အဝေးကြည့်မှန်ပြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အပ်ပါသည် +အပ်သည်)
စာကြောင်း ၃၀ -
ဟေလီမှန်ပြောင်းသည် ကမ္ဘာ့အကြီးဆုံးအဝေးကြည့်မှန်ပြောင်းအဖြစ် နှစ်ပေါင်း ၅၀-ခန့် တည်ရှိခဲ့ပါသည်။ မှန်ပြောင်းကြီးတခုလုံး၏ အလေးချိန်မှာ မက်ထရစ်တန် ၄၈၀-ဖြစ်ပြီး မှန်ဘီလူးအပေါက်၀ အကျယ်မှာ လက်မ ၂၀၀-ဖြစ်ပါသည်။ မှန်ဘီလူးမှန်တခုတည်း၏ အလေးချိန်မှာ ၁၃-တန် လေးပါသည်။ အဆိုပါ မှန်ဘီလူးကြီးကို အဝေးကြည့်မှန်ပြောင်းအဖြစ်သာမက ဓာတ်ပုံရိုက်ယူရန်အတွက်၎င်း၊ အလွန်ဝေးကွာသော ကြယ်တာရာများက ထုတ်လွှတ်နေသည့် လျှပ်စစ်သံလိုက်လှိုင်းများကို ဖမ်းယူရန်အတွက်၎င်း၊ အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။ ဤမှန်ပြောင်းကြီးကို အသုံးပြု၍ ကျွန်ုပ်တို့နေထိုင်ရာ စကြ၀ဠာကြီးသည် ဘေးသို့ တဖြည်းဖြည်း ပျံ့ကားနေကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ ထို့အပြင် ကွာဆာခေါ် အလင်းလွှတ် ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသည်။
 
ယခုအချိန်အထိ အကြီးဆုံးအဝေးကြည့်မှန်ပြောင်းမှာ အမေရိကန်ပြည်ထောင်စု အရီးဇိုနားပြည်နယ် ဂရေဟမ်တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသော အ​ဝေးကြည့်မှန်​ပြောင်းပင် ဖြစ်ပါသည်။ ၎င်းသည် ဘိုင်နိုကူလာခေါ် နှစ်လုံးပြူအ​ဝေးကြည့်မှန်​ပြောင်းကြီး ဖြစ်ပြီး မှန်ဘီလူးအပေါက်၀အချင်းမှာ ၁၁.၈ -မီတာရှိပါသည်။ ၎င်းကို ၂၀၀၇-ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။ပြန်လည်ဖြေကြားအပ်သည်။<ref>သန်းမင်းထွဋ် (မင်္ဂလာမောင်မယ် ၂၀၁၀-ဖေဖော်ဝါရီလ) </ref>
 
== အဝေးကြည့်မှန်ပြောင်း အမျိုးအစားများ ==