တဏှာကြွက်နို့ရောဂါ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး HotCatကို အသုံးပြု၍ Category:ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ကူးစက်ရောဂါများကို ဖယ်ရှားခဲ့သည်၊ Category:ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သောရောဂါများကို ပေါင်းထည့်ခဲ့သည် |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်) |
||
စာကြောင်း ၁ -
'''တဏှာကြွက်နို့ရောဂါ'''သည် လူ့ကြွက်နို့ဗိုင်းရပ် (human papillomavirus) အကူးခံရသောကြောင့် ဖြစ်ပွားသော ရောဂါဖြစ်၏။ ကူးစက်ခံရခြင်း၏ ၉၀% ကျော် ၂ နှစ်ကျော်အထိ ငုပ်၍ ပွားနေတတ်ပြီး လက္ခဏာမပေါ်။ သို့ရာတွင် အချို့ဖြစ်စဉ်များ၌ ကြွက်နို့ထွက်ခြင်း၊ ကင်ဆာကျိတ်ထွက်ခြင်းများ တွေ့ရတတ်သည်။ ထိုအကျိတ်မှာလည်း အကူးခံရသော နေရာတွင် ပေါ်သည်။ သားအိမ်ခေါင်း မိန်းမကိုယ်ဝ မိန်းမကိုယ် လိင်တံ စအို ပါးစပ် အာခေါင်ပျော့ လည်ချောင်းတို့၌ [[ကင်ဆာရောဂါ|မြစ်ပွားနာ]]ဖြစ်လာနိုင်ချေ များ၏။ သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးမှာ ဤဗိုင်းရပ်လက်ချက်ပင်။ ရောဂါသည် ၇၀% မှာ မျိုးကွဲ-၁၆ (HPV16) နှင့် မျိုးကွဲ-၁၈ (HPV18) တို့ကြောင့် ဖြစ်သည်။ အာခေါင်ပျော့ကင်ဆာ၏ ၉၀% မှာ မျိုးကွဲ-၁၆ ၏ စနက်တည်း။ လိင်အင်္ဂါကြွက်နို့နှင့် အူတွင်းကြွက်နို့တို့ ဖြစ်ခြင်းမှာ အထက်မျိုးကွဲနှစ်ခုကြောင့်ပင်။
ရောဂါဖြစ်စေသေော လူ့ကြွက်နို့ဗိုင်းရပ်သည် ကြွက်နို့ဗိုင်းရပ်မျိုးစုဝင်ဖြစ်သည်။ စာရင်းသွင်းပြီးသော အမျိုးပေါင်း ၁၇၀ ကျော် ရှိသည်။ ၄၀ ကျော်မှာ လိင်မှတဆင့် ကူးသည် (အရှေ့ရော အနောက်အပြင် ပါးစပ်ကိုလည်း စာရင်းတို့ရမည်)။ အရွယ်ငယ်စဉ် လက်တည့်စမ်းခြင်း၊
ရောဂါအများစုကို ကာကွယ်ဆေးများဖြင့် တားနိုင်သည်။ ထိရောက်စေရန် ရောဂါမရမီကပင် ကာကွယ်ဆေးထိုးထားသင့်ပြီး လက်တည့်မစမ်းသေးသော ၉-၁၃ အရွယ်ကို သင့်လျော်သည်ဟု အကြံပြုကြသည်။ သားအိမ်ချောင်းကင်ဆာ ဆေးစစ်ခြင်းလုပ်ပါက မူမမှန်[[ကလာပ်စည်း|ဆဲ]]များကို စောစီးစွာတွေ့နိုင်ပြီး တင်ကြိုကုသနိုင်သည်။ ဆေးစစ်ခြင်းသည် သားအိမ်ချောင်းကင်ဆာရခြင်းနှင့် ၎င်းကြောင့်အသက်ဆုံးများကို လျော့ကျစေသည်။ လိင်ကြွက်နို့ကိုလည်း ဖယ်ဖြတ်ကုသနိုင်သည်။
|