မြန်မာ ငွေစက္ကူ သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၁၀ -
ငွေအကြွေများကို နီကယ်ဖြင့်ပြုလုပ်ခဲ့ပြီး ၁မူး၊ ၁ပဲ၊ ၂ပဲ၊ ၄ပဲ နှင့် ၈ပဲများကို ထုတ်ဝေခဲ့ပါသည်။ ငွေအကြွေစေ့အားလုံးတွင် ခြင်္သေ့ပုံပါရှိပါသည်။ နောက်ကျောဘက်တွင် တန်ဖိုးနှင့် သွန်းလုပ်သည့်ခုနှစ်ကို ပန်းခွေအတွင်း ဖော်ပြပါရှိပါသည်။ သို့သော် ၁၉၅၃ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ၁မူး တန်၊ ၁ပဲတန်နှင့် ၂ပဲတန် ငွေအကြွေများကို ရုပ်သိမ်းခဲ့ပါသည်။ ထို့ပြင် ၁၉၅၂ ခုနှစ်တွင် သုံးစွဲငွေ ရူပီးအမည်ကို ကျပ်ဖြင့် ပြောင်းလဲခဲ့ပြီး ဒဿမစိတ်ငွေကြေးဖြင့် ၁၀၀ပြားဖြင့် ညှိနှိုင်း ထုတ်ဝေခဲ့ပါသည်။ ယခင်က တစ်ရူပီးသည် မြန်မာငွေ ၁၆ပဲ၆၄ပြားနှင့် ညီမျှခဲ့ပါသည်။ မြန်မာငွေကြေး တစ်ယူနစ်ကို ကျပ်ငွေဖြင့် ပြောင်းလဲခဲ့ချိန်တွင် ပြား၁၀၀ နှင့် ညီမျှခဲ့ပါသည်။
 
မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်မှ ဗဟိုဘဏ်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဘဏ်မှ ထုတ်ဝေသော ငွေစက္ကူများ၏ အမှတ်လက္ခဏာများကို ပြောင်းလဲ ထုတ်ဝေခဲ့သည်။ အသစ် ထုတ်ဝေသော ငွေစက္ကူများတွင် ရူပီးငွေကြေးများဖြစ်သော ၁, ၅, ၁၀, ၁၀၀ ရူပီးတန်များပါဝင်ပြီး၊ နောက်ပိုင်းတွင် ကျပ်ငွေဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။ ငွေစက္ကူတွင် ဥဒေါင်းပုံ ရေစာပါရှိပါသည်။ ဒုတိယအကြိမ်အားဖြင့် ၁၉၅၈ခုနှစ်တွင် ထုတ်ဝေသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ရုပ်ပုံပါရှိပါသည်။ ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ၁, ၅, ၁၀, ၁၀၀ ကျပ်တန်များကို စတင် ထုတ်ဝေခဲ့ပြီး (၂၁)ရက် ဩဂုတ်လတွင် ၂၀, ၅၀ ကျပ်တန်များကို ထုတ်ဝေခဲ့ပါသည်။ ဤ ထုတ်ဝေမှုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ထုတ်ဝေသော ငွေစက္ကူများဖြစ်ပါသည်။ငွေစက္ကူများဖြစ်သည်။
 
ဒဿမစိတ်ငွေကြေးစနစ်ဖြစ်သော ငွေအကြွေများတွင် ၁, ၅, ၁၀, ၂၅, ၅၀ ပြားနှင့် ၁ကျပ်တန် အကြွေစေ့များကို Royal Minted မှသွန်းလုပ်ခဲ့ပါသည်။ အဆိုပါ ငွေအကြွေများတွင် အမှတ်အသား များစွာပါဝင်သော် လည်း မြန်မာခြင်္သေ့ (သို့မဟုတ်) ခြင်္သေ့ပုံကို ယခင်အတိုင်းထားရှိသည်။ ၁၉၅၂ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ၅ပြားနှင့် ၁၀ပြား ငွေအကြွေများကို စတင်သုံးစွဲခဲ့ပါသည်။
==တော်လှန်ရေးကောင်စီခေတ်==
တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ၅၀တန်နှင့် ၁၀၀တန် များကို တရားမဝင်ငွေစက္ကူအဖြစ် ကြေငြာပြီးနောက် ပြည်သူ့ဘဏ်ထုတ်ငွေစက္ကူအသစ်များဖြစ်သော ၁, ၅, ၁၀, ၂၀ တန် ငွေစက္ကူများကို ၁၉၆၅ခုနှစ်ဧပြီလ(၃၀)ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ပါသည်။ အဆိုပါငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံ)ရုပ်ပုံဖြင့် ထုတ်ဝေခဲ့ပါသည်။ ၁၉၅၈ခုနှစ်နှင့် ၁၉၆၄ခုနှစ်ထုတ် ၂၀ကျပ်တန် ငွေစက္ကူများအား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့ပါသည်။ လက်ရှိငွေစက္ကူများ သည် ၎င်းတို့အား ဆက်လက်သုံးစွဲခွင့်မရှိသော ငွေအဖြစ်မှ မသတ်မှတ်မချင်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်ပါသည်။နေမည်ဖြစ်သည်။
 
