အိုလံပစ် အားကစားပွဲတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၄၁ -
== အိုင်စီအိုနှင့် ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ ==
[[File:Baron Pierre de Coubertin.jpg|thumb|right|ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်]]
ပြင်သစ်နိုင်ငံက သမိုင်းပညာရှင် `ပီရာရီကော်ဘာတင်´၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို ၁၈၉၄ တွင် ဖွဲ့စည်းပြီး အိုလံပစ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ခဲ့ကြပါသည်။ သို့ဖြင့် ၁၈၉၆ တွင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ကစားသမားပေါင်း ၂၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်သော ပထမဆုံး ခေတ်သစ်အိုလံပစ်ပြိုင်ပွဲကြီးကို အိုလံပစ်ပြိုင်ပွဲများ၏ သန္ဓေတည်ရာ မူလအစဖြစ်သည့် အေသင်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ ပါဝင်သောအားကစား အမျိုးအစားမှာ ၉ မျိုးသာရှိခဲ့ပါသည်။ ထိုမှအစပြုကာ အိုလံပစ်ပြိုင်ပွဲများကို တစ်စတစ်စ တိုးချဲ့ကျင်းပလာရာ ယခုဆိုလျှင် အားကစားနည်းပေါင်း ၂၈ မျိုး၊ အားကစားအမျိုးအစားပေါင်း ၃၀၂ ခု တိတိ ရှိသည်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါသည်။ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ [[ဒုတိယ ကမ္ဘာစစ်]]ဖြစ်ခါနီး အာဏာရှင်[[ဟစ်တလာ]]၏ နာဇီအလံအောက်တွင် ကျင်းပခဲ့ရသော မြူးနစ်အိုလံပစ်၊ နောက် ၁၉၇၂ မြူးနစ်အိုလံပစ်တွင် ဖြစ်ပွားခဲ့သော ပါလက်စတိုင်း အကြမ်းဖက်သမားများက အစ္စရေး ကစားသမား ၁၁ ယောက်အား သတ်ဖြတ်ခဲ့သည့်အဖြစ်၊ ၁၉၇၀ နောက်ပိုင်းကာလများတွင် နိုင်ငံအချို့က ဆန့်ကျင်ခဲ့သည့် အဖြစ်မျိုးများ အပါအဝင် ဖြေရှင်းမပြီးနိုင် ဖြစ်နေရသော တားမြစ်ဆေး ပြဿနာများမှလွဲလျှင် အောင်မြင်သည့် အတိုင်းအတာမှာ ရှိနေမြဲပင်။ နောက် အိုလံပစ်ပြိုင်ပွဲများကို နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဟူ၍နှစ်မျိုးခွဲ ကျင်းပကြပါသည်။ ပို၍အဓိကကျသည့် ပြိုင်ပွဲကတော့ အားလုံးသိကြသော နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်ပါသည်။ဖြစ်သည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်မူ အားကစားနည်း ၇ မျိုးသာ ပါဝင်ပါသည်။
 
== သင်္ကတနဲ့အဓိပ္ပါယ် ==
အိုလံပစ်၏ သင်္ကတ အမှတ်လက္ခဏာမှာ အရောင်တစ်မျိုးစီရှိပြီး ချိတ်ဆက်ထားသည့် ကွင်း ၅ ကွင်း ဖြစ်ပါသည်။ဖြစ်သည်။ ကွင်း ၅ ကွင်း၏ အဓိပ္ပါယ်မှာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်းနှင့် အနက် ဟူသည့် အရောင် ၅ မျိုးမှာ နိုင်ငံတိုင်း၏ အလံတွင် တစ်ရောင်မဟုတ်တစ်ရောင် ပါဝင်သောကြောင့် ရွေးချယ်ထားဖြင်းဖြစ်ပါသည်။ရွေးချယ်ထားဖြင်းဖြစ်သည်။ ဤသင်္ကတကို စတင်ဖော်ထုတ်ခဲ့သူမှာ `ကော်ဘာတင်´ ဖြစ်ပါသည်။ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်မှာ `အိုလံပစ်ပြိုင်ပွဲမှာ အရေးကြီးဆုံးအရာမှာ အနိုင်ယူရန်မဟုတ်။ အနိုင်ယူခြင်းမှာ ပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အရေးကြီးဆုံးမှာ အောင်ပွဲရရန်မဟုတ်ဘဲ ရင်ဆိုင်ရုန်းကန်နိုင်ရန်သာဖြစ်ပြီး အောင်နိုင်ရန်ထက် ကောင်းစွာယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်သည်။´ ဟုဆိုခဲ့ပါသည်။
 
