ဝီကီပီးဒီးယား:ဆောင်းပါးကောင်းအင်္ဂါရပ်များက ဘာမဟုတ်ဘူးလဲ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၆ -
* အခြားသော ဆောင်းပါးများရှိ အပိုင်းများနှင့် ဆင်တူစေရန် သတ်မှတ်ထားသော ပုံစံကို လိုက်နာရန် လိုအပ်ခြင်း။ တစ်နည်း အခြားဆောင်းပါးများကဲ့သို့ တူညီသော အပိုင်းများ ရှိနေခြင်း။
 
===(၂) အချက်အလက်ပိုင်းဆိုင်ရာ မှန်ကန်မှုနှင့် သက်သေပြသနိုင်မှု===
{{Quotebox|align=center|width=90%|fontsize=100%|bgcolor=#FFFFCC|tstyle=font-size:100%|title=Actual Criteria|
<li>{{Wikipedia:Good article criteria/GAC|2}}:</li>
:(a) {{Wikipedia:Good article criteria/GAC|2a}};
:(b) {{Wikipedia:Good article criteria/GAC|2b}}; and
:(c) {{Wikipedia:Good article criteria/GAC|2c}}. }}
 
အချက် (a) က ဆောင်းပါးတွင် အသုံးပြုထားသည့် ရင်းမြစ်စာရင်းတစ်ခု ပါဝင်သော ==အဆင့် ၂== ခေါင်းစဉ်တစ်ခုနှင့်အတူ အနည်းဆုံး အပိုင်းတစ်ခုရှိရမည်ဟု ဆိုလိုသည်။ ထိုအပိုင်း၏ ခေါင်းစဉ်၌ စာဖတ်သူများ ရှာဖွေမည့် အကြောင်းအရာကို ခွဲခြားဖော်ပြပေးထားသော ခေါင်းစဉ်အမည်တစ်ခု ပါဝင်သင့်ရာ ဥပမာအားဖြင့် ==မှတ်စု== (သို့) ==ကိုးကား(ချက်များ)== (သို့) ==ကိုးကားရင်းမြစ်များ== (သို့) ==အောက်ခြေမှတ်စု(အညွှန်း)များ== (သို့) အလားတူအဓိပ္ပာယ်မျိုးဖြင့် တစ်ခုခုရှိသင့်၏ ။ ဆောင်းပါးကောင်း စာရင်းတင်သွင်းထားသည့် ဆောင်းပါးတစ်စောင်အတွက် အချက် (a) ကို မကျော်ဖြတ်နိုင်သည်မှာ အလွန်တရာ သမားရိုးကျမဟုတ်သည်ဟု ဆိုရမည်ဖြစ်သည်။ သင်သည် ဤအခြေအနေကို တွေ့ကြုံလျှင် [[ဝီကီပီးဒီးယား ဆွေးနွေးချက်:ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်း]]တွင် အကြံဉာဏ် ရယူသင့်သည်။
 
အချက် (b) ဆောင်းပါးကောင်းအင်္ဂါရပ်များက တောင်းဆိုသော ပိုဒ်တွင်းကိုးကားချက်ပုံစံအတွက် အောက်ပါ ဖွင့်ဆိုချက်ငါးမျိုးကို အမည်ဖော်ပြထားရာ:
#တိုက်ရိုက်ကိုးကားချက်များ၊
#စာရင်းအင်းများ၊
#အများသို့ဖြန့်ဖြူးထားပြီးသည့် ထင်မြင်ယူဆချက်များ၊
#အလိုအလျောက်မသိနိုင်သော အချက်အလက်များနှင့် စောဒကတက်စရာ အငြင်းပွားဖွယ်အချက်အလက်များ၊
#သက်ရှိထင်ရှားပုဂ္ဂိုလ်၏ ပြောင်းလဲနေသော အချက်များ၊
 
ဤစံသည် [[WP:MINREF|မူဝါဒအရ ချမှတ်ထားသော ပြည့်စုံသည့် အနည်းဆုံးစံအရည်အသွေး]]ထက် မြင့်မားသော်လည်း တည်းဖြတ်သူများစွာ၏ အလေးပေးနှစ်ခြိုက်မှုထက် သိသိသာသာ လျော့နည်းပေသည်။ ဆောင်းပါးတစ်စောင်သည် ဤသို့သော (ကိုးကားဆိုင်ရာ) ပုံစံငါးမျိုးစလုံး မပါဝင်လျှင် [[ဝီကီပီးဒီးယား:Citing sources#General references|ယေဘုယျ ကိုးကားချက်]]သဘောကို အသုံးချနိုင်သည်။ ဆောင်းပါး၌ အဆိုပါငါးမျိုးထဲက တစ်ခုခုပါဝင်လျှင် ''အချို့သော သီးသန့် ဖွင့်ဆိုရှင်းလင်းမှုများအတွက်'' ပိုဒ်တွင်းကိုးကားချက် ပုံစံအချို့ကို အသုံးပြုရမည်ဖြစ်သည် (အခြားဆောင်းပါတွင်ပါရှိသော စာသားများကို ယေဘုယျ ကိုးကားချက်က ထောက်ပံ့ထားနိုင်သည်) ။ သီးသန့်ဝါကျတစ်ကြောင်းကို သီးသန့်ကိုးကားမှုဖြင့် စာဖတ်သူအား သိစေ၊ မြင်စေရန် ပြုလုပ်ထားသော စနစ်ကို လက်ခံနိုင်သော ပိုဒ်တွင်းကိုးကားချက် နည်းလမ်းဟုခေါ်ဆိုသည်။ သို့ရာ၌ စနစ်တစ်ခုကိုသာ ပိုဒ်တွင်းကိုးကားမှုအဖြစ် ထက်အောက်လိုက်လျောမှုရှိစေရန် အသုံးပြုသင့်သည်။
 
ပိုဒ်တွင်းကိုးကားချက်သည် အထက်ပါဆိုခဲ့ပြီးသော ဖွင့်ဆိုချက်ငါးမျိုးထဲက တစ်ခုခုနှင့် သက်ဆိုင်လျှင် စာမျက်နှာနံပါတ် (သို့ ဆင်တူသော အသေးစိတ်) များကိုသာ လိုအပ်၏ ။ အကြောင်းမှာ စာဖတ်သူက ကိုးကားချက်ကို ရှာဖွေဖတ်ရှုလိုပါက စာမျက်နှာနံပါတ်မပါသော ကိုးကားချက်တွင် သိလိုသော အချက်ကို ရှာဖွေရန် ခက်ခဲမည်ဖြစ်သောကြောင့် ဖြစ်သည်။
 
အချက် (c) က ဆောင်းပါးကောင်းတစ်ပုဒ်တွင် အချက်အလက်များ၊ အမြင်များ၊ ပေါင်းစပ်ထည့်သွင်းထားမှုများသည် [[WP:NOR|ကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များ]]မူဝါဒနှင့်အတူ ယုံကြည်စိတ်ချရသော ရင်းမြစ်များကို အခြေခံသင့်သည်။ ဆောင်းပါးထဲ၌ ဖော်ပြရေးသားထားမှုများသည် ရင်းမြစ်ပါ အကြောင်းအရာကို ရောင်ပြန်ဟပ်သင့်သည်။