ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၂၆ -
ဆူးလေဘုရား၏ ပုံသဏ္ဌာန်မှာ ရန်ကုန်မြို့ ဘုရားများ အနက်တစ်မူထူးခြားလှသည်။ အောက်ခြေမှစ၍ ချယားသီးပိန္နဲ တိုင် သို့တိုင်အောင်ပင် ရှစ်မြှောင့်ထောင့်ချိုးများသာ ဖြစ်သည်။ ပန်းတင်ခုံ၏ အောက်ခြေသည် ရှေးကရှစ်မြှောင့်ပင်ဖြစ်ခဲ့ဟန် တူသော်လည်း၊ ယခုအခါ အဝိုင်းသဏ္ဌာန်ဖြစ်နေသည်။ ပန်းတင်ခုံ ရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့်ရှိသည်။ ပန်းတင်ခုံရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့် ရှိသည်။ စေတီတော်၏ ဉာဏ်တော်မှာ ပန်းတင်ခုံမှ စိန်ဖူးတော် သို့တိုင်အောင် ၁၄၄ ပေနှင့် ၉ လက်မခွဲ ရှိသည်။ ဆူးလေစေတီ၏ ရင်ပြင်တော်သည် စေတီအောက်ခြေရင်းမှ ရင်ပြင် အစွန်းပတ်လည်သို့ တိုင်အောင် ပေ ၂ဝ ခန့်ကျယ် သည်။ စေတီတော်၏ စိန်ဖူးတော်သစ်နှင့် ငှက်မြတ်နားတော်တင်ပွဲကို ၁၃ဝ၉ ခုနှစ်တွင် ကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့ သည်။ ထိုအသစ်မွန်းမံထားသော စိန်ဖူးတော်နှင့် အလေးချိန် နှစ်ပိဿာ ၅ဝ ခန့်ရှိသော ရွှေအစစ်ငှက်မြတ်နားတို့တွင် စီချယ်ထားသော စိန်ကျောက် နီလာ ပတ္တမြားစသည့် ရတနာကျောက်မျက် ရတနာများသည်ပင် ယခုခေတ်တန်ဘိုးနှင့် ၆ သိန်းကျော် ခန့် တန်သည်။ ရွှေဆည်းလည်း အဟောင်းအသစ် ၂၅၄ လုံးမှာလည်း ခေတ်တန်ဖိုးနှင့် ၄ သောင်းကျော်တန်သည်။ ၁၉၄၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စေတီတော်၏ကြေးစလောင်း နှင့် ၁၂ ပေအကွာမှစ၍ ကိုယ်လုံးပြည့် ရွှေပြားသင်္ကန်းကပ်လှူခဲ့သည်၊ လျှပ်စစ်မီးချောင်း ရောင်စုံများမှာလည်း ညဉ့်အခါတွင် ရှုမငြီးဘွယ် ထိန်ထိန်ဝင်းနေလေ့ရှိသည်။ စေတီတော်ရှိ ရှေးက သစ်သားဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အအုံများကို ယခုအခါ အုတ်ဖြင့် ဆောက်လုပ်ထားသည်။ မုခ်ဦးတန်ဆောင်းများ လည်း လေးမျက်နှာလုံးတွင် ရှိ၏။ ယင်ပြင်ပတ်လည်တွင် ရှေးက သံတံတိုင်းများ ထားရှိခဲ့သော်လည်း၊ ယခုအခါ အုတ် ဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ထားရှိလေသည်။ ဆူးလေစေတီ၏ ယင်ပြင်တွင် ကျောက်ပြားများ ခင်းထားသည်။ ဆူးလေဘုရားတွင် အသစ်စိုက်ထူထားရှိသော ဘုရားသမိုင်းကျောက်စာတိုင်တစ်ခုရှိ၏။ ယင်းမှာ ရွှေတိဂုံစေတီသမိုင်းနှင့် ဆက်စပ်နေ သော စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာ ပုံကိုသာ ရေးထိုးထားသည်။
 
ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကိုတည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။ သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖေါ်ပြကြရာအမည်ကိုဖော်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။ စစ်မဖြစ်မီခေတ်က 'ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ'ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။ ဆူးလေဘုရားလမ်းနှင့် [[မဟာဗန္ဓုလလမ်း]]၏ အနောက်မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
 
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟု သိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟု ဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်သည်။