== ဒဏ္ဍာရီများ ==
အိုလံပစ်ဟူသော အမည်သည် ရှေးနှစ်ပေါင်း ၂၇၀ဝ ကျော်လောက်က ဂရိနိုင်ငံ အိုလံပီယာမြို့တွင် ဂရိလူမျိုးတို့ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရာမှ အစပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဇုနတ်ဘုရားကြီးအား ပူဇော်ပသရန်အတွက်လည်းကောင်း၊ နတ်များအား ပူဇော်ပသပွဲများတွင်လည်းကောင်၊ စားသောက်ပွဲကြီးများတွင်လည်းကောင်း ကစားခုန်စားပွဲများ ကျင်းပခဲ့ကြပြီး ထိုပွဲများသည် အိုလံပစ်ပွဲတော်၏ သမိုင်းအစလည်းဖြစ်ကြသည်။ ရှေးဟောင်းအိုလံပစ်ပွဲတော်များသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ကျင်းပခဲ့ကြမှန်း အတိအကျ မသိရချေ။ သို့သော် အိုလံပစ်ပွဲတော်နှင့် ပတ်သတ်၍ ဂရိလူမျိုးတို့တွင် ရှေးဟောင်းဒဏ္ဍာရီ ကလေးများရှိကြသည်။
 
အိုလံပစ်အားကစားပြိုင်ပွဲများသည် ဂရိနိုင်ငံက အစပြုခဲ့သည့် ပြိုင်ပွဲဖြစ်သောကြောင့်လည်း ဂရိတို့၏ နတ်ဘုရားပုံပြင်ဆန်ဆန် သမိုင်းကြောင်းများနှင့် ဆက်နွယ်နေပါသည်။ ပုံပြင်တွေအများကြီးထဲတွင်မှ အများစုမှ လက်ခံသဘောတူသော သမိုင်းကြောင်းမှာ `ဇု´နတ်မင်းကြီး၏ သားတော် `ဟီရာကလိစ်´အမည်ရှိ သူရဲကောင်းသည် ဖခင်၏ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ကွင်းကြီး တစ်ခုကို ကိုယ်တိုင်တည်ဆောက်ပြီး အားကစားပြိုင်ပွဲများကို ကျင်းပစေခဲ့ပါသည်။ `ဟီရာကလိစ်´သည် သူကိုယ်တိုင် လမ်းလျှောက်ပြီး အားကစားကွင်း၏ အလျားကို ခြေလှမ်း ၄၀ဝ သတ်မှတ်ခဲ့ပြီး ထိုအကွာအဝေး သတ်မှတ်ချက်မှာ နောင်တစ်ချိန် [[သင်္ချာ]]ပညာတွင် အကွာအဝေးယူနစ်တစ်ခုလည်း ဖြစ်လာသည်ဟု ဆိုပါသည်။ အချိန်ကာလအားဖြင့် [[ဘီစီ]] ၅ ရာစုနှင့် ၆ ရာစုအတွင်း ကျင်းပခဲ့ကြပြီး အနိုင်ရသူများသည် [[ကဗျာ]]စပ်ဆိုပြီး ဂုဏ်ပြုခံရခြင်း၊ ကျောက်သားတွင် ထွင်းထုမှတ်တမ်းတင် ဂုဏ်ပြုခံရခြင်း အစရှိသည်ဖြင့် ဂုဏ်ပြုခံခဲ့ရပါသည်။ သို့သော် သမိုင်းမှတ်တမ်းများအရ အိုလံပစ်ပြိုင်ပွဲများကို ဂရိနိုင်ငံများတွင် စတင်ကျင်းပခဲ့သည့် အချိန်မှာ ဘီစီ ၇၇၆ ခုနှစ်ဖြစ်ပါသည်။ခုနှစ်ဖြစ်သည်။ သံလွင်ခက် သရဖူသည် အိုလံပစ်ပြိုင်ပွဲ၏ ထင်ရှားသော အမှတ်အသားဖြစ်ပြီး အနိုင်ရသူများကို ငြိမ်းချမ်းခြင်း အထိမ်းအမှတ်အဖြစ် ထိုသံလွင်ခက်သရဖူဖြင့် ဂုဏ်ပြုသည့် အလေ့အထလည်းရှိပါသည်။
 
ဒဏ္ဍာရီတစ်ခု၏ အဆိုအရ အဲလစ်ပြည့်ရှင် အိုနိုးမော့က သူ၏လှပချောမောသော သမီးတော် ဟစ်ပိုဒေးမီးယားအား လာရောက် တောင်းရမ်းသူများအား မိမိနှင့်မြင်းလှည်းပြိုင်ပွဲများ ဆင်နွှဲစေသည်။ ဟစ်ပိုဒေးမီးယား၏ မြင်းများမှာ ဂရိတစ်ပြည်လုံးတွင် အသန်ဆုံး၊ အမြန်ဆုံး ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များမှာ ဘုရင်ကြီးကို မနိုင်ပဲ ဇီဝိန်ကြွေရသည်သာ များလေသည်။ ထိုအခါ သမီးတော်ကို ကြိုက်သောကြောင့် ပီးလော့ဆိုသော လူငယ်သည် ဘုရင်ကြီးနှင့် ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုလေသည်။ ဘုရင်အိုနိုးမော့က မိမိအားနိုင်လျင် သမီးတော်နှင့်ပေးစားမည်ဟု ဆိုသောအခါ ပီးလော့သည် ဘုရင့်ကိုနိုင်ရန်အတွက် ဉာဏ်ဆင်တော့လေသည်။