ကွန်ဖြူးရှပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၁၄ -
သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် '''ချင်'''မင်းဆက်(秦 Chin)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ [[ရှီဟွမ်တီ]](ချင်ရှိဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီစီ-၂⁠၂၁ ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန် (漢 Han) မင်းဆက် လက်ထက်တွင် အကြီးအကျယ် မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ဦးမော့နိုင်တော့သည်။
 
နောက်တစ်ကြိမ်အနေဖြင့် [[မော်စီတုန်း]] (毛澤東) ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် [[ယဉ်ကျေးမှုတော်လှန်ရေး]] (文化大革命)ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။ အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊ ၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖေါ်ဆောင်သဖြင့်ဖော်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။<ref>ကျော်စွာ(၁၀၀)-[[ဒေါက်တာသန်းထွန်း]]</ref>
 
=== ကွန်ဖူးဇီး ===