ဝီကီပီးဒီးယား:ဆောင်းပါးကောင်းအင်္ဂါရပ်များက ဘာမဟုတ်ဘူးလဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၈ -
အကယ်၍ တည်းဖြတ်သူ၊ ဆန်းစစ်အကဲဖြတ်သူများ သဘောကွဲလွဲသဖြင့် လိပ်ခဲတည်းလည်းအခြေအနေ ရောက်ရှိနေမည်ဆိုလျှင် [[WP:GAR|အများ၏ ပြန်လည်ဆန်းစစ်အကဲဖြတ်ခြင်း]]ကို ရယူနိုင်၍ သဘောထားကွဲလွဲမှုများကို ပြေလည်စေနိုင်သည်။ သို့သော် ပထမဆုံးအနေဖြင့် သိသာမြင်သာသည့် ပြဿနာများစွာကို ဖြေရှင်းပြေလည်စေရန် လုပ်ဆောင်သင့်သည်ဟု အားလုံးကို တိုက်တွန်းအပ်ပါသည်။
 
==ဆောင်းပါးကောင်းတစ်ခုဆိုသည်မှာ==
[[Wikipedia:Good articles|ဆောင်းပါးကောင်းတစ်ခု]] ဆိုသည်မှာ
 
===(၁) ကောင်းမွန်စွာရေးသားထားခြင်း===
 
{{Quotebox|align=center|width=90%|fontsize=100%|bgcolor=#FFFFCC|tstyle=font-size:100%|title=Actual Criteria|
<li>{{Wikipedia:Good article criteria/GAC|1}}:</li>
:(a) {{Wikipedia:Good article criteria/GAC|1a}}; and
:(b) {{Wikipedia:Good article criteria/GAC|1b}}. }}
 
အမှတ် (a) က ဆိုလိုသည်မှာ:
* အကယ်၍ သင်သည် ဝါကျ/စာပိုဒ်ကို တစ်မျိုးတစ်ဖုံ ရေးသားနိုင်သည် ဆိုလျှင်သော်တောင်မှ ဝါကျတစ်ကြောင်း (သို့) စာပိုဒ်တစ်ပိုဒ်၏ အဓိပ္ပာယ်သည် ရှင်းလင်းရမည်။ ရှုပ်ထွေးမနေရပါ။
* စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါစည်းမျဉ်းသည် မြန်မာစာအဖွဲ့မှ ပြဋ္ဌာန်းထားသော စနစ်ကို လိုက်နာရမည်။
 
 
အမှတ် (b) က ဆိုလိုသည်မှာ:
* [[Wikipedia:Manual of Style|စတိုင်လ်လက်စွဲ]]အထဲမှ အထက်၌ ဖော်ပြထားသော စာမျက်နှာငါးခုနှင့် လိုက်လျောကိုက်ညီနေရမည်။ ("စိတ်ကူးယဉ်ဇာတ်လမ်း"နှင့် "စာရင်းဇယား" ဆိုင်ရာ လမ်းညွှန်ချက်များသည် ဆောင်းပါးများစွာတွင် အကျိုးသက်ရောက်မှုမရှိ။) အဓိက စတိုင်လ်လက်စွဲစာမျက်နှာသည် လိုအပ်သော လက်စွဲစာမျက်နှာများ စာရင်းတွင် မပါဝင်သည်ကိုလည်း သတိပြုပေးပါ။ သို့ရာတွင် အမှတ် (a) အတွက် သတ်ပုံ၊ သဒ္ဒါတို့နှင့် ပတ်သက်သော မေးခွန်းများ ရှိလာမည်ဆိုပါက ထိုစာမျက်နှာသည် ကြည့်ရှုရန် အသုံးဝင်နိုင်သည်။
* ဆောင်းပါးကောင်းတစ်ခုကို ဆန်းစစ်အကဲဖြတ်ရန် ရည်ရွယ်ချက်အတွက် လက်စွဲစတိုင်လ်တွင် လိုအပ်မှုမှာ [[Wikipedia:Manual of Style/Captions|ပုံစာ]]နှင့် [[Wikipedia:Manual of Style/Images#Pertinence and encyclopedic value|ပုံ၏ ဆီလျော်မှု]]ဖြစ်ပြီး ကျန်သော လက်စွဲစတိုင်လ်အချက်များမှာ စိတ်ကြိုက်ဖြစ်နိုင်သည်။ ထိုသို့ ပုံစာနှင့် ပုံ ဆီလျော်မှုကို ဆောင်းပါးကောင်း အင်္ဂါရပ်များ၏ အပိုင်း (၆) တွင် ဖော်ပြထားသည်။
 
 
;ရှောင်ရမည့်အမှားများ:
* ဘာသာစကားနှင့် ပတ်သက်၍ သင်၏ ကိုယ်ပိုင် နှစ်သက် အကြိုက်တွေ့မှုများကို ဆောင်းပါးထဲတွင် ရေးသားကျင့်သုံးခြင်း။
* သင်အကြိုက်တွေ့သော စတိုင်လက်စွဲ စာမျက်နှာများနှင့် ကိုက်ညီစေရန် တောင်းဆိုမှုပြုခြင်း။
* [[WP:EMBED#Appropriate use of lists|သင့်တော်သော စာရင်းအသုံးပြုခြင်း]]၏ အောက်တွင် လက်ခံနိုင်သည်ဆိုလျှင်တောင်မှ (ရှေ့တွင်)အမည်းစက်ဖြင့် ဖော်ပြပြုစုထားသည့် စာရင်းများအားလုံးကို ဖယ်ရှားမှု လိုအပ်ခြင်း။
* သံတူကြောင်းကွဲစာမျက်နှာများသို့ လင့်ခ်(ချိတ်ဆက်မှု)များကို ပြေလည်ရန် လိုအပ်ခြင်း။ toolbox သည် ဤသို့သောအရာများကို စစ်ဆေးခြင်းအတွက် အသုံးဝင်လွယ်ကူမှုအား ထောက်ပံ့ပေးထားသည့်အချက်မှာ ဆောင်းပါးကောင်း အင်္ဂါရပ်များက ထိုချိတ်ဆက်မှုများကို တားမြစ်ထားသည်ဟု မဆိုလိုပေ။
* အနီရောင်လင့်ခ်များကို ဖယ်ရှားရန် လိုအပ်ခြင်း။ (အထူးဆောင်းပါးနှင့် အထူးစာရင်း စာမျက်နှာများက အနီရောင်လင့်ခ်ကို ခွင့်ပြုသည်ဆိုလျှင်တောင်မှ)
* အခြားသော ဆောင်းပါးများရှိ အပိုင်းများနှင့် ဆင်တူစေရန် သတ်မှတ်ထားသော ပုံစံကို လိုက်နာ
န် လိုအပ်ခြင်း။ တစ်နည်း အခြားဆောင်းပါးများကဲ့သို့ တူညီသော အပိုင်းများ ရှိနေခြင်း။