ထွန်းတင်၊ သူရ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၆ -
 
==ဝန်ထမ်းဘဝ==
၁၉၄၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် [[ဂျပန်ခေတ်]] တတိယပတ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း တက်ရောက်ပြီး နိုဝင်ဘာ ၃၀ ရက် တွင် ကျောင်းဆင်းခဲ့သည်။ <ref>ဗိုလ်မင်းညို၊ ဂျပန်ခေတ် စစ်တက္ကသိုလ် (ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၉) စာ ၂၂၃</ref> လွတ်လပ်ရေး တိုက်ပွဲများတွင် ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၃)၊ တပ်ရင်း(၁)၊ မင်္ဂလာဒုံ စစ်တက္ကသိုလ်နှင့် တိုင်း(၇)စစ်ဌာနချုပ်၊ မျိုးချစ် ဗမာ့ တပ်မတော် တွင် တိုင်း(၇)နယ်မြေ၊ သနက(၄)တို့၌ တာဝန် ထမ်းဆောင်ခဲ့သည်။ [[လွတ်လပ်ရေး မော်ကွန်းဝင်]] ပထမအဆင့်ကို ရရှိခဲ့သည်။ ၁၉၄၈-၁၉၄၉ ခုနှစ် အထိ တပ်ရင်း(၅)တွင် တပ်ခွဲမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီးစ အချိန် [[ရောင်စုံသူပုန်]] ဟုခေါ်သော သောင်းကျန်းသူများ ထကြွနေသော အချိန်ဖြစ်သည်။ [[ကေအမ်ဒီအို]] တို့ကလည်း အင်အား အကြီးမားဆုံး နှင့် အပြင်းထန်ဆုံး ထိုးဖောက်စစ် ကို ကြုံတွေ့ခဲ့ရသည်။ ကေအင်ဒီအို တို့ ထိုးစစ်သည် [[သံချပ်ကာကား]]များကို ရှေ့တန်းတင်၍ တိုက်ခိုက်သဖြင့် အင်းစိန်-ရန်ကုန် ကားလမ်းပေါ်ရှိ တပ်မတော်၏ ရှေ့တန်း ကာကွယ်ရေးစည်း ကျိုးပေါက်သွားခဲ့သည်။ [[စောဘင်ဆင်ခြံ]] ရှိ တပ်ရင်း ရှေ့တန်း ကွပ်ကဲရေးစခန်း လည်း ကျသွားခဲ့သည်။ ထိုအချိန် [[ဘီအိုင်အေ]] [[ဦးထွန်းရွှေ]] အိမ်၌ နေရာယူထားသော တိုင်းစစ်ဌာနချုပ် မှ အခြေအနေ သိသိချင်း တပ်မှူးကြီး ကိုယ်တိုင် အသင့်ရှိသော ရေတပ်မတော်မှ [[ဘိုဖာအမြောက်]]''[[တံမြက်စည်း]]''ကို ကားလမ်းပေါ် တင်ပြီး ရန်သူ အားမတ်ကော်လံ အလာကို စောင့် အပစ်ခိုင်းခဲ့သည်။ တံမြက်စည်းက ပစ်ရန် အသင့် ဖြစ်လျှင်ဖြစ်ခြင်း ပစ်ကွင်းထဲသို့ ရန်သူကားများ ရောက်ရှိလာခဲ့ရာ ပစ်ခတ်တိုက်ခိုက်ရာ ချက်ကောင်းမှန်ပြီး ရန်သူ [[အားမတ်ကား]] မီးလောင်ပျက်စီးခဲ့သည်။ ရှေ့ဆုံးမှ ရန်သူ အားမတ်ကား၏ ကားမောင်းသူကို [[အရက်]]မူးအောင် တိုက်ထားပြီး ခြေထောက်ကို သံကြိုးခတ်ချည် သော့ခတ်ထားသဖြင့် ဆင်းမပြေးနိုင်ဘဲ နေရာတွင် [[ပွဲချင်းပြီး]] သေဆုံးခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရုံး ၌ ညအိပ်သော ဦးစီးချုပ်မှလည်း သတင်းရရချင်း အရန်ထားသောရေတပ်မှ [[ဗိုလ်ကြီး တော်မီရိုက်]]နှင့် ဘိုဖာအမြောက်များ၊ [[ဗိုလ်ကြီး မောင်မောင်ကြီး]]၏ [[အော်လီကန်ဂမ်း]]များ စေလွှတ်ခဲ့ပါသည်။ ယင်းကဲ့သို့ အားမတ်ကားတွေ ထိမှန်ပြီး မတက်နိုင်သော်လည်း ခြေလျင်နှင့်တစ်ဖွဲ့၊ ကားနှင့်တစ်ဖွဲ့ ကေအမ်ဒီအို တို့ ရန်ကုန်ကို ချီတက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အင်းစိန်အဝင် ကြို့ကုန်း ဘိုးတော်[[ရာကျော်ကျောင်း]]တွင် တပ်စွဲထားသော ဗိုလ်ကြီး ထွန်းတင်၏ တပ်ခွဲ''ဂ''သည် နောက်မဆုတ်ဘဲကျန်ခဲ့သည်။ ဗိုလ်ကြီး ထွန်းတင်ကိုယ်တိုင် သတ္တိရှိရှိ နှင့် ဖြတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူသည် စစ်သဘောအရ နောက်ကျောမလုံမှု နှင့် စစ်ထိုးမှုကို အထူး ကြောက်ကြရသည့် [[ထုံးတမ်းစဉ်လာ]]အရ တစ်ချိုးတည်းဆုတ်ခဲ့ရသည်။ ဗိုလ်ကြီးထွန်းတင်လည်း အင်းစိန်တိုက်ပွဲတွင် [[သူရဘွဲ့]]ချီးမြှင့်ခံခဲ့ရသည်။ အမှတ်(၄)ခြေလျင်တပ်ရင်း(ထိုစဉ်က အမှတ် ၄ ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်း- ပထမဆုံးမြန်မာနိုငခငံသားပထမဆုံးမြန်မာနိုင်ငံသား ဗမာလူမျိုးတပ်ရင်းမှူးအဖြစ်)နှင့်အတူ [[ရန်ကြီးအောင် စစ်ဆင်ရေး]]တွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ တပ်ရင်းမှူး၊ ခေတ္တ တပ်မဟာမှူး၊ စစ်ဦးစီးမှူး (ပထမတန်း)(‌စီမံ/လေ့ကျင့်)၊ ၁၉၇၁ ခုနှစ်တွင် တပ်မတော် လေ့ကျင့်ရေးမှူး၊ တပ်ထိန်းချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
 
==နိုင်ငံရေးဘဝ==