နိုင်ငံတကာ ကလေးမွေးစားခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ယောက်ျား
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အပ်ပါသည် +အပ်သည်)
စာကြောင်း ၁ -
နိုင်ငံတကာ ကလေးမွေးစားခြင်း (နိုင်ငံတစ်ခုနှင့်တစ်ခုအကြားကလေးမွေးစားခြင်း သို့မဟုတ် နိုင်ငံအများအပြားတို့နှင့် ပတ်သက်သော ကလေးမွေးစားခြင်းဟုလည်း ရည်ညွှန်းသည်) လူတစ်ဦးချင်း သို့မဟုတ် လင်မယား၊ ယောက်ျားမိန်းမစုံတွဲတို့ မတူညီသောနိုင်ငံမှ နိုင်ငံသား ကလေးတစ်ယောက်၏ တရားဥပဒေနှင့် အညီဖြစ်သော၊ ထာဝစဉ် မိဘများဖြစ်လာခြင်းဖြစ်သော ကလေးမွေးစားခြင်းမျိုး ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကလေးမွေးစားလိုသော မိဘလောင်းများသည် ၎င်းတို့နေထိုင်ရာ နိုင်ငံနှင့် ကလေးနိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံတို့၏ တရားဥပဒေနှင့်အညီဖြစ်သော လိုအပ်ချက်များနှင့် ပြည့်စုံရပါမည်။
 
နိုင်ငံတကာ ကလေးမွေးစားခြင်းသည် ကွဲပြားသော ယဉ်ကျေးမှုများ သို့မဟုတ် လူမျိုးကွဲများပါဝင်ပတ်သက်သော ကလေးမွေးစားခြင်းနှင့် မတူပါချေ။ အမျိုးမျိုးသော နိုင်ငံများ၏ ဥပဒေများသည် နိုင်ငံတကာ ကလေးမွေးစားခြင်းကို ခွင့်ပြုရာ၌ ယင်းတို့၏ လိုလားမှုအပေါ် မူတည်၍ ကွဲပြားကြပါသည်။ နိုင်ငံတကာ ကလေးမွေးစားခြင်းများကို အခြားနိုင်ငံများက ရှင်းလင်းစွာ တားမြစ်ထားသော်လည်း၊ တရုတ်နှင့် ကိုရီးယားနိုင်ငံများကဲ့သို့ နိုင်ငံများတွင် စည်းကမ်းများနှင့် နည်းလမ်းများ ကောင်းစွာပြဋ္ဌာန်းထားပါသည်။ နိုင်ငံအချို့ အထူးသဖြင့် အာဖရိကနိုင်ငံအများအပြားတွင် နိုင်ငံတကာ ကလေးမွေးစားခြင်းအများစုကို လက်မခံဘဲ ပယ်ရှားနိုင်သည့် အကျိုးသက်ရောက်မှုရှိသည့် မွေးစားမိဘများအတွက် အမြဲတမ်း နေထိုင်နိုင်ခြင်းနှင့် ဆိုင်သောလိုအပ်ချက်များ ရှိပါသည်။ ဥပမာအားဖြင့် မာလာဝီနိုင်ငံသည် အထူးအခြေအနေများမှ လွဲ၍ အမြဲတမ်းနေထိုင်ခြင်း လိုအပ်ပါသည်။လိုအပ်သည်။
 
==ဆောင်ရွက်ပုံနည်းလမ်းအပေါ် သုံးသပ်ချက်==
နိုင်ငံတကာ ကလေးမွေးစားခြင်း ဆောင်ရွက်ပုံနည်းလမ်းကို အစပြုရန်အတွက် လိုအပ်သောအချက်များသည် မွေးစားသော မိဘ(များ)၏ နိုင်ငံအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။ ဥပမာပြရလျှင်၊ နိုင်ငံအများစုတွင် မွေးစားလိုသော မိဘလောင်းများသည် မွေးစားဖို့ခွင့်ပြုချက် ဦးစွာရယူဖို့ လိုအပ်ပါသည်။လိုအပ်သည်။ အချို့နိုင်ငံများတွင် ခွင့်ပြုချက်ကို နိုင်ငံတော် အဖွဲ့အစည်းတစ်ခုမှသာ ရယူနိုင်ပါသည်။ သို့သော် အချို့နိုင်ငံများတွင် ပုဂ္ဂလိက မွေးစားခြင်းဆိုင်ရာ အဖွဲ့အစည်း တစ်ခုမှ ရယူနိုင်ပါသည်။
 
