ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး copyedit issue
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၄၉ -
 
== ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပါး ==
မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် [[ပျူခေတ်]]က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိုင်းတွင် ပုပ္ပါးတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်ပါသည်။ဖြစ်သည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ
(၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပါးတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊
(၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနှင့်
(၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံ နယ်အဖြစ် အရေးပါလာခြင်းတို့ ဖြစ်ပါသည်။ဖြစ်သည်။
 
ဤအချက်သုံးရပ်ကို အနည်းငယ် တိုးချဲ့ ရှင်းလင်းပြပါမည်။
 
ခေတ်သစ် မြန်မာသမိုင်းဆရာများ အဆိုအရ မြန်မာတို့သည် ပျူတို့နောက်မှ ဤမြေ၊ ဤရေဒေသသို့ ရောက်ရှိလာ ခဲ့ကြသူများဖြစ်ပြီး တတ္ထဒေသဟုခေါ်သော ဤအရပ်၌ပင် အရိမဒ္ဒန (ရန်မျိုးနှိမ်) မြို့ဟုခေါ်သော ပုဂံမြို့တော်ကို တည်ဆောက်၍ အုပ်ချုပ်လာခဲ့ကြသူများ ဖြစ်သည်။ ယင်းတို့သည် ပျူတို့ထံမှ ကောင်းမွေဆိုးမွေများကို ရရှိခံ စံခဲ့ကြ ပါသည်။ ထို့ကြောင့် ပုပ္ပားအကြောင်းကို ပုဂံခေတ်မတိုင်မီက စာပေအထောက်အထား မရရှိသော်လည်း ပုဂံသူ၊ ပုဂံသားတို့အနေဖြင့်မူ ယင်းတို့ အရင် နေထိုင်သွားခဲ့ကြသော ပျူတို့ထံမှ သိတန်သမျှ သိခဲ့ကြပါမည်ဟု ထင်ပါသည်။ ထိုတောင်ကို နတ်တောင်အဖြစ် စတင်ပြုလုပ်ခဲ့သည်မှာလည်း ပျူတို့ထံမှရရှိသော အမွေပင် ဖြစ်နိုင်ကောင်းပါမည်။ အကြောင်းမှာ ပျူမင်းထီး လက်ထက် မြန်မာမင်းတို့ ပုပ္ပားတောင်တက်ပွဲကို နှစ်စဉ် စတင်ကျင်းပခဲ့ကြောင်း ဆိုလာသောကြောင့် ဖြစ်ပါသည်။ဖြစ်သည်။ (ကုလား၊ ပ၊ ၁၄၂)
 
မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တောင်တက်ပွဲကျင်းပခဲ့သည်ကိုမူ အထင်အရှား မသိရပေ။ စင်စစ်မြင့်မြတ်သော နတ်တောင်ဟု အသိအမှတ်ပြုထားသောကြောင့်သာဟု ထင်မိပါသည်။ မည်သည့်နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်နေမှုမျိုး စောစောပိုင်းက မရှိသေးဟုလည်း တွေးဆရသည်။
စာကြောင်း ၆၂ -
ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း ([[အေဒီ]] ၃၄၄-၃၈၇){{ကိုးကားချက်လိုသည်}} လက်ထက် ရောက်သောအခါ ပုပ္ပား၏ သမိုင်းကြောင်း ပြောင်းလဲစပြုပြီဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင်နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပားတွင် တင်ထား လျက် ပြည်သူတို့အား ကိုးကွယ်စေခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့အားလည်း မဟာဂီရိ နတ်မောင်နှမဟု တွင်စေခဲ့သည်။ မဟာဂီရိ ဟူသည်မှာ ကြီးမြတ်သော တောင်တော်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြင့် ပုပ္ပါးသည် ပြည်သူတရပ်လုံး ကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့ လေတော့သည်။
 
မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် မင်းမဟာဂီရိကို အမည်နာမဖြင့် အစောဆုံး သိရှိခွင့်ရသော နတ်တပါး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန္တလေး ရတနာပုံခေတ်တိုင် စဉ်ဆက်မပြတ် ထားရှိ ကိုးကွယ်ခဲ့ကြဟန် ရှိပါသည်။ အဓိပ္ပာယ်မှာ ယင်းသည် တိုင်းပြည်နိုင်ငံစောင့်နတ်၊ အိမ်စောင့်နတ် (Guardian Spirit) ဟု ယုံကြည်လာခဲ့သောကြောင့် ဖြစ်လေသည်။ မင်းမှအစ ပြည်သူတရပ်လုံး တနှစ်တကြိမ် ထိုနတ်မောင်နှမကို ဖူးမြော်ရကြောင်းဆိုသဖြင့်လည်း မြန်မာတို့နတ် ကိုးကွယ်မှု အမြစ်တွယ်နေပြီ ဖြစ်ကြောင်း သိသာလေတော့သည်။ ယင်းကို အနိရုဒ္ဓနှင့် ရှင်အရဟံတို့၏ ထေရဝါဒဗုဒ္ဓသာသနာတော်က ချုပ်ငြိမ်းကွယ်ပျောက်သွားအောင် မတတ်နိုင်ခဲ့ပါ။ ယနေ့တိုင် မြန်မာအိမ်တိုင်းလောက်နီးပါး၌ အိမ်တွင်းမင်းမဟာဂီရိဟူ၍ ထားရှိကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။ဖြစ်သည်။
 
ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန် တူပါသည်။ ရာဇဝင်တော်ကြီး တွင် ယင်းမင်းဖြစ်ပုံကို အသေအချာဖော်ပြမထားပေ။ သို့သော် ဥမျိုးမင်းမျိုးမှ ဆင်းသက်လာသူ မဟုတ်သောကြောင့် မဟာဂီရိနတ်က စကားမပြောဟုဆိုသဖြင့် ယင်းဒဏ္ဍာရီ၏နောက်တွင် တွေးတောစရာများ များစွာ တွေ့ရှိရသည်။ ရာဇဝင်ဆရာကြီး တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကမူ ယင်း၏ရာဇဝင်သစ်၌ ဤသို့ဖော်ပြခဲ့ပေသည်။
စာကြောင်း ၉၇ -
တုမရှိ။ (မြန်မာစာညွန့်ပေါင်းကျမ်း၊ပ၊ ၁၅-၁၆)<br />
 
အစဉ်အလာအရ ပုဂံခေတ်က ကဗျာဟုဆိုသော်လည်း ဝေါဟာရအချို့တို့မှာ ပုဂံခေတ်၌ မတွေ့ရှိရဖူးသေးသဖြင့် ချင့်ချိန်ဖွယ်ရာဖြစ်ပါသည်။ချင့်ချိန်ဖွယ်ရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ပုပ္ပားနှင့် စံကားပန်း၊ ပုပ္ပားနှင့် နတ်တောင်တို့ တွဲမိနေသည်ကိုမူ တွေ့ရှိနေရသည်။ စာက ပုဂံခေတ် မဟုတ်သည်တိုင် အကြောင်းအရာက ပုဂံခေတ်ကို ညွှန်းသည်ဟုပင် ဆိုရပါမည်။ သို့ဖြင့် ပုပ္ပား၏ ဒဏ္ဍာရီဇာတ်လမ်းများကလည်း နှောင်းလူတို့အတွက် သာ၍ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဖြစ်လာရ လေတော့သည်။
 
ထို့ထက် နောက်ကျမည် ယူဆရသော ပုပ္ပားတောင်နှင့် နတ်မောင်နှမဘွဲ့ အချင်းငယ် ကဗျာတပုဒ်ကိုလည်း တွေ့ရှိ ရဖူးသေးသည်။ ထိုကဗျာက ပုပ္ပါး၏ ရှေးက အနေအထားကို ဖော်ပြပေးသဖြင့် မျက်မှောက် အနေအထားတို့ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်နိုင်ပေသည်။ စင်စစ် ယင်းကဗျာစာပေတို့သည် အင်းဝခေတ်ထက် စောနိုင်စရာမရှိဟု ယုံကြည်ရပါသည်။ နောက်ကျကောင်းသာ နောက်ကျမည်ဖြစ်ပါသည်။နောက်ကျမည်ဖြစ်သည်။ ထိုကဗျာ၊ လင်္ကာများသည် ပုပ္ပား၏ ရှေးက ပထဝီဝင် အနေအထားကို ပြောပြနေဘိသကဲ့သို့ ရှိနေပါသည်။ ခံစားကြည့်ပါ။
 
ပုပ္ပားတောင်သည်<br />
စာကြောင်း ၁၂၈ -
သာစွလေ (ဦးချမ်းမြနှင့် ဦးမောင်မောင်ကြီး။ ကဗျာလက်ရွေးစင် ခုနှစ်မပါ၊ မျက် ၈)။<br />
 
