ပုလွေမှုတ်ခြင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး 202.191.105.243 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည် စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း |
အရေးမကြီး အော်တိုစားထိုးဘော့ |
||
စာကြောင်း ၃ -
[[ဖိုင်:Wiki-fellatio02.png|thumb|လိင်ကွဲစုံတွဲ ပုလွေမှုတ်ခြင်း]]
[[ဖိုင်:Wiki-dthroat02.png|thumb|မူကွဲတမျိုး]]
'''ပုလွေမှုတ်ခြင်း''' ဆိုသည်မှာ ယောက်ျား၏ လိင်အင်္ဂါကို အခြားသူတစ်ဦးမှ ပါးစပ်အတွင်းသို့ ထည့်သွင်းခြင်းဖြင့် လိင်ဆက်ဆံသည့် နည်းလမ်း ဖြစ်သည်။ ၎င်းကို လိင်တူ/လိင်ကွဲ ချစ်သူစုံတွဲနှစ်မျိုးစလုံးပြုလုပ်လေ့ရှိကြပြီး၊ လိင်တံကို ပါးစပ်တွင်းထည့်သွင်း၍ နှုတ်ခမ်းဖြင့် ပွတ်တိုက်လှုပ်ရှား အသွင်းအထုတ်ပြုလုပ်ခြင်း၊ စုပ်ခြင်း၊ လိင်တံနှင့် ဝှေးစေ့ကို နှုတ်ခမ်းဖြင့်ပွတ်သပ်ခြင်း၊ နှာခေါင်းဖြင့် နမ်းရှုံ့ခြင်း၊ လျှာဖြင့်လျှက်ခြင်းတို့ဖြင့် သာယာကျေနပ်မှုရရှိစေသော လိင်ဆက်ဆံမှုပုံစံတစ်မျိုးဖြစ်သည်။ အစဉ်အလာအားဖြင့် လိင်ကွဲချစ်သူများကြားတွင် လက်မထပ်မီ အပျိုစင်ဘဝကိုမပျက်စီးလိုသောရည်ရွယ်ချက်၊ ကိုယ်ဝန်မရရှိလိုသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်လေ့ရှိကြသည်။ ရှေးယခင်က သဘာဝနှင့်ဆန့်ကျင်သော၊ ပုံမှန်မဟုတ်သည့် ရွံရှာစက်စုပ်ဖွယ် အပြုအမူအဖြစ် ရှုံ့ချခဲ့ကြပြီး၊ ရာဇဝတ်ပြစ်မှုအဖြစ်ပင် ဥပဒေပြဋ္ဌာန်းတားမြစ်ခဲ့ကြသော်လည်း၊ ယနေ့ခေတ်တွင်မူ သာမန်ချစ်မှုရေးရာကိစ္စတစ်ရပ်အဖြစ် လူ့အသိုင်းအဝိုင်းက လက်ခံထားကြကာ ကမ္ဘာ့နိုင်ငံအများစုတွင် ရာဇဝတ်ပြစ်မှုအဖြစ်မှ ပယ်ဖျက်ထားကြပြီးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက Linda Lovelace ပါဝင်သရုပ်ဆောင်ခဲ့သော ပါးစပ်အသုံးပြု လိင်ဆက်ဆံမှုအသားပေးရုပ်ရှင် Deep Throat အောင်မြင်ကျော်ကြားခဲ့သည်မှ စတင်ကာ ဤအပြုအမူ ခေတ်စားလာခဲ့ပါသည်။ အိမ်ဖြူတော်သို့ လုပ်အားပေးလာရောက်လုပ်ကိုင်သူ မိန်းမပျို မော်နီကာလီဝင်းစကီးနှင့် အမေရိကန်သမ္မတ ဘီလ်ကလင်တန် တို့ပါးစပ်အသုံးပြု လိင်ဆက်ဆံမှု ပြင်ပသို့ ပေါက်ကြားခဲ့ပြီးသည့်နောက်တွင် လူအများစိတ်ဝင်စားမှုပိုမို မြင့်တက်ခဲ့ပါသည်။ ကျန်းမာရေးရှုဒေါင့်မှကြည့်လျှင် ကူးစက်ရောဂါကင်းရှင်းပြီး တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်သည့် စုံတွဲများကြား ပါးစပ်ကို အသုံးပြုလိင်ဆက်ဆံခြင်းတွင် မည်သည့်အန္တရာယ်မှ မရှိဟု ဆိုနိုင်ပါသည်။ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကူးစက်မှုတွင် သဘာဝနည်းလမ်းဖြင့် လိင်ဆက်ဆံခြင်းထက် ရောဂါကူးစက်နိုင်ခြေ နည်းပါးသော်လည်း တစ်ယောက်အကြောင်းတစ်ယောက်၊ ကောင်းစွာမသိသူ လူစိမ်းများတွင်မူ ပါးစပ်ကိုအသုံးပြု၍ လိင်ဆက်ဆံခြင်းကို အကာကွယ်မဲ့ မပြုလုပ်သင့်ပါ။ လိင်ကွဲချစ်သူများကြားတွင် အများအားဖြင့် လိင်ဆက်ဆံမှုသက်တမ်း ရှည်ကြာလာပြီးနောက်တွင် စတင်ပြုလုပ်လေ့ရှိကြပြီး၊ သဘာဝလိင်ဆက်ဆံမှုမပြုမီ လိင်စိတ်တက်ကြွလာစေရန်၊ လိင်တံမာကျောလာစေရန် နှိုးဆွပေးသည့်သဘောဖြင့်ပြုလုပ်ခြင်း၊ လိင်ဆက်ဆံမှုအထွတ်အထိပ်ရောက်ချိန် မိန်းမအင်္ဂါတွင်းသို့ သုက်မလွှတ်လို၍ ပါးစပ်တွင်းသို့ လိင်တံကို ထိုးသွင်းဆက်ဆံအဆုံးသတ်ခြင်းနှင့် လိင်ဆက်ဆံမှုအစမှအဆုံးတိုင် ပါးစပ်ချည်းသက်သက်ဖြင့် ပြုလုပ်ခြင်းဟူ၍ အမျိုးမျိုးကွဲပြားကြပါသည်။ စင်္ကာပူနိုင်ငံဥပဒေတွင် လိင်စိတ်တက်ကြွလာစေရန် ပါးစပ်ဖြင့် နှိုးဆွပေးခြင်းကို ခွင့်ပြုသော်လည်း သုက်လွှတ်သည်အထိ ပါးစပ်ဖြင့်ဆက်ဆံခြင်းကိုမူ ရာဇဝတ်ပြစ်မှုအဖြစ်
[[Category:လိင်ဆက်ဆံခြင်း]]
|