သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

→‎မင်းဆရာဖြစ်ခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး အော်တိုစားထိုးဘော့ -ပရိတ်သတ် +ပရိသတ်
 
စာကြောင်း ၃၈ -
မြန်မာသက္ကရာဇ် ၈၅၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် "ကြားပိမ့်ကျက်သရေ၊ အောင်မြင်စေအံ့" ဟုအစချီသည့် [[တံတားဦး မင်္ဂလာစေတီတော်|တံတားဦးမင်္ဂလာစေတီတော်ကြီး]]၏ အလည်ဌာပနာတိုက်ကို အကြီးအကျယ် တည်ထားသောအခါ ဆရာတော်သည် တံတားဦးမင်္ဂလာစေတီမော်ကွန်းကို စတင်ရေးသားခဲ့သည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်သည် "သုံးဆယ့်နှစ်ပါး ထင်ရှားလက္ခဏာ" အစချီသော တံတားဦးစေတီမော်ကွန်းကို ရေးသားစီရင်ပြီး ဘုရင့်ထံသို့ဆက်သွင်းပြီးဖြစ်ကြောင်း သိရှိရသောအခါ ရေးလက်စ မော်ကွန်းကို ဆက်လက်မရေးသားတော့ဘဲ ရေးပြီးသား ပရပိုက်တို့ကို ဖျက်ဆီးပစ်ရန် တပည့်များအား စေခိုင်းခဲ့သည်။ တပည့်များက ဖျက်စီးရန် နှမြော၍ သိမ်းဆည်းထားသောကြောင့် ယနေ့အထိ ကျန်ရှိနေခဲ့သည်။
 
ဆရာတော်သည် အင်းဝတွင် သီတင်းသုံးနေစဉ် အင်းဝမြို့တော်သို့ မကြခဏ ကြွရောက်ရလေ့ ရှိသည်။ အကြောင်းမှာ နန်းတော်တွင်း ရှင်ဘုရင်သည် ပရိတ်သတ်နှင့်တကွပရိသတ်နှင့်တကွ စာပွဲတော်ခံလေ့ ရှိသောကြောင့် ဖြစ်သည်။ စာပွဲတော်တွင် ရှင်ဘုရင်သည် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့၏ စာများကို ရွှေကလပ်တွင်ထည့်၍ စာဆိုများကို အသီးသီး ဖတ်ကြားစေသည်ဟု ဆိုသည်။ ဤသို့ဖြင့် ရှင်မဟာ သီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့သည် နန်းတော်အတွင်း အပြိုင်အဆိုင် စာဆိုတော်များ ဖြစ်လာကြသည်။
 
တစ်နေ့တွင် ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့နှင့် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် လင်္ကာကြီးကို စာပွဲသဘင်ကျင်းပနာယူကြသည်။ နှစ်ခုလုံးမှာ ကောင်းမွန်လှ၍ ပရိတ်သတ်များပရိသတ်များ နှစ်ထောင်းအားရ အားပေးကြလေသည်။ ဘုရင်က ပါရမီတော်ခန်းပျို့မှာ ကောင်းမွန်လှကြောင်း ချီးမွန်းသည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်က ဘုရားတို့မည်သည် ပါရမီဖြည့်ခြင်းမတိုင်မီ ဆုတောင်းခြင်းကို အရင်ပြုရသည်၊ ယခုမူကား ဒေသနာအစဉ် မညီမညွတ်ဖြစ်လေပြီဟုဆိုသည်ကို ကြားသိရသောအခါ ရှင်မဟာသီလဝံသသည် ကျောင်းသို့ပြန်၍ ဆုတောင်းခန်းပျို့ကြီးကို ၃ ရက်အတွင်း အပြီးသတ် ရေးသားခဲ့သည်ဟူဆိုသည်။
 
ဤသို့ ရှင်နှစ်ပါး ပညာပြိုင်ဆိုင်ကြ၍ အင်းဝခေတ်တွင် မြန်မာစာပေအတွက် အဖိုးမဖြတ်နိုင်သော ကဗျာ လင်္ကာ စာပေများပေါ်ထွက်ခဲ့ရသည်ဟူ ပညာရှင်များက မှတ်ချက်ပြုကြသည်။