သတ္တုတွင်းလုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၁၂ -
သတ္တုတွင်းလုပ်ငန်းသည် ယဉ်ကျေးမှုကိုတည်တံ့စေသော အခြေခံလုပ်ငန်းတစ်ရပ်ဟူ၍ဆိုနိုင်ပေသည်။
 
သတ္တုတွင်းလုပ်ငန်းကို သတ္တုရိုင်းရှာဖွေခြင်း၊ တူးဖေါ်ခြင်း၊တူးဖော်ခြင်း၊ သတ္တုထုတ်ယူခြင်း၊ ဟူ၍သုံးမျိုးခွဲခြားနိုင်သည်။ သတ္တုတွင်းရှာဖွေ ရာ၌ တစ်ယောက်စနှစ်ယောက်စ ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ်အဖွဲ့အစည်းဖြင့်ရှာဖွေသည်ဖြစ်စေ ရှာဖွေသူတို့သည် ဝတ္တုအမျိုးမျိုးကိုသိရှိရန်လိုသည့်အပြင်
သတ္တုဗေဒ၊ဘူမိဗေဒစသည့် ပညာရပ်များကိုတတ်မြောက်ကြရလေသည်။ ဤပညာရပ်များကိုတတ်မြောက်သူများပင်လျှင် တစ်ခါတစ်ရံ လချေး၊အိုင်းယန်းဆာလဖိုဒ်ကဲ့သို့သတ္တုရိုင်းများကို ရွှေဟူ၍၎င်း၊ ဂရက်ဖိုက်ကိုမော်လစ်ဒီနိုက်ဟူ၍၎င်းအထင် မှားတတ်ကြလေသည်။ မြေမျက်နှာပြင်ပေါ်ရှိ ကျောက်များ တွင်ကော့ပါး (ကြေးနီ)၊ အိုင်းယန်း(သံ)၊ မန်ဂနိ၊ မာကျူရီ(ပြဒါး)ကဲ့သို့သတ္တုအစအနများကိုတွေ့ရသော်လည်း
မြေအောက်သို့တူဖေါ်ကြည့်သောအခါမြေအောက်သို့တူဖော်ကြည့်သောအခါ မည်သည့်သတ္တုကိုမျှ မတွေ့ရဘဲ ရှိတတ်သည်။ တစ်ခါတစ်ရံသောင်ခုတ်စက်များဖြင့် ပင်လယ်ကမ်း များနှင့်မြစ်ထဲရှိသဲခုံများကိုတူးရာ မည်းနက်သောသဲများကိုရရှိသည်။ အချို့သူတို့သည်ထိုသဲမျိုးကို တွေ့ရှိ သောအခါ ရွှေသို့မဟုတ်၊ပလက်တီနမ်အမြောက်အမြား တွေ့ရှိပြီဟု ထင်မှတ်တတ်ကြ၏။
 
သတ္တုရိုင်းကိုရှေးအခါက လူတို့သည်ခြေကျင်ဖြစ်စေ၊ မြင်း၊ လား၊ လှေစသည်တို့ စီးနင်း၍ဖြစ်စေ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာ ရှာဖွေကြသည်။ ယခုခေတ်တွင်မူ ကားသယ်ယူပို့ဆောင်ရေး ကောင်းမွန်လာသည့်အလျောက် မော်တော်ကား၊ လေယာဉ်ပျံ စသည်ကဲ့သို့ ယာဉ်များကို အသုံးပြုလေ့ရှိသည်။
စာကြောင်း ၂၈ -
 
