ဝီကီပီးဒီးယား:ဆောင်းပါးကောင်းအင်္ဂါရပ်များက ဘာမဟုတ်ဘူးလဲ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၄ -
ဤစံသည် [[WP:MINREF|မူဝါဒအရ ချမှတ်ထားသော ပြည့်စုံသည့် အနည်းဆုံးစံအရည်အသွေး]]ထက် မြင့်မားသော်လည်း တည်းဖြတ်သူများစွာ၏ အလေးပေးနှစ်ခြိုက်မှုထက် သိသိသာသာ လျော့နည်းပေသည်။ ဆောင်းပါးတစ်စောင်သည် ဤသို့သော (ကိုးကားဆိုင်ရာ) ပုံစံငါးမျိုးစလုံး မပါဝင်လျှင် [[ဝီကီပီးဒီးယား:Citing sources#General references|ယေဘုယျ ကိုးကားချက်]]သဘောကို အသုံးချနိုင်သည်။ ဆောင်းပါး၌ အဆိုပါငါးမျိုးထဲက တစ်ခုခုပါဝင်လျှင် ''အချို့သော သီးသန့် ဖွင့်ဆိုရှင်းလင်းမှုများအတွက်'' ပိုဒ်တွင်းကိုးကားချက် ပုံစံအချို့ကို အသုံးပြုရမည်ဖြစ်သည် (အခြားဆောင်းပါတွင်ပါရှိသော စာသားများကို ယေဘုယျ ကိုးကားချက်က ထောက်ပံ့ထားနိုင်သည်) ။ သီးသန့်ဝါကျတစ်ကြောင်းကို သီးသန့်ကိုးကားမှုဖြင့် စာဖတ်သူအား သိစေ၊ မြင်စေရန် ပြုလုပ်ထားသော စနစ်ကို လက်ခံနိုင်သော ပိုဒ်တွင်းကိုးကားချက် နည်းလမ်းဟုခေါ်ဆိုသည်။ သို့ရာ၌ စနစ်တစ်ခုကိုသာ ပိုဒ်တွင်းကိုးကားမှုအဖြစ် ထက်အောက်လိုက်လျောမှုရှိစေရန် အသုံးပြုသင့်သည်။
 
ပိုဒ်တွင်းကိုးကားချက်သည် အထက်ပါဆိုခဲ့ပြီးသော ဖွင့်ဆိုချက်ငါးမျိုးထဲက တစ်ခုခုနှင့် သက်ဆိုင်လျှင် စာမျက်နှာနံပါတ် (သို့ ဆင်တူသော အသေးစိတ်) များကိုသာများကို လိုအပ်၏ ။ အကြောင်းမှာ စာဖတ်သူက ကိုးကားချက်ကို ရှာဖွေဖတ်ရှုလိုပါက စာမျက်နှာနံပါတ်မပါသော ကိုးကားချက်တွင် သိလိုသော အချက်ကို ရှာဖွေရန် ခက်ခဲမည်ဖြစ်သောကြောင့် ဖြစ်သည်။
 
အချက် (c) က ဆောင်းပါးကောင်းတစ်ပုဒ်တွင် အချက်အလက်များ၊ အမြင်များ၊ ပေါင်းစပ်ထည့်သွင်းထားမှုများသည် [[WP:NOR|ကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များ]]ဆိုင်ရာ မူဝါဒနှင့်အတူ ယုံကြည်စိတ်ချရသော ရင်းမြစ်များကို အခြေခံသင့်သည်။ ဆောင်းပါးထဲ၌ ဖော်ပြရေးသားထားမှုများသည် ရင်းမြစ်ပါ အကြောင်းအရာကို ရောင်ပြန်ဟပ်သင့်သည်။