ကိုယ်ခံပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော [[နည်းပညာ]]များကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာဟုလည်းခေါ်ဝေါ်သုံးစွဲကြသည်။ မည်သူမဆို မိမိ၏လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့်ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ မြန်မာနိုင်ငံတွင် ရှေးမြန်မာ ဘုရင်များလက်ထက်မှ စ၍ ဓါးခုတ်လှံထိုး ပညာရပ်များအပါအဝင် အခြားပညာရပ်ကို မြန်မာယောက်ျားများအဖို့ [[အဌာရဿ ၁၈ ရပ်]] အနေဖြင့်သင်ကြားလေ့ကျင့်ခဲ့ကြရပေသည်။
တတိယ မြန်မာနိုင်ငံကို ထူထောင်ခဲ့သော [[အလောင်းမင်းတရား(ဦးအောင်ဇေယျ)]] လက်ထက်မှစ၍ [[http://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7_%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8 မြန်မာ့သိုင်း]]ဟု ခေါ်သော ဗန်တို၊ ဗန်ရှည် ပညာ မှာ ထွန်းကားလာခဲ့ပေသည်။
 
ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။