ဖော့စဖောရပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပွါး +ပွား, -အမဲရောင် +အမည်းရောင်)
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၂ -
[[ဖိုင်:PhosphComby.jpg|thumb|ဖော့စဖောရပ် အမျိုးမျိုးအားတွေ့ရပုံ]]
[[ဖိုင်:The site of secondary mining of Phosphate rock in Nauru, 2007. Photo- Lorrie Graham (10729889683).jpg|thumb|နာအူရူးရှိ ဖော့စဖောရပ်မိုင်းတွင်း ၂၀၀၇ ခုနှစ်]]
မီးစုန်းဓာတ်ဟုခေါ်သော ဖော့စဖောရတ်(Phosphorus)သည် နိုက်ထရိုဂျင်အုပ်စုထဲမှ ပေါင်းစည်းလွယ်သော သတ္တုမဟုတ်ဒြပ်စင် တစ်မျိုးဖြစ်ပါသည်။တစ်မျိုးဖြစ်သည်။ သက်ရှိများ၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သော ၎င်းဒြပ်စင်အား သဘာဝတွင် ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါသည်။ အဖြူရောင်ဖော့စဖောရတ်၊ အနီရောင်ဖော့စဖောရတ်၊ အမည်းရောင်ဖော့စဖောရတ်ဟု အမျိုးအစားခွဲခြားထားသော်လည်း အရောင်များသည် ထူးထူးခြားခြား ကွဲပြားခြင်းမရှိပေ။ ဓာတ်ခွဲခန်းတွင် ထုတ်ယူနိုင်သော အဖြူရောင်ဖော့စဖောရတ်သည် အမှောင်ထဲတွင် တောက်ပစွာ တည်ရှိနိုင်ပါသည်။ လေနှင့် ထိတွေ့သည်နှင့် မီးထတောက်နိုင်ပြီး သေနိုင်လောက်သော အဆိပ်ပြင်းလည်းဖြစ်ပါသည်။အဆိပ်ပြင်းလည်းဖြစ်သည်။ အနီရောင်ဖော့စဖောရတ်သည် ပြောင်းလဲမှု အခြေအနေပေါ်မူတည်ပြီး အရောင်များ ပြောင်းလဲသွားနိုင်ပါသည်။ မြင့်မားသော ဖိအားအောက်တွင်သာ တည်မြဲသော အမည်းရောင် ဖော့စဖောရတ်သည် ဂရက်ဖိုက်နှင့်ဆင်တူပြီး ဂရက်ဖိုက်ကဲ့သိုပင် လျှပ်ကူးသတ္တိရှိပါသည်။
 