ကလေးမွေးစားမည့်မိဘလောင်းများ၏ သတင်းအချက်အလက်အများအပြားပါဝင်သော ကိုယ်ရေးရာဇဝင်ကို မွေးစားမည့်ကလေးနိုင်ငံ၏ လိုအပ်ချက်အတိုင်း ပြင်ဆင်သည်။ ထုံးစံအားဖြင့် ယင်းကိုယ်ရေးရာဇဝင်တွင် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်၊ နောက်ခံရာဇဝင်စစ်ဆေးချက်၊ လက်ဗွေရာများ၊ လူမှုရေးဝန်ထမ်းတစ်ဦးကမွေးစားမည့်မိဘလောင်းများ၏နေအိမ်နှင့်နေထိုင်မှုပုံစံအပေါ် လေ့လာသုံးသပ်ချက်၊ မိဘလောင်းများ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ဆရာဝန် အစီရင်ခံစာနှင့် အခြား ထောက်ခံချက် အကြောင်းအရာများ ပါဝင်ပါသည်။ ထပ်လောင်း၍ လိုအပ်ချက်များမှာ နိုင်ငံတစ်ခုနှင့်တစ်ခုသာမက ရုရှားနိုင်ငံကဲ့သို့ ကျယ်ပြောသော နိုင်ငံမျိုးများတွင် ဒေသတစ်ခုနှင့် တစ်ခုပင် အလွန်အမင်းကွဲပြားနိုင်ပါသည်။ ယင်းကိုယ်ရေးရာဇဝင် ပြင်ဆင်ပြီးသွားသည့်အခါ ကလေး၏နိုင်ငံရှိ သင့်လျော်သော အာဏာပိုင်များထံ စစ်ဆေးသုံးသပ်ရန်အတွက် တင်ပြရပါသည်။
စာကြောင်း ၁၁ -
 
နိုင်ငံအပေါ်မူတည်၍ မိဘလောင်းများသည် ဥပဒေအရ ဆောင်ရွက်မှုများ ပြီးစီးရန်အတွက် နိုင်ငံရပ်ခြားသို့ တစ်ခေါက်ထက်ပို၍ ခရီးသွားကောင်း သွားရနိုင်ပါသည်။ အချို့နိုင်ငံများသည် ကလေးအား အစောင့်အကြပ်ဖြင့် မွေးစားမည့် မိဘတို့၏နိုင်ငံရှိအိမ်သို့ သွားရောက်ခြင်းကို ခွင့်ပြုထားပြီး၊ မွေးစားမည့်မိဘများ ယင်းတို့မွေးစားမည့် ကလေး၏နိုင်ငံသို့ သွားလာရန်မလိုပေ။
ထုံးစံအားဖြင့် ဤနေရာမှစတင်ကာ မွေးစားမိဘတို့၏ တရားဝင်နိုင်ငံသားတစ်ဦးအဖြစ် ပြုလုပ်ရန် သို့မဟုတ် ပြန်လည်မွေးစားရန်အတွက် စာရွက်စာတမ်းများကဲ့သို့ လိုအပ်ချက် အများအပြားရှိလာပါသည်။ ထို့အပြင် မွေးစားမိဘများအသုံးပြုသည့် နေရာချထားပေးသည့် အဖွဲ့အစည်းကဖြစ်စေ၊ သို့မဟုတ် ကလေးအားမွေးစားသည့် နိုင်ငံ၏ဥပဒေအရဖြစ်စေ လူမှုရေးဝန်ထမ်းတစ်ဦးက တစ်ခေါက် သို့မဟုတ် တစ်ခေါက်ထက်ပိုသည့် နောက်ဆက်တွဲ သွားရောက်လည်ပတ်မှုများ(သို့မဟုတ် "နေရာချထားပြီးနောက်") ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါမည်။ အမေရိကန်နိုင်ငံတွင် ကလေးနိုင်ငံသားအဖြစ် ခံယူမှု အက်ဥပဒေ ၂၀၀၀ ကို လိုက်နာသောအားဖြင့် မွေးစားသည့် မိဘ အနည်းဆုံးတစ်ဦးက အမေရိကန် နိုင်ငံသားဖြစ်လျှင် မွေးစားခံရသည့် နိုင်ငံခြားတိုင်းပြည်ဖွား ကလေးများကို အလိုအလျောက် နိုင်ငံသားအဖြစ် ပေးအပ်ပါသည်။ပေးအပ်သည်။ မွေးစားသည့် အကြောင်းခြင်းရာပေါ်မူတည်ပြီး နိုင်ငံသားအဖြစ် လက်တွေ့ပေးအပ်ခြင်းသည် အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူအဖြစ် ကလေးပြည်ဝင်ခွင့်ရရှိသည့်အခါ သို့မဟုတ် မိဘတိုင်းပြည်၏ တရားစီရင်ပိုင်ခွင့်အရ ကလေးမွေးစားပြီးသည့်အခါတွင် ဖြစ်ပါသည်။
 
==ကလေးများနှင့် မွေးစားမိဘများ၏ အရင်းအမြစ်များ==