ကာကွယ်ရေးဝန်ကြီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၆၀ -
အမည်အားဖြင့် ကာကွယ်ရေးဌာနဟု ခေါ်သော်လည်း ထိုဌာနတွင် စီမံခန့်ခွဲခဲ့သော လုပ်ငန်းများမှာ တိုင်းပြည်ကာကွယ်ရေး၊ ခရစ်ယန်ဂိုဏ်းများအုပ်ချုပ်ရေး၊ ရှမ်းစော်ဘွားများနယ်ပယ်၊ ရခိုင်တောင်ရိုးဒေသ၊ ချင်းတောင်များဒေသ၊ ကချင်တောင်တန်းဒေသများ၊ ဆွန်မာရဒေသ၊ တြိဂံနယ်ဒေသ၊ အထက်ချင်းတွင်းမြောက်ဘက် ဟူးကောင်းတောင်ကြားဒေသ၊ သံလွင်နယ်တို့နှင့် အခြား မဖွံ့ဖြိုးသေးသော လူမျိုးများ နေထိုင်သော ဒေသများအုပ်ချုပ်ရေး၊ ငွေရေးကြေးရေ၊ ဒင်္ဂါးနှင့် ငွေစက္ကူများ ထုတ်လုပ်ရေး၊ နိုင်ငံရေးနှင့် မြန်မာနိုင်ငံ အတွင်းရှိ မြန်မာပြည် အစိုးရက အုပ်ချုပ်ခြင်းမပြုနိုင်သေးသော ဒေသများနှင့် ဆက်ဆံရေးများ ပါဝင်လေသည်။
 
ဗြိတိသျှအင်ပိုင်ယာဝင် တိုင်းပြည်အသီးသီးနှင့် ဆက်ဆံရေး၊ လွတ်လပ်သော အခြားတိုင်းပြည်များနှင့် ဆက်ဆံရေး အာဏာ များကိုမူ ဗြိတိသျှဘုရင့်အစိုးရက တိုက်ရိုက်စီမံခန့်ခွဲလေသည်။ အထက်ပါ ဖေါ်ပြခဲ့သည့်ဖော်ပြခဲ့သည့် အရေးကြီးသော လုပ်ငန်းများကို ဘုရင်ခံကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်ရမည်ဟု မြန်မာပြည် အက်ဥပဒေ အပိုဒ် (၁)အရ ပြဋ္ဌာန်းထားခဲ့သော်လည်း၊ အရေးကြီးသော ကိစ္စဟူသရွေ့တွင် မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံမှတစ်ဆင့် အမိန့်တောင်းယူပြီးမှသာ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရလေသည်။ မြန်မာပြည်တွင်းရေးနှင့်သာ လုံးဝသက်ဆိုင်သော ကိစ္စအဝဝတို့တွင် ဘုရင်ခံနှင့် သူ၏အတိုင်ပင်ခံအရာရှိများ၏ ထောက်ခံချက်များကို ဘုရင့်အစိုးရက များသောအားဖြင့် လိုက်လျောခဲ့သည်။ အင်ပိုင်ယာ နိုင်ငံများနှင့် အိမ်နီးချင်းတိုင်းပြည်များသို့ ဂယက်ရိုက်စေမည့် ကိစ္စများတွင်မူ ဘုရင့်အစိုးရသဘော အတိုင်း စီမံခန့်ခွဲခဲ့သည်။
 
ကာကွယ်ရေးဌာနဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် အဆိုများကို ဘုရင်ခံထံ ကြိုတင်အမိန့်မခံဘဲ လွှတ်တော် (၂)ရပ်လုံးတွင် ဆွေးနွေးပြုလုပ်နိုင်ခွင့် မရှိချေ။
စာကြောင်း ၉၁ -
ကာကွယ်ရေးဌာနအတွက် စီမံခန့်ခွဲရန် ကာကွယ်ရေး အတိုင်ပင်ခံအရာရှိအစား ကာကွယ်ရေးဝန်ကြီးဟူ၍ ပထမအကြိမ် ပေါ်ပေါက်ခဲ့သည်။ ယင်းဌာနအောက်တွင် ကြည်းတပ်မတော် ဌာနချုပ်ရုံး၊ ရေတပ်မတော်ဌာနချုပ်ရုံး၊ လေတပ်မတော်ရုံးများ ထားရှိလေသည်။
 
၁၉၄၈ ခု ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံစစ်ရုံး၊ ကာကွယ်ရေးဌာန အောက်တွင်ရှိသော ဌာနအသီး အသီးတို့ကိုနေသားတကျ အကောင်အထည်ဖေါ်ပြီးလျှင်အကောင်အထည်ဖော်ပြီးလျှင် စစ်ရုံးအမြဲတမ်း အတွင်းဝန်ဌာနဟူ၍ အမည်ပြောင်း ခဲ့လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
 
===ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဖွင့်လှစ်ခဲ့သည့် နေရာများ===