များသောအားဖြင့်ထိုသို့စမ်းသပ်နည်းမှာ နှစ်နည်းရှိရာ ပထမနည်းမှာ သတ်မှတ်ထားသောနယ်နိမိတ်အတွင်းရှိမြေကို တူးဖော်၍ ထိုမြေတွင် သတ္တုမည်မျှ ပါရှိသည်ကိုစစ်ဆေးသောနည်း ဖြစ်သည်။ ဒုတိယနည်းမှာ မြေတွင်းသို့နက်ရှိုင်းစွာတူးဖော်၍ မြေ၏အတွင်းသားတွင် သတ္တု မည်မျှပါရှိသည်ကိုစစ်ဆေးသော နည်းဖြစ်သည်။ ဒုတိယနည်းတွင်စိန်သွားတတ်ထားသော လွန်စက်ဖြင့် မြေထဲသို့အလွန်နက်ရှိုင်းစွာ ထိုးဖောက်
ကြည့်ကြ လေသည်။ ထိုသို့စမ်းသပ်၍သတ္တုများကို တူးဖော်နိုင် လောက်အောင် များများစားစားတွေ့ရှိရသောအခါ သတ္တုတွင်းဝ အနီးအနားတွင် အဆောက်အအုံများကို သပ်ရပ်စွာဆောက် လုပ်၍သတ္တုတူးဖေါ်သောလုပ်ငန်းကိုစတင်လုပ်ကိုင်ကြလေသည်။သတ္တုတူးဖော်ရာ၌လုပ်၍သတ္တုတူးဖော်သောလုပ်ငန်းကိုစတင်လုပ်ကိုင်ကြလေသည်။သတ္တုတူးဖော်ရာ၌ မြေပေါ်တူးဖော်နည်း (Surface Mining Method)နှင့် မြေအောက်တူးဖော်နည်း (Underground Mining Method)ဟူ၍ အဓိကနှစ်မျိုးရှိသည်။
 
မြေပေါ်တူးဖော်နည်းတွင်သတ္တုများကိုရေတွင်းများတူးသကဲ့သို့ (Open Pit Mining)တူးယူကြရ၍ များသောအားဖြင့်ဤနည်း ကို သံနှင့်ကြေးနီ တူးဖော်ရာ၌ အသုံးများသည်။ သတ္တုကြောသည်မြေအောက် ပေ၃ဝဝ ကျော်လောက်မှာ ရှိလျှင် သတ္တုရိုင်းကိုမြေပေါ်သို့ တင်ယူရသောစရိတ်မှာ အလွန်ကြီးလေးသဖြင့် မြေပေါ်တူးဖော်နည်းကို အသုံးပြုကြသည်။ ဤနည်းတွင်သတ္တုရိုင်းများကိုဒိုင်းနမိုက်ဖြင့်ဖြိုခွဲ၍ စက်ဂေါ်ပြားများ (Backhoe, Wheel Loader, Shovel)ဖြင့် မော်တော်ကား များပေါ်သို့တင်ဆောင်ပေးလေသည်။ သို့သော်တွင်းနက်လာသောအခါ နံရံတွင်ရှိသည့်ကျောက်တုံး များပြိုကျ၍ အလုပ်သမားများ ဒဏ်ရာရရှိတတ်သည်။ ရေဖြင့်ကျင်ယူသောနည်း (Panning)မှာလည်းမြေပေါ်တူးဖော်နည်းတွင် အကျုံးဝင်သည်။ ဤနည်းကိုရွှေနှင့်ငွေကဲ့သို့သော
သတ္တုများတူးဖေါ်ရာ၌သတ္တုများတူးဖော်ရာ၌ အသုံးပြုသည်။
 
သတ္တုရိုင်းကိုရေဖြင့်ကျင်ယူနည်းမှာ အမျိုးမျိုးရှိသော်လည်း သဘောမှာ တစ်မျိုးတည်း ဖြစ်သည်။ မြေအောက်တူးဖေါ်နည်းတွင်မြေအောက်တူးဖော်နည်းတွင် သတ္တုကြော၏
အထူ(Vein Width)အပါးကိုလိုက်၍ အမျိုးမျိုးတူးဖော်ယူကြသည်။ သတ္တုရိုင်းများကို တွင်းများမှ မြေပြင်ပေါ်သို့တင်ဆောင်ယူရသော စရိတ်သည် အလွန်ကြီးမားလွန်းရကား သတ္တုကိုတူးဖော်ရာ၌ စရိတ်ကျဉ်းနိုင်သမျှကျဉ်းအောင်ကြံစည်ကြရသည်။ ကျောက်ကမ်းပါးများနှင့်နီးကပ်သော တွင်းများတွင် လိုဏ်ခေါင်း (Adit)များ ကိုဆောက်လုပ်ယူကြသည်။ အချို့သော သတ္တုရိုင်းများကိုကျောက်မီး သွေးတွင်းများမှာကဲ့သို့ ပြွန်တွင်း (Circular-Shaft)များဖြင့် တူးဖော်ယူကြရလေသည်။