ကျော်ရင်၊ ဦး (မီးပုံးပျံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အားကျသူများ
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၅၀ -
 
== အားကျသူများ ==
ဦးကျော်ရင် မီးပုံးပျံ စီးပြသော အခါ ဦးကျော်ရင်ကို အားကျကြသူများ အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ ထင်ရှားခဲ့သူ တဦးမှာ စတန့်မင်းသား ချစ်ဆွေကြီးပင် ဖြစ်ပါသည်။ဖြစ်သည်။ အေဝမ်း ဖလင်မှ ဒါရိုက်တာ [[အေဝမ်းတင်မောင်|ဦးတင်မောင်]] ရိုက်ကူးသော ''[[မြဂနိုင်]]'' ရုပ်ရှင် ဇာတ်ကားတွင် မီးပုံးပျံ စီး၍ ထွက်ပြေးခန်း တခန်း ပါရှိ၏။ ပုလိပ်များ (ယခုခေတ် ရဲတပ်ဖွဲ့ဝင်များ) လိုက်လာသဖြင့် လူဆိုးဖြစ်သူ စတန့်မင်းသားက ရှေ့မှ ထွက်ပြေးရရာ စမ်းချောင်း ပဒုမ္မာကွင်း အရောက်တွင် မီးပုံးပျံ စီးရန် ဟန်ပြင်နေသော ဦးကျော်ရင်အား တွန်းဖယ်ကာ လူဆိုးက မီးပုံးပျံ စီး၍ ထွက်ပြေးသွားပုံ ဖြစ်သည်။ လူဆိုး၏ နေရာတွင် စတန့်မင်းသား ချစ်ဆွေကြီးက မီးပုံးပျံ စီး၍ ပါဝင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
 
== အမျိုးသမီး လူစွမ်းကောင်း ==
မီးပုံးပျံ စီးပြမှုများ ဟိုးလေးတကျော် ဖြစ်လာချိန်တွင် အမျိုးသမီး လူစွမ်းကောင်း တဦး ပေါ်ပေါက် လာပြန်ပါသည်။ ထိုအမျိုးသမီးမှာ တာမွေ၊ ဗျိုင်းရေအိုးစင်ရပ်၊ ရတနာလမ်းနေ ဇာတ်ပို့ အမျိုးသမီး သရုပ်ဆောင် ဒေါ်မြကြီး၏ သမီး မတင်နု ဆိုသူ ဖြစ်ပါသည်။ဖြစ်သည်။ မတင်နုမှာ အသက် ၂ဝ နှစ် အရွယ်သာ ရှိသေးသော်လည်း ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ ဖြစ်သည်။ မြန်မာ အမျိုးသမီး မတင်နုက မီးပုံးပျံ စီးနင်း ပြသမည် ဖြစ်ကြောင်း သတင်းများ ပျံ့လွင့်လာသော အခါ ဗြိတိသျှ အစိုးရကပင် စိုးရိမ်မကင်း ဖြစ်လာခဲ့သည်။ အမျိုးသားများပင်လျှင် အသက်အန္တရာယ် ကြီးမားလှသော မီးပုံးပျံ စီးနင်းခြင်း အမှုကို မြန်မာ အမျိုးသမီး မတင်နုအား ဗြိတိသျှတို့က ခွင့်မပြုခဲ့ပေ။ သို့သော် မတင်နုမှာ နောင်တွင် မီးပုံးပျံ မတင်နုဟု အမည် တွင်ခဲ့ပါသည်။ <ref>ဦးကျော်ရင်၏သား ရေးသားသော စာများ</ref>
 
== ဦးကျော်ရင်၏သား ==
မီးပုံးပျံ ဦးကျော်ရင်ကို အားကျသူများထဲတွင် ဦးကျော်ရင်၏သား ဦးကျော်လင်းလဲ အပါအဝင် ဖြစ်ပါသည်။ဖြစ်သည်။ ဦးကျော်လင်းသည် အသက် ၁၅ နှစ်သား အရွယ် ၆ နိုဝင်ဘာ၊ ၁၉၂၉ တွင် ဖခင်နှင့်အတူ ထားဝယ်မြို့၌ မီးပုံးပျံဖြင့် စီးနင်း လိုက်ပါခဲ့ဖူး၏။ ဦးကျော်ရင် ကွယ်လွန် သွားပြီးနောက် နှစ်အတန်ကြာ မီးပုံးပျံ စီးနင်းမည့်သူ မပေါ်ပေါက်လာခဲ့ပေ။ ဤသို့ဖြင့် ၁၉၅၉ ခုနှစ်မှ စ၍ နတ်တလင်းမြို့ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပရေး ကော်မတီက မီးပုံးပျံကို လူကိုယ်တိုင် စီးနင်း ပြသနိုင်လျှင် ဆုငွေ တထောင်ပေးမည် ဖြစ်ကြောင်း သတင်းစာများမှ ကြေညာခဲ့သည်။ သို့သော် မည်သူတဦး တယောက်မျှ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
 
နောက်ဆုံးတွင် တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပရေး ကော်မတီသည် ရန်ကုန်မြို့တွင် နေထိုင်သည့် မီးပုံးပျံ ဦးကျော်ရင်၏ သားများ ဖြစ်ကြသော ဦးကျော်လင်းနှင့် ဦးကျော်ဆန်း (ကာတွန်း ကျော်ဆန်း) တို့အား သွားရောက် တွေ့ဆုံ မေတ္တာ ရပ်ခံခဲ့ရသည်။ ညီအစ်ကို နှစ်ဦးသည် မီးထွန်းပွဲ ကျင်းပရေး ကော်မတီ၏ မေတ္တာရပ်ခံချက်ကို လက်ခံခဲ့ပြီးနောက် ၂ နိုဝင်ဘာ၊ ၁၉၆ဝ (တန်ဆောင်မုန်း လပြည့်နေ့) တွင် နတ်တလင်းမြို့ အထက်တန်းကျောင်းဝင်း အတွင်း၌ ဦးကျော်လင်း ကိုယ်တိုင် မီးပုံးပျံ စီးနင်း ပြခဲ့သည်။