ဘာသာစကား မိသားစု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
 
စာကြောင်း ၁ -
'''ဘာသာစကား မိသားစု'''ဆိုသည်မှာ ရှေးဟောင်းမူလဘုံ[[ဘာသာစကား]] တစ်ခုတည်းမှ ဆင်းသက်လာသော ဆက်စပ်မှုရှိသည့် ဘာသာစကားများ အစုအဝေးကို ခေါ်သည်။ မူလဘုံဘာသာစကားကို အဆိုပါ ဘာသာစကား မိသားစု၏ [[ရှေးဦး-ဘာသာစကား]] ဟုခေါ်သည်။ 'မိသားစု' ဆိုသည့် စကားလုံး၏ သဘောသဘာဝအရ [[ဘာသာစကားသမိုင်းကြောင်းလေ့လာမှု]]၌ ဘာသာစကားများ၏ မူလအစများ ဆက်စပ်မှုကို ဖေါ်ပြသည့်ဖော်ပြသည့် [[အကိုင်းအခက်ခွဲဖြာသည့်ပုံစံ]] (Tree model)သည် ၎င်း ဘာသာစကားများကို ပြောဆိုကြသော လူမျိုးနွယ်များသည် မျိုးရိုးဗီဇအားဖြင့် မည်သို့တော်စပ်သည်ကို ဖေါ်ပြသည့်ဖော်ပြသည့် [[မိသားစုဆင်းသက်ပုံ]] (Family Tree)နှင့် ထပ်တူညှိယူဆစရာရှိသည်။ သို့သော်လည်း တကယ်တမ်းတွင် ဘာသာစကား ဆက်နွယ်မှုနှင့် မျိုးရိုးဗီဇအားဖြင့် ဆက်နွယ်မှုတို့သည် ထပ်တူညီလိမ့်မည်ဟု မယူဆနိုင်ပါ။
 
[[ရှင်သန်နေသော ဘာသာစကား]]များ စုစုပေါင်း ၅၀၀၀ မှ ၈၀၀၀ ထိရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ သို့သော်လည်း ဘာသာစကား တစ်ခုကို သီးခြားဘာသာစကား သို့မဟုတ် [[ဒေသိယစကား]] အဖြစ်သတ်မှတ်မှုမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြ၍ တိကျသော ကိန်းဂဏန်းကို မသတ်မှတ်နိုင်ပါ။ ရှင်သန်နေသော ဘာသာစကား ဆိုသည်မှာ လူတစ်စုအနေဖြင့် ၎င်း ဘာသာစကားတစ်ခုကို အဓိက ဆက်သွယ်ရေး ဘာသာစကားအနေဖြင့် အသုံးပြုခြင်းပင် ဖြစ်သည်။ [[သေဆုံးသွားသော ဘာသာစကား]]များနှင့် [[ပျောက်ကွယ်သွားသော ဘာသာစကား]]များ များစွာရှိသည်။ ထိုအတူ အချို့ ဘာသာစကားများမှာ အမျိုးအစားသတ်မှတ်ရန်အတွက်ပင် လုံလောက်စွာ လေ့လာမှုမပြုရသေးသလို အချို့ဘာသာစကားများမှာ တည်ရှိပြီး ပြောဆိုသုံးစွဲအနေကြသည်ကိုပင် မိမိတို့ ပြင်ပလူများ မသိရှိရသေးပါ။