို အုပ်ချုပ်သော အကြီးအကဲတို့က ဥစ္စာပျောက်သူကို လျော်ရသည်။ ရွာနှစ်ရွာစပ်ကြားတွင် ဓားပြတိုက်ပါမူ နီးသောရွာမှ ရွာသူကြီးက လျော်ရလေသည်။ ဤသို့ ပြုလုပ်ပေးခြင်း အားဖြင့် အစိုးရ အမှုထမ်းတို့သည် မိမိတို့ တာဝန်ကို ပိုမို ဂရုစိုက် ဆောင်ရွက်လာစေရန် ဖြစ်သည်။
 
မိုးရှားပါးသော ရွှေဘိုနယ်တစ်ဝိုက်တွင် ပြည်သူပြည်သားတို့ စိုက်ပျိုးနိုင်ရန် မင်းတရားကြီးသည် အမြော်အမြင်ရှိစွာနှင့် မူးမြစ်ကို ဆည်တော်မူသည်။ ရွှေဘိုမြို့ကို ရေပေးနိုင်ရန်လည်း မဟာနန္ဒာကန်တော်ကြီးကို တူးဖော်စေသည်။ မင်းတရားကြီး၌ ဆွေတော်မျိုးတော်စသော အမှုထမ်းကောင်း ပေါများသည်။ မင်းဆွေမင်းမျိုး အင်းဝမှူးဟောင်း မတ်ဟောင်းများကပါ မင်းတရားကြီး ဘုန်းလက်ရုံး လုပ်ရည်ကြံံရည်တို့ကိုလုပ်ရည်ကြံရည်တို့ကို ယုံကြည်သဖြင့် အကွဲအပြားမရှိ တညီတညွတ်တည်း အမှုထမ်းကြခြင်း ဖြစ်သည်။ နှုတ်ရေး၌လည်းကောင်း၊ လက်ရေး၌လည်းကောင်း လူရည်သွားကို သိတော်မူတတ်သည်။ မှူးတော်မတ်တော် သူရဲသူခက်တို့ကို အလိုက်အထိုက် ဝေဖန်နှိုင်းချိန် ချီးမြှောက်မစ ပြုလုပ်ပေးကမ်းလေ့ရှိသည်။ ထိုကြောင့် ကြံတော်မူသမျှ အောင်မြင်၍ အပြီးသို့ ရောက်သည်ချည်း ဖြစ်သည်။
 
အလောင်းမင်းတရားကြီးအား ဖူးမြင်ရသော ကက်ပတိန် ဘေကာ၏ မှတ်တမ်းအရ မင်းတရားကြီး၏ အရပ်တော်သည် ငါးပေ ၁၁ လက်မခန့်ရှိ၍ ကျန်းမာသော ရုပ်လက္ခဏာရှိကြောင်း၊ သန်မာ၍ တင့်တယ်ညီညွတ်သော လုံးရပ်သဏ္ဌာန်ရှိကြောင်း၊ အသားညို၍ မျက်နှာသွယ်ကာ ကျောက်ပေါက်မာ သက်သက်ရှိကြောင်း၊ မျက်နှာထားတည်ကြည် မာတင်းကြောင်း၊ ရာဇဣန္ဒြေနှင့် ပြည့်စုံတော်မူကြောင်း ရေးသားထားလေသည်။