==အသုံးပြုခြင်း==
စာကြောင်း ၁၀ -
==သဘာဝတွင် တွေ့ရှိရမှုအခြေအနေ==
 
သန့်စင်သော ဖော့စဖော့ရက်စ်မှာ သဘာဝတွင် မတွေ့ရှိရပေ။ ဖော့စဖောရက်အက်တမ်နှင့် အောက်ဆီဂျင်လေးလုံးပေါင်းစည်းထားသော ဖော့စဖိတ်အနေဖြင့်သာ တွေ့နိုင်ပါသည်။ ဓာတ်မသတ္တိဆောင်သော ထို(PO43-)ဖော့စဖိတ်သည် သတ္ထုတွင်းများတွင် ၎င်း၏ အော်ဂင်းနစ်မော်လီကျူးများဖြစ်သော အော်ဂင်နိုဖော့စဖိတ် အနေဖြင့် အောက်ဆီဂျင်တစ်လုံး (သို့ )နှစ်လုံး (သို့) သုံးလုံးနှင့် တွဲလျက်ရှိနေတတ်သည်။ အစားအသောက်များတွင် ပါဝင်မှုနှုန်းမှာ အသည်းအမျိုးမျိုးတွင် ၃၇၀မီလီဂရမ်မှ၁၀၀မီလီဂရမ် အနည်းဆုံးအဖြစ် ဟင်းရွက်ဆီများတွင် ပါဝင်နေသည်။ ဖော့စဖောရတ်ပါဝင်နှုန်း မြင့်မားသောအစာများမှာ တူနာငါး ၊ ဆော်လမွန်ငါး ၊ ဆာဒင်းငါး ၊အသည်းအမျိုးမျိုး ၊ ကြက်ဆင်၊ ကြက်သား၊ဥအမျိုးမျိုး ၊ ချိစ် (၂၀၀ဂရမ်မှ ၁၀၀ဂရမ်) တို့ဖြစ်ကြသည်။ ပေါများသော တွင်းထွက်အဖြစ် ဖော့စဖိတ်သတ္ထုတွင်းများမှ ဖလိုရင်းဆက်စပ် တွင်းထွက်ကို ကျယ်ကျယ်ပြန့်ပြန့်တူးဖော်ရရှိနိုင်ပါသည်။ အဓိကသတ္ထုတွင်းထွက်ဒေသများမှာ ရုရှား ၊ အမေရိကန် ၊မော်ရိုကို ၊ကူနီးဆီးယားနှင့် တော်ရိုဒေသ တို့ဖြစ်ကြပါသည်။ကမ္ဘာတစ်ဝှမ်းလုံး ထုတ်လုပ်မှုပမာဏမှာ တစ်နှစ်လျှင် တန်ချိန် ၁၅၃သန်း ဖြစ်ပါသည်။ဓာတ်မြေဩဇာထုတ်လုပ်မှုတွင်ဖြစ်သည်။ဓာတ်မြေဩဇာထုတ်လုပ်မှုတွင် မရှိမဖြစ်လိုအပ်သော ဖော့စဖောရတ် လျော့နည်းလာမှုသည်ကမ္ဘာစားနပ်ရိက္ခာဖြည့်တင်းမှုအတွက် အရေးကြီးဆုံး ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် ဖော့စဖိတ် တွေ့ရှိနိုင်မှုမှာ နည်းပါးပါသည်။ သမုဒ္ဒရာထဲမှဖော့စဖိတ်များသည် လျှင်မြန်စွာအော်ဂဲနစ် အစ အနများအဖြစ် အနည်ထိုင်သွားခြင်းကြောင့်သာ ဖြစ်ပါသည်။ဖြစ်သည်။ မြစ်ချောင်းများနှင့် ရေကန်များတွင် ရေညှိပင်မျိုးစိတ်များ အများအပြား ရှင်သန်ပေါက်ရောက်နေခြင်းမှာ ဖော့စဖိတ်များ အများအပြား ပါဝင်ခြင်းကြောင့်ဖြစ်ပါသည်။ပါဝင်ခြင်းကြောင့်ဖြစ်သည်။
 
==ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ==
 
လူ့ခန္ဒာကိုယ်တွင် အရေးပါဆုံး အရာဖြစ်သော ဖော့စဖောရတ်ကို အများအားဖြင့် ဖော့စဖိတ် အနေဖြင့်သာ တွေ့ရှိနိင်ပါသည်။ ၎င်းသည် မျိုးဗီဇပစ္စည်း DNA များအတွက် မရှိမဖြစ်လိုအပ် လှသည်။ ဖော့စဖိတ်သည် ကိုယ်အလေးချိန် လျှော့ချရာတွင်လည်း လိုအပ်သည်။ ပုံမှန်အလေး ချိန်လျှော့ချရာတွင် တရက်လျှင် ၈၀၀မီလီဂရမ်မျှသာ လျှော့ချနိုင်သော်လည်း ဖော့စဖိတ်ကြွယ်၀ သော အစားအစာများစားသုံးမှုအပေါ်မူတည်ပြီး တစ်နေ့လျှင် ၁၀၀၀မီလီဂရမ်မှ၂၀၀၀မီလီဂရမ် အထိ လျှော့ချနိုင်သည်ကိုတွေ့ရှိရသည်။ လူများသည် သဘာဝအတိုင်း ရှိပြီးဖြစ်သော မြေဩဇာ အပြင် ဖော့စဖိတ်ပါဝင်သောဆေးများ သုံးခြင်းဖြင့် ပိုမကြွယ်ဝသောမြေဩဇာများ ရရှိစေရန်ဆောင် ရွက်လာကြသည်။ ဖော့စဖိတ်ဓာတ်လွန်ကဲခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း ၊ အရိုးပွရောဂါ ဖြစ်ပွားခြင်း စသည့် ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ပါသည်။ ဖော့စဖိတ်ဓာတ် နည်းပါးခြင်း သည်လည်း ကျန်းမာရေးအတွက် မကောင်းပေ။ သန့်စင်သော ဖော့စဖော့ရက်သည် အဖြူရောင် ဖြစ်ပါသည်။ဖြစ်သည်။ ထို့ကြောင့် အဖြူရောင်ဖော့စဖော့ရက် သည် အန္တရာယ်သော အရှိဆုံးအဆိပ် ဖြစ်သည်။ ဖော့စဖော့ရက်ပါဝင်သော ကြွက်သတ်ဆေးမျိူး မျိုမိသူများသည် ယင်းတွင်ပါဝင်သော ဖော့စဖော့ရက်များ၏ အာနိသင်ကြောင့် ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ငိုက်ခြင်း စသည်များ ခံစားရပြီး သေဆုံးထိအထိ ဖြစ်စေနိုင်ပါသည်။အဖြူရောင်ဖော့စဖောရက်သည် အရေပြား လောင်ကျွမ်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။
 
==ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ==
 
အဖြူရောင်ဖော့စဖောရတ်သည် စစ်ဘက်ဆိုင်ရာအတွက် လက်နက်ခဲယမ်းကဲ့သို့ ပစ္စည်းများထုတ်လုပ်သည့် စက်ရုံများမှ ကျွနု်ပ်တို့ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်လာပါသည်။ ညစ်ညမ်းနေသောရေထဲမှ အဖြူရောင်ဖော့စဖောရတ်ကို ဖယ်ရှားရန်အတွက် ထိုရေပြင်အနီးအနားတွင် ရှိသော အဖြူရောင်ဖော့စဖောရတ် သုံးနေသောစက်ရုံအလုပ်ရုံကို ဖယ်ရှားရန် လိုအပ်ပါသည်။ အဖြူရောင်ဖော့စဖောရက်သည် အောက်ဆီဂျင်နှင့် လျှင်မြန်စွာ ဓာတ်ပြုနိုင်စွမ်း မရှိသဖြင့် ပျံနှံ့ရန် ခက်ခဲပါသည်။ ရေထဲတွင်ရှိသော အဖြူရောင်ဖော့စဖိတ်သည် အခြားအရာများနှင့် ဓာတ်ပြုမည့်အစား ရေနေနေသက်ရှိများ၏ ကိုယ်နှင့်သာ ဆက်နွယ်လျှက် ရှိပါသည်။ မြေကြီးထဲမှ ဖော့စဖောရတ်သည် အချိန်ကြာလာသည့်အခါ အန္တရာယ်နည်းလာ သော်လည်း မြေအောက်ရေများ ထဲတွင် နှစ်ပေါင်းရာထောင်ချီပြီး တည်ရှိနေနိုင်ပါသည်။ ဖော့စဖိတ်ဖော့စဖိတ်သည် သက်ရှိများအတွက် အကျိုးသက်ရောက်မှု များစွာရှိသော အရာ ဖြစ်ပါသည်။ဖြစ်သည်။ ရေမျက်နှာပြင်တွင် ဖော့စဖိတ်ပါဝင်နှုန်းမြင့်မားမှုကြောင့် ဖော့စဖိတ်မှ သက်ရှိများဖြစ်သော ရေညှိပင်ကဲ့သို့သော အပင်များထူထပ် ပေါများလာနိုင်ပါသည်။ ၎င်းအပင်များသည် နေရောင်ခြည်သုံးပြီး လိုအပ်သော အောက်ဆီဂျင်အများစုအား ရေထဲမှ စုပ်ယူကြသည်။ ယင်း သက်ရှိများသည် ရေထဲသို့ နေရောင်ခြည်ဝင်ရောက်ခြင်းကို တားဆီးဟန့်တားကြသည်။ထို့ကြောင့် ရေပြင်ရေထုထဲရှိ အခြားသောသက်ရှိများ အသက်ရှင်နေထိုင်ခြင်းကို ခက်ခဲစေသည်။ ထိုသဘာဝဖြစ်စဉ်ကို eutrophication ဟုခေါ်သည်။
 
== ကိုးကား ==