အန်နီမဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်, -စျ +ဈ)
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၉ -
Anime များသည် နှစ်ဆယ်ရာစုအစပိုင်းတွင်စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ဂျပန်ရိုးရာ ရုပ်ပြနည်းပညာများဟာ ပြင်သစ် ၊ ဂျာမနီ၊ အမေရိကန် နှင့် ရုရှားနိုင်ငံများမှ ဆင်းသက်လာပါသည်။ ရှေးအကျဆုံး Anime မှာ ၁၉၁၇ ခုနှစ်ကပေါ်ပေါက်ခဲ့သော ဆာမူရိုင်းသူရဲကောင်းတစ်ယောက်သည် သူပစ်မှတ်ကို သူရဲ့ဓားဖြင့်စမ်းသပ် သော နှစ်မိနစ်ခန့် ဇာတ်လမ်းတို တစ်ခုဖြစ်သည်။ Anime လောကတွင် ရှေ့ဆောင်လမ်းပြသူများမှာ ရှီမိုကာဝါ အိုတန် ၊ ဂျုနီချီ ကူရိုချီ နှင့် ဆာတီယို ကီတာယာမာ တို့ဖြစ်ကြပါသည်။
 
၁၉၃၀ ခုနှစ်များခန့်တွင်မူ Anime များသည် ဇာတ်လမ်းအကြောင်း နောက်ကြောင်းပြန်သည်ကို ပုံစံအမျိုးမျိုးနဲ့ရိုက်ကူးလာကြပါသည်။ ပထမဆုံးအသံထွက် ဂျပန် anime မှာ ၁၉၃၃ခုနှစ်တွင်ထုတ်လုပ်ခဲ့သော မီဆာအိုကာမှထုတ်လုပ်ခဲ့သော Chikara to Onna no Yo no Naka ဖြစ်ပါသည်။ဖြစ်သည်။ ရုပ်ပြနည်းပညာတိုးတက်လာသည့်နင်အမျှ ဂျပန်အစိုးရကိုယ်တိုင်ကလည်း ပညာရေးနှင့် ဝါဒဖြန့်ချိရေးလုပ်ငန်းများတွင်အသုံးပြုလာကြပါသည်။ ၁၉၄၅ ခုနှစ်တွင်မူ ပထမဆုံး ဇာတ်လမ်းရှည် ဂျပန်ရုပ်ပြကာတွန်းဖြစ်သည့် မိုမိုတိုရိုရဲ့ နတ်စစ်သည်များ ကို Seo မှရိုက်ကူးခဲ့ပြီး ဂျပန်ရေတပ်မတော်က ပံပိုးကူညီခဲ့သည်။ ၁၉၃၇ ခုနှစ်တွင်ရိုက်ကူးခဲ့သော ဝဲဒစ်စနေ ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးခဲ့သော မယ်နှင်းဖြူလေးနင့်လူပုလေးခုနှစ်ယောက် ကာတွန်းဇာတ်လမ်းတွဲမှာလည်း ဂျပန်ကာတွန်းဆရာများရဲ့ အငွေ့အသက်များပါဝင်နေသည်ကိုတွေ့ရသည်။ ၁၉၆၀ ခုနှစ်များတွင်မူ ဂျပန်ရုပ်ပြကာတွန်းဆရာ အိုဆာမူ တီဇူကာ သည် ဒစ်စနေမှ နည်းပညာများကို အတုယူခြင်းဖြင့် ကုန်ကျစရိတ်များနှင့် ထုတ်လုပ်မှုအဆင့်များကိုလျှော့ချနိုင်ခဲ့ပါသည်။
 
၁၉၇၀ ခုနှစ်များတွင်မှု ဂျပန်ရုပ်ပြကာတွန်းများသည် ကျော်ကြားလာခဲ့ပြီး နောက်ပိုင်းတွင် ကာတွန်းရုပ်ရှင်အဖြစ်အသွင်ပြောင်းလဲလာခဲ့နိုင်ကြသည်။ ထိုသို့ပြောင်းလည်းလာခြင်းသည်မှာ ဂျပန်ရုပ်ပြကာတွန်းများ ၏နတ်ဘုရား ဟူသော်လည်ကောင်း ရုပ်ပြများ ၏ ဒဏ္ဍာရီ ဟူသောလည်ကောင်း တင်စားခေါ်ဝေါ်ခြင်းခံရသည့် အိုဆာမူ တီဇူကာ အပါအဝင် အခြားသော ရှေဆောင်လမ်းပြ ကာတွန်းဆရာများ ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။