ဇိုရော့အက်စတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာသားအော်တိုစားထိုးဘော့ -ဖါ +ဖာ
စာကြောင်း ၁၅ -
ဇော်ရော့အက်စတာ သက်ရှိထင်ရှားနေချိန်အတွင်းတွင် သူ၏ဝါဒမှာ များစွာပျံနှံခြင်းမရှိပေ။သို့သော် နှစ်ပေါင်း၂၀၀ ကြာသော် ပါရှမင်းများက လက်ခံအားပေးသည့်အတွက် ပါရှ(အီရန်)တွင် ဦးဆောင်ဘာသာကြီးဖြစ်လာသည်။ [[မဟာအလက်ဇန္ဒား]] ပါရှကိုဝင်ရောက် သိမ်းပိုက်ချိန်တွင် '''ဇော်ရော့အက်စထရီယံဝါဒ'''မှာ အကြီးအကျယ်ကျဆင်းရသည်။ ပါရှတို့ ဂရိလက်အောက်မှ လွတ်ပြီးချိန်၊ဟယ်လင်နစ်ယဉ်ကျေးမှုမှ လွတ်ချိန်ရောက်မှ တဖန်ပြန်လည်တည်ထောင်ခွင့်ရခဲ့သည်။ ပါရှအင်ပါယာသစ်ဖြစ်သည့် [[ဆက်စနစ်အင်ပါယာ]](အေဒီ ၂၂၆-၆၅၁)(Sassanid Empire)ကို အုပ်စိုးသည့် မင်းဆက်များလက်ထက်တွင် နိုင်ငံတော်ဘာသာအဖြစ်နှင့် ပြန်လည်အားကောင်းလာခဲ့ပါသည်။သို့သော် ဂိုဏ်းခွဲငယ်ပေါင်း အများအပြား ကွဲပြားသွားခဲ့သည်။
 
ခရစ်နှစ် ၇ ရာစုဝန်းကျင်တွင် အာရေဗျမှ အာရပ်[[မူဆလင်]]တို့က အီရန်ကိုသိမ်းယူပြီးနောက် ဇော်ရော့အက်စတာဘာသာဝင် အများအပြားသည် [[အစ္စလာမ်ဘာသာ]]သို့ကူးပြောင်းသွားခဲ့သည်။သို့သော် လက်ကျန်ဘာသာဝင်များလည်းကျန်ရှိနေခဲ့ပြီး နောက်ပိုင်းတွင် အီရန်ပင်မကုန်းမြေမှ [[ဟောဇ်မုန်ကျွန်း]]ပေါ်သို့ တိမ်းရှောင်ခဲ့ကြသည်။ထိုမှ တဆင့် အိန္ဒိယသို့ ရောက်ရှိသွားသည်။ အိန္ဒိယလူမျိုးတို့က ၎င်းတို့ကို '''ဖါရစီဖာရစီ''' ဟုခေါ်ကြပြီး ယနေ့တိုင်လူဦးရေ တစ်သိန်းကျော်ခန့် ရှိသေးသည်ဟုဆိုသည်။ [[အိန္ဒိယနိုင်ငံ]] ၊ ဘုံဘေဝန်းကျင်တွင်နေထိုင်ကြပြီး အီရန်တွင်လည်း ဇော်ရော့အက်စတာဘာသာဝင် နှစ်သောင်းခန့် ကျန်ရှိသေးသည်။
 
နောင်တစ်ချိန်တွင် ပေါ်ထွန်းလာသည့် ဘာသာရေးခေါင်းဆောင် [[မနိ]](Mani)သည် သူ၏ မနိရှေအစ်ဇမ်ဝါဒ (Manicheaism)တွင် ဇော်ရော့အက်စတာ၏ အကောင်းနှင့်အဆိုး အားပြိုင်ခြင်း သဘောတရားကို တိုက်ရိုက်ယူငင်၍ တိုးတက်အောင် ပြင်ဆင်သုံးစွဲခဲ့ သည်ကိုတွေ့ရသည်။