ရန္တပိုစာချုပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၁ -
{{cleanup}}
{{copyedit}}
'''ရန္တပိုစာချုပ်'''သည် ခရစ်နှစ် ၁၈၁၅-ခုနှစ်၊ [[ဘကြီးတော်ဘုရား]] လက်ထက်တွင် ဖြစ်ပွားခဲ့သော [[ပထမ အင်္ဂလိပ် - မြန်မာစစ်]]ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့၏တောင်ဘက် မိုင် (၄ဝ)ခန့်ကွာ၍ မြင်းခြံမြို့အထက် (၆)မိုင်ကွာဝေးသော [[ရန္တပိုရွာ]]တွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်တွင်သည်။ ထိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် (ခရစ် ၁၈၂၆-ခုနှစ်၊ ဖေဖေါ်ဝါရီလဖေဖော်ဝါရီလ ၂၄ ရက်)နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီဘော်ကံဘက်(ဆာအာခီဗေဒကင်းဗဲ)၊ အရေးပိုင်ရော်ဘစ်စံ(ရောဗတ်ဆန်)၊ တိုက်သမ္ဗာန်အုပ်ချုပ်သူ မင်းစပ်(ချတ်) တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ်ထားကြသည်။
 
စာချုပ်ပါ အချက်များမှာ -