လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-်် +်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၁ -
{{cleanup|date=23 Jul 2021}}
[[File:Lightning3.jpg|right|thumb|250px|alt=Multiple lightning strikes on a city at night|[[မိုးကြိုးပစ်ခြင်း]]လျှပ်စစ်ဓာတ်အားတည်နေပုံ၏နမူနာတစ်ခုဖြစ်သည်။ ]]
'''လျှပ်စစ်ဓာတ်အား (ဝါ)လျှပ်စစ်စွမ်းအင်(Electricity)''' သည် ပွတ်တိုက်မှုအားကြောင့် သော်လည်းကောင်း၊ [[လျှပ်စစ်သံလိုက်]] ညှို့ခြင်းကြောင့် သော်လည်းကောင်း၊ အခြား [[စွမ်းအင်]]တစ်ခုခုမှ အသွင်ပြောင်း၍ သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ လျှပ်စစ်နှင့် သက်ဆိုင်သော ဖြစ်စဉ်များကို ရှေးပဝေသဏီမှ စတင်ကာ လေ့လာခဲ့ကြ သော်လည်း ၁၇ရာစု နှင့် ၁၈ရာစု လောက်မှသာ သိပ္ပံနည်းကျ ဖြေရှင်းနိုင်ခဲ့ပါသည်။ လက်တွေ့ အသုံးချ လျှပ်စစ်ဓာတ်အားကိုမူ ၁၉ရာစု နှောင်းပိုင်းတွင်မှ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ကာ လူနေအိမ်နှင့် စက်မှုလုပ်ငန်းများတွင်အသုံးပြုခဲ့ကြပါသည်။စက်မှုလုပ်ငန်းများတွင်အသုံးပြုခဲ့ကြသည်။ တဟုန်ထိုး တိုးတက်ခဲ့သော လျှပ်စစ်နှင့်သက်ဆိုင်သည့် နည်းပညာများကြောင့် လူအဖွဲ့အစည်းများ၏ လူနေမှုအဆင့်အတန်းများနှင့် စက်မှုလုပ်ငန်းများလည်း များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ယနေ့တွင်တော့ လျှပ်စစ်စွမ်းအားသည် ကျွန်ုပ်တို့ နေ့စဉ် ရှင်သန် နေထိုင်ရာဘဝတွင် လွန်စွာ အဓိကကျသော အခန်းမှ ပါဝင်နေပါသည်။
 
==လျှပ်စစ်စွမ်းအင် (ဝါ) လျှပ်စစ်စွမ်းအင်၏သမိုင်းအကျဉ်း==
စာကြောင်း ၁၁ -
ထို့နောက်ပိုင်း ၁၇ရာစု မှ ၁၈ရာစုဦးအထိ [[Otto von Guericke]] ၊ [[Robert Boyle]] ၊ [[Stephen Gray]] ၊ [[C. F. du Fay]] စသောပညာရှင်များသည် ဆက်လက်လေ့လာခဲ့ကြသည်။ ၁၈ရာစုတွင် [[Benjamin Franklin]]သည် ရှိသမျှကိုရောင်းချပေါင်နှံကာ အရင်းပြုပြီး လျှပ်စစ် နှင့်ပတ်သက်သည့် သုသေသနလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။ ၁၇၅၂ဇွန်လတွင် ဖရန်ကလင်းသည် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုနှင့်ပတ်သက်ပြီး ဖရန်ကလင်း လည်းနာမည်ကြီးခဲ့သည်။ ဖရန်ကလင်းသည် စိုစွတ်နေသောစွန်