အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လက်ရွေးစဉ် +လက်ရွေးစင်)
အရေးမကြီး စာသားအော်တိုစားထိုးဘော့ -ဖါ +ဖာ
စာကြောင်း ၁၀၉ -
၁၉၃၉ ခုနှစ် စက်တင်ဘာလတစ်ရက်နေ့တွင် [[ပိုလန်နိုင်ငံ]]ကို ဂျာမန်စစ်တပ်များက ဝင်ရောက်တိုက်ခိုက်သာအခါတွင် မူဆိုလီနီသည် ထောက်ခံအားပေးခြင်း မပြုသေးဘဲ၊ စေ့စပ်ရေးအတွက် ကြိုးစားခဲ့လေသည်။ ကမ္ဘာစစ်ကို အချိန်ဆွဲထားလိုသေးသော ပြင်သစ်နှင့်အင်္ဂလိပ်တို့ကလည်း မူဆိုလီနီ၏ စေ့စပ်ရေးကို သဘောတူကာ ဂျာမန်စစ်တပ်များကို ပိုလန်နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် တောင်းဆိုကြလေသည်။ သို့ရာတွင် အာဏာရှင်ဟစ်တလာသည် စေ့စပ်ရေးကို လျစ်လျူရှုလိုက်သဖြင့် မူဆိုလီနီသည် ဝါဒတူ ဟစ်တလာဘက်သို့ လိုက်ပါ၍ အင်္ဂလိပ်နှင့်ပြင်သစ်တို့အား ဒုတိယကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
 
ဤသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် မူဆိုလီနီသည် အာဖရိကတိုက်မြောက်ပိုင်းနှင့် အီတလီ အနောက်မြောက်နယ်စပ်တွင် စစ်မျက်နှာဖွင့်ခဲ့လေသည်။ ပထမတွင် မဟာမိတ်တပ်များ အသင့်ပြင်ဆင်ပြီး မရှိသေးသည်နှင့် အာဖရိကစစ်မျက်နှာတွင် အီတာလျံတို့ အရေးသာလျက်ရှိသော်လည်း ၁၉၄ဝ ပြည့်နှစ် ကုန်လောက် တွင် မဟာမိတ်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတာလျံတို့ အရေးရှုံးနိမ့်ကာ ဆုတ်ခွာခဲ့ရလေသည်။ ဤသို့ရှိစဉ် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကိုဖြတ်၍ ဂရိနိုင်ငံသို့ ချီတက်တိုက်ခိုက်လေသည်။ ဂရိစစ်မျက်နှာတွင်လည်း ဂျာမန်စစ်တပ်များက ကူညီမှသာအီတာလျံတို့ ထင်တိုင်းပေါက်ကာ ယူဂိုစလားဗီးယားနိုင်ငံ တပိုင်းတစနှင့် ဂရိနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဆန်းစတွင်ကား အီတာလျံတို့သည် စစ် မျက်နှာတိုင်းတွင် အရှုံးကြီး ရှုံးနေသဖြင့် ဂျာမနီနိုင်ငံက ကူညီခဲ့ရလေသည်။ အာဖရိကတိုက်မြောက်ပိုင်းသို့ ဂျာမန်စစ်ကူတစ်သိန်းကျော်ပို့သဖြင့် မဟာမိတ် တို့ ဒုတိယအကြိမ် နောက်ဆုတ်ရပြန်၏။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဂျာမန်နှင့် ဣတာလျံ စစ်တပ်များသည် အီဂျစ်နယ်စပ်ကိုပင် ဖြတ်ကျော်နိုင်ခဲ့ပေသည်။ သို့သော် မကြာမီ အာဖရိကတိုက် မြောက်ပိုင်းစစ်မျက်နှာတွင် ဗြိတိသျှစစ်တပ်များသည် အင်အားတောင့်တင်းလာပြန်သောကြောင့် အီသီအိုးပီးယားနိုင်ငံကိုပင် ပြန်လည်သိမ်းယူလိုက်ကြလေသည်။ ထိုအချိန်လောက်မှစ၍ အီတလီ၏ စစ်အခြေအနေမှာ တဖြည်းဖြည်း နိမ့်၍ ဆင်းခဲ့သောကြောင့် နေရာတိုင်းတွင် ဂျာမနီကို အားကိုအားထား၍ အင်အားဖြည့်တင်းခဲ့သော်လည်း အရေးနိမ့် မြဲ နိမ့်လျက်သာရှိခဲ့ရာ၊ ၁၉၄၃ ခုနှစ် မေလတွင် အာဖရိကတိုက်မြောက်ပိုင်းမှ ဝင်ရိုးတန်းစစ်တပ်များ စစ္စလီကျွန်းအထိ ဆုတ်ခွာခဲ့ကြရလေသည်။ ထိုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် မဟာမိတ်စစ်တပ်များက စစ္စလီကျွန်းကို တက်ရောက်တိုက်ခိုက်သောအခါ အီတာလျံဖက်ဆစ်ကောင်စီအဖွဲ့ကြီးတွင် အပြင်းအထန် အခြေအတင် ပြောဆိုပြီးနောက် မူဆိုလီနီကို ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ အကျဉ်းချထားခဲ့ပြီးလျှင် မာရှယ်ဗဒေါ့လျိုအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ကြလေသည်။ ထိုအခါ ဟစ်တလာသည် မူဆိုလီနီအား အချုပ်မှ ခိုးယူကယ်တင်ကာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အီတလီမြောက်ပိုင်း၌ ဖက်ဆစ်သမ္မတအစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ရန် ကူညီခဲ့လေသည်။ ဗဒေါ့လျိုအစိုးရသည် မဟာမိတ်တို့ဖြင့် စစ်ပြေငြိမ်းရန် စေ့စပ်သော်လည်း နောက်ကျခဲ့ပြီ ဖြစ်သောကြောင့် ၁၉၄၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ခြွင်းချက်မရှိ လက်နက်ချလိုက်ရလေတော့သည်။ အုပ်ချုပ်ရေးကို ဗဒေါ့လျိုအား ပြန်လည်ပေးအပ်သော်လည်း ၁၉၄၄ ခုနှစ်တွင် ဗဒေါ့လျိုရာထူးမှ နုတ်ထွက်လိုက်သဖြင့် ဆိုရှယ်လစ်ခေါင်းဆောင်ကြီး အီဗနိုဗိုနိုမီသည် ဝန်ကြီးချုပ် ဖြစ်လာလေသည်။ အီတလီနိုင်ငံမြောက်ပိုင်းကို ဂျာမန်တို့ ကြိုးကိုင်သော မူဆိုလီနီ၏ ရုပ်သေးအစိုးရက အုပ်ချုပ်နေခဲ့သေးသည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တို့သည် အီတလီမြောက်ပိုင်းသို့ တိုက်စစ်ဆင်၍ ချီတက်ခဲ့လေသည်။ မဟာမိတ်တို့အား လိုလားသည့် အီတာလျံလူမျိုးများစွာက ဟစ်တလာနှင့် မူဆိုလီနီတို့၏ စစ်တပ်နောက်ပိုင်းမှနေ၍ အနှောက်အယှက်ပေးကာ မဟာမိတ်စစ်တပ်များကို ကူညီခဲ့ကြ၏။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင် မူဆိုလီနီသည် သူ၏ဇနီး၊ သူ၏အစိုးရအဖွဲ့ဝင်တို့နှင့်အတူ ဆွစ်ဇာလန်သို့ ထွက်အပြေး နယ်စပ်ရှိ ကိုးမိုအိုင်အနီးတွင် ကွန်မြူနစ်ပါတီဝင်များကမိသဖြင့် အားလုံးကို ပစ်သတ်လိုက်လေသည်။ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသော်လည်း အီတလီနိုင်ငံတွင်မူကား ပြည်တွင်းရေးများ ရှုပ်ထွေးလျက်ပင် ရှိသေး၏။ ပြည်တွင်းရေး အရှုပ်အထွေးများအတွင်း ဗိုနိုမီ၏အစိုးရအဖွဲ့ နုတ်ထွက်လိုက်ရာ ဖါရုချီပါရီသည်ဖာရုချီပါရီသည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ကာ အစိုးရအဖွဲ့ဖွဲ့၍ အုပ်ချုပ်လေသည်။ ထိုအစိုးရအဖွဲ့ လက်အောက်တွင်လည်း ပြည်တွင်းရေး တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆူပူလှုပ်ရှားလာသဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့ဝင် အခြားသောနိုင်ငံရေးအဖွဲ့ များ၏ ကိုယ်စားလှယ်များ ရာထူးမှ နုတ်ထွက်ကြသဖြင့်လည်းကောင်း ဝန်ကြီးချုပ်ပါရီလည်း ရာထူးမှ နုတ်ထွက်ရပြန်လေသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အယ်ဆီဒီ ဒါဂက်စပါရီဆိုသူ ဝန်ကြီးချုပ်အဖြစ်နှင့် ညွှန်ပေါင်းအစိုးရအဖွဲ့တစ်ခု ထပ်မံ ဖွဲ့စည်းခဲ့ပြန်လေသည်။ ဒီမိုကရေစီစနစ်အရ ဖွဲ့စည်း အုပ်ချုပ်ခဲ့သော်လည်း အီတလီနိုင်ငံတွင် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် ဘုရင်အသစ်ရလျှင် အီတလီနိုင်ငံသားတို့က ဘုရင့်အစိုးရကို ထောက်ခံကြလိမ့်မည်ဟု မြှော်လင့်ကာ ၁၉၄၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ထီးနန်းစွန့်ပြီးလျှင် သူ၏သားတော်ဟမ်းဗတ်အား ဒုတိယဟမ်းဗတ် အဖြစ် ထီးနန်းဆက်ခံစေသည်။ သို့ရာတွင် ထိုနှစ်အတွင်း ကျင်းပသော လူထုဆန္ဒခံယူပွဲတွင် သမ္မတအစိုးရ တည်ထောင်လိုသူများက အနိုင်ရသွားလေရာ ဒုတိယဟမ်းဗတ်ဘုရင်သည်လည်း နန်းသက် ၃၅ ရက်ခန့်မျှနှင့် ထီးနန်းမှ ဆင်းရလေတော့သည်။ အရိချို ဒါနိကိုလာသည် အီတလီနိုင်ငံ၏ ပထမဆုံး ယာယီသမ္မတဖြစ်၏။ ၁၉၄၈ ခုနှစ်တွင် အိုင်နိုဒီအား သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြလေသည်။ သမ္မတ၏သက်တန်းမှာ ခုနစ်နှစ် ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
==ကိုးကား==