၁၉၇၂ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြည်သူ့ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၅ကျပ်တန်ငွေစက္ကူကို ထုတ်ဝေခဲ့ပါသည်။ တချိန်တည်းတွင် ယခင် ထုတ်ဝေခဲ့သော ပြည်ထောင်စုဘဏ် ထုတ်ငွေစက္ကူများမှာ ယခုတိုင် တရားဝင်အသုံးဝင်ဆဲဖြစ်ပါသည်။တရားဝင်အသုံးဝင်ဆဲဖြစ်သည်။ ပြည်သူ့ဘဏ်ထုတ် ၁ကျပ်တန်ငွေစက္ကူကို ၁၉၇၂ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး ၁၉၇၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ၁၀ကျပ်တန်ငွေစက္ကူများကို ထုတ်ဝေခဲ့ ပါသည်။ ၁၉၇၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ၅ကျပ်တန်နှင့် ပြည်သူ့ဘဏ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဘဏ်ထုတ် ၅ကျပ်တန်များကို ဆက်လက် သုံးစွဲလျက်ရှိပါသည်။ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ထုတ်ငွေစက္ကူများဖြစ်သော ၁၀၀ကျပ်တန်ငွေစက္ကူအား ၁၉၇၆ခုနှစ်၊ ဧပြီလ(၁၇)ရက် နေ့တွင်လည်းကောင်း၊ ၅၀ကျပ်တန်ငွေစက္ကူအား ၁၉၇၉ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင်လည်းကောင်း၊ ၇၅ကျပ်တန် ငွေစက္ကူအား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင်လည်းကောင်း၊ ၃၅ကျပ်တန်ငွေစက္ကူအား ၁၉၈၆ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့ပါသည်။ ထိုမျှမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်၏ ၄၅ကျပ်တန်နှင့် ၉၀ကျပ် တန် ငွေစက္ကူများကို ၁၉၈၇ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ ၁၉၅၂ခုနှစ်ထုတ် ၁၀၀ကျပ်တန်ငွေစက္ကူအား ၁၉၆၄ခုနှစ်၊ မေလ(၁၇)ရက်နေ့တွင်လည်းကောင်း၊ ၁၉၇၆ခုနှစ်ထုတ် ၁၀၀ကျပ်တန်ငွေစက္ကူနှင့် ၁၉၇၉ခုနှစ်ထုတ် ၅၀ကျပ်တန်ငွေစက္ကူတို့အား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် လည်းကောင်း၊ ၂၅၊ ၃၅၊ ၇၅ ကျပ်တန်ငွေစက္ကူများအား၊ ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင်လည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့ပါသည်။
 
၁၉၇၉ခုနှစ်တွင် ၅၀ကျပ်တန်နှင့်အတူ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုး ရေးအဖွဲ့တံဆိပ်ပါ ၅၀ပြားတန်ငွေစက္ကူတို့ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါငွေစက္ကူနှင့်ငွေအကြွေအား လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်း များစက်ရုံတွင် သွန်းလုပ်ခဲ့ပါသည်။
==န၀တခေတ်==
၁၉၈၈ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ခြင်္သေ့မင်းရုပ်ပုံပါ ငွေစက္ကူအတွဲစဉ်များကို ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအတွဲစဉ် များနေရာတွင်အစားထိုးခဲ့ပါ သည်။ ခြင်္သေ့မင်းရုပ်ပုံပါငွေစက္ကူများမှာ ၁, ၅, ၁၀, ၂၀, ၅၀, ၁၀၀, ၂၀၀, ၅၀၀, ၁၀၀၀ နှင့် ၁, ၅, ၁၀, ၅၀, ၁၀၀ ကျပ်တန် ငွေအကြွေစေ့တို့ဖြစ်ပါသည်။ငွေအကြွေစေ့တို့ဖြစ်သည်။ ၁ကျပ်တန်ငွေအကြွေစေ့မှာ ကြေးညိုရောင်ဖြစ်ပြီး ၅ကျပ်တန်နှင့် ၁၀ကျပ်တန် ငွေအကြွစေ့ များမှာ ရွှေဝါရောင်နှင့် ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေအကြွေစေ့များမှာ ငွေရောင်တို့ဖြစ်ပါသည်။ငွေရောင်တို့ဖြစ်သည်။ ၂၀၀၉ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၅၀၀၀ကျပ်တန်ငွေစက္ကူကို ပြည်သူများလွယ်ကူစွာ လှည့်လည်သုံးစွဲ နိုင်ရန်အလို့ငှာ ထုတ်ဝေခဲ့ပါသည်။
==ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ်==
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ [[တစ်သောင်းကျပ်တန် ငွေစက္ကူ]] အမျိုးအစားသစ်ကို စတင်ထုတ်ဝေသည်။