ဤအချင်းငယ်သည် ပထဝီဝင်သဘောအရလည်းကောင်း၊ သမိုင်းသဘောအရလည်းကောင်း အရေးပါလေသည်။ ပုပ္ပားတောင်သည် တောဖုံးနေသောတောင် တောတောင်တို့ဖြင့် စိမ်းလန်းစိုပြေနေသောကြောင့် ရာသီဥတုကောင်းသောတောင်၊ ရေထွက်စမ်းများဖြင့် သာယာလှပသောတောင်၊ ထိုသာယာလှပသောတောင်၌ နတ်မောင်နှမတို့ စံပျော်နေကြောင်းကို ရိုးရိုးနှင့် ယဉ်ယဉ်ကလေး ဖွဲ့ဆိုထားသည်။ မည်သည့်ခေတ်က မည်သည့်စာဆို ရေးဖွဲ့ခဲ့သည်ဟု မသိရသော်လည်း ပုပ္ပားနတ်မောင်နှမတို့ကို လူအများတို့ လေးစားယုံကြည်နေကြသည့် အသွင်နှင့် ဓလေ့စရိုက် ကိုပေါ်အောင် ဖွဲ့ဆိုထားသော အချင်းငယ်ကဗျာ ဖြစ်ပါသည်။ဖြစ်သည်။
 
နတ်နှင့် မြန်မာမင်းများတွေ့သောလ
 
ပျူမင်းထီးလက်ထက်တော်ကစ၍ ပုဂံဘုရင်တို့ ပုပ္ပားတောင်တက်ပွဲကို ကျင်းပလာခဲ့ကြရာ ပုဂံပျက်သည့်တိုင် ဓလေ့တခုဖြစ်လာခဲ့ဟန်ရှိသည်။ သို့သော် မည်သည့်လတွင် ကျင်းပခဲ့သည်ဟု အစောပိုင်းက ဖော်ပြခြင်းမရှိ၍ မသိရချေ။ ပျူမင်းထီးလက်ထက်က ပုပ္ပားတွင် မဟာဂီရိ နတ်မောင်နှမတို့ မရှိကြသေး၍ မည်သည့်အကြောင်းဖြင့် တောင်တက်ခဲ့သည်ကိုလည်း ပြောရန်ခက်ခဲပါသည်။ သို့သော် ယုံကြည်မှု တရပ်ကိုအခြေခံနေပြီ ဖြစ်ကြောင်းကား မှန်းဆ၍ရပါသည်။ တနည်းလည်း ပုပ္ပားကို မြင့်သောမြတ်သော (နတ်) တောင်အဖြစ် အသိအမှတ်ပြုထားပြီ ဖြစ်ကြောင်းကား ထင်ရှားစွာ မြင်သာနေပြီဖြစ်ပါသည်။မြင်သာနေပြီဖြစ်သည်။
 
သေဉ်လည်ကြောင်မင်းလက်ထက် မင်းမဟာဂီရိတို့ ရောက်ရှိလာသဖြင့် ထိုအခါတွင်မှ ပုပ္ပားသည် နတ်တောင်ဟု ထင်ရှားဖြစ်ပြီဟု ဆိုနိုင်ပါသည်။ စင်စစ် မဟာဂီရိ ဟူသည်မှာ “ကြီးမြတ်သောတောင်” ဝါ “တောင်ကြီး” ဟူ၍သာ အဓိပ္ပာယ် ထွက်ရှိပါသည်။ နတ်တောင် ဖြစ်လိုသောအခါမှ ဇာတ်လမ်းဆင် ဖော်ပြလာခြင်းဟု ထင်ရပါသည်။ မဟာဂီရိသည် ပါဠိဘာသာစကားဖြစ်၍ ပါဠိစာပေ ထွန်းကားလာပြီး နောက်ပိုင်းမှ ဤဇာတ်လမ်းများသည်လည်း ပေါ်ပေါက်လာခြင်းဖြစ်ပါမည်။ ဤတွင် ပိဋကတ်စာပေသည် အနိရုဒ္ဓ သထုံကို တိုက်ခိုက်အောင်မြင်သောအခါမှ ရရှိသည် ဆိုကြပြန်သောကြောင့် အနိရုဒ္ဓမတိုင်မီ မဟာဂီရိ ဝေါဟာရ မရှိနိုင်လောက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်ပါသည်။ဖြစ်သည်။ ရှေ့နောက် မညီညွတ်ကြပါ။
 
မည်သို့ပင်ဖြစ်စေ ထိုဇာတ်လမ်းသည် ပုဂံခေတ်နှင့် အံဝင်ခွင်ကျပင် ဖြစ်တော့သည်။ အထူးသဖြင့် ပါဠိစာပေ ထွန်းကားစဖြစ်သော အနိရုဒ္ဓနန်းစံ နောက်ပိုင်းတွင် လေးစားရိုသေထိုက်သည်မှန်သမျှ ပါဠိစကားလုံးများဖြင့် နေရာပေး ဖော်ပြလာသောကြောင့် မြန်မာတို့ ပါဠိစာပေကို များစွာလေးစား အထင်ကြီးကြောင်း သိသာထင်ရှားပေ သည်။ သို့သော် ဗုဒ္ဓသာသနာဖြင့် ယှဉ်လျက် နတ်ကိုးကွယ်မှု ဓလေ့ဟောင်းကြီးကို ဆက်လက် သယ်ဆောင်လာခဲ့ သည်မှာ မြန်မာမင်းတို့၏ နိုင်ငံရေးရည်မှန်းချက် တခုဟုပင် ဆိုရမည် ဖြစ်ပါသည်။ဖြစ်သည်။ မြန်မာမင်းတို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသော်လည်း နတ်ဓလေ့ဟောင်းကို မစွန့်နိုင်ခဲ့သောကြောင့် ပြည်သူတို့လည်း ယနေ့တိုင် တမျိုးသားလုံး နတ်ယုံကြည်မှုကို မစွန့်နိုင် ဖြစ်နေခဲ့ရခြင်း ဖြစ်ပါမည်။ စင်စစ် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ရိုးရာနတ်တို့မှာ မည်သို့မျှ တွဲဖက် မမိလှချေ။
 
ဤတွင် ပုပ္ပားတောင်အမည် ပေါ်ပေါက်လာပုံကို ဆိုရပါဦးမည်။
စာကြောင်း ၁၅၀ -
ပုဂံသည် အနိရုဒ္ဓလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာ ရောက်ရှိလာခဲ့ပြီးနောက် ပုဂံပြည်သူတရပ်လုံး ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်လာကြသည်ဟုဆိုသည်။ ပုဂံရှိ ဘုရားပုထိုး စေတီတို့ကလည်း ပြည်သူတရပ်လုံး ဗုဒ္ဓ၏ အဆုံးအမ၌ တည်နေကြပြီ ဖြစ်ကြောင်း သက်သေပြနေဘိသို့ ရှိပါသည်။ သို့သော် ပုပ္ပားနှင့် သက်ဆိုင်လာသော အခါ၌မူ သာသနာ မရောက်မီကရှိခဲ့သော နတ်ယုံကြည်မှုဓလေ့သည် မင်းနှင့်တကွ ပြည်သူတို့ကြားတွင် ပြန်လည် ပေါ်ပေါက်ခဲ့ဟန် ရှိပါသည်။ စင်စစ်မူ မင်းတိုင်းကား ဤသို့မဟုတ်ဟု ထင်ပါသည်။ ရာဇဝင်ဆရာက ပုဂံမင်းနှင့် ပုပ္ပားနတ်တို့ကို တွဲ၍ပြခဲ့သော အရေအတွက်မှာ အနည်းငယ်မျှသာ ရှိခဲ့ပါသည်။
 
ဤတွင် ကျန်စစ်သားဟု အသိများသော ထီးလိုင်ရှင်ကို မဟာဂီရိနတ်နှင့် စကားပြောသူအဖြစ် တခမ်းတနား ဖော်ပြပေးခဲ့ပါသည်။ ပုပ္ပား စောရဟန်းနှင့်တုန်းက မင်းမျိုးမဟုတ်၍ စကားမပြောချင်ဟုဆိုသောနတ်သည် ကျန်စစ်သားမင်းနှင့်မူ စကားဆို ပြန်သောကြောင့် ယင်းကို မင်းမျိုးဟု သတ်မှတ်စေလို၍ပေလော တွေးဆဖွယ် ဖြစ်လာပါသည်။ မဟာဂီရိသည် ကျန်စစ်သားကို ဒုက္ခအပေါင်းမှ အကြိမ်ကြိမ်ကယ်ခဲ့သည့် နတ်ဖြစ်ပါသည်။နတ်ဖြစ်သည်။ ထိုဖော်ပြချက်က ကျန်စစ်သားမင်းကို ဘုန်းတန်ခိုးကြီးကြောင်း ပေါ်လွင်စေလို၍၊ သို့မဟုတ် မင်းမဟာဂီရိနတ်ကို လူတို့က ပိုမိုပူဇော် ပသလာစေလို၍ ဖြစ်မည်ထင်ပါသည်။
 
ယင်းတို့နှစ်ဦးသည် ရှေးက ရှင်အရဟံနှင့်အတူ ဆုတောင်းဖက်များဟုဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်ဆရာတို့က အကြောင်းတခုကြောင့် ကျန်စစ်သားကို မျက်နှာလိုက်ခြင်းပေလော တွေးဆဖွယ်ဖြစ်ပါသည်။တွေးဆဖွယ်ဖြစ်သည်။ စည်သူ (၁ ) လက်ထက်တွင် မဟာဂီရိနတ်သည် ပို၍ပင် ကြီးကျယ်လာခဲ့တော့သည်။ အကြောင်းမှာ ယင်းသည် စည်သူ (၁) ၏ ဆရာလေးဦး စာရင်းတွင် အပါအဝင် ဖြစ်လာသောကြောင့်တည်း။ ထိုစည်သူ (၁) ၏ ဆရာများမှာ ရှင်အရဟံ၊ စိမ်းညက်မင်း သားတော် မဟာထေရ်၊ ရှင်အာနန္ဒာနှင့် မင်းမဟာဂီရိ တို့ဖြစ်သည် (ကုလား၊ပ၊ ၂၂၁) ။ ဤတွင် မင်းမဟာဂီရိကို ရဟန်း သံဃာတော်များနှင့် တတန်းတစားတည်း ထားဘိသကဲ့သို့ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်တွင် (ကျောက်စာတို့၌ မတွေ့ရှိရသော်လည်း) နတ်ကိုးကွယ်မှုသည် ယုတ်လျော့သွားခဲ့သည်မရှိဘဲ သာသနာ မရောက်မီကကဲ့သို့ပင် အားကောင်းဆဲဟူ၍သာ ဆိုရမည်ဖြစ်ပါသည်။ဆိုရမည်ဖြစ်သည်။
 
အချုပ်မှာ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်ရေး ကျောက်စာတို့တွင် တကြိမ်မျှ မတွေ့ရှိရဘူးသေးချေ။ မင်းမဟာဂီရိ နတ်မောင်နှမနှင့် ပတ်သက်၍လည်း ထို့အတူသာလျှင်ဖြစ်ပါသည်။ထို့အတူသာလျှင်ဖြစ်သည်။ သို့သော် ဒဏ္ဍာရီဇာတ်လမ်းတို့ကား များပြားလှသည်။ ကျောက်စာတွင်မပါ၍ မယုံကြည်ရဟု မဆိုနိုင်သော်လည်း နတ်ယုံကြည်မှုကို ပုံဖော်ရာ၌မူ ပညာသားပါလှသည်ဟု ဆိုရမည်ထင်မိပါသည်။ ပုဂံရှိ သာသနိက အဆောက်အအုံတို့က အနိရုဒ္ဓနှင့် ရှင်အရဟံ တို့၏ လုံ့လဥဿဟကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ပွင့်လင်းစည်ပင်လာခဲ့ရသည်ကို သက်သေပြနေဘိသို့ ရှိပါသည်။ တဖက်တွင် လည်း နတ်ကိုးကွယ်မှုကို အားပေးထားကြောင်း ပုပ္ပားတောင်က သက်သေပြလျက် ရှိနေပြန်ပါသည်။
 
ထို့အပြင် ပုပ္ပားသည် လောကီပညာရပ်များ ကျင့်ကြံအားထုတ်ရာဟူ၍လည်း ယုံကြည်ရသည်။ ကျန်စစ်သားက ငရမန်ကိုတိုက်ရန် ထီးလှိုင်ဘက်တွင် စည်းရုံးနေရချိန်တွင် ဆရာရှင်ပုပ္ပါးက ယတြာများစီရင်ပေးရကြောင်းလည်း တွေ့ရှိရဖူးသည် (ကုလား၊ ပ၊ ၂ဝ၉)။ ဤမျှ အရေးပါခဲ့သော ပုပ္ပားတောင်သည် ပုဂံခေတ်ကုန်သော အခါ အဓိကရဖြစ်သော အုပ်ချုပ်ရေး အသိုင်းအဝန်းနှင့်တကွ နိုင်ငံရေးဗဟိုချက်သည် အထက်အညာသို့ ရွှေ့ခဲ့ပြီဖြစ်၍ ယင်း၏အရေးပါမှု အခန်းကဏ္ဍက ကျဉ်းမြောင်းလာခဲ့တော့သည်။ စာပေတွင်လည်း အတွေ့နည်းပါး လာခဲ့ရသည်မှာ ဝန်ကြီးပဒေသရာဇာ၏ ခေတ်ကာလ တိုင်အောင်ပင်ဖြစ်ပေသည်။ <ref>တိုးလှ (ပါမောက္ခ၊ သမိုင်းဌာန) မန္တလေးတက္ကသိုလ်၊ မန္တလေးမြို့။ ၂၉ ဩဂုတ် ၂ဝဝ၁ ၊ ညနေ ၆း ၅ဝ နာရီ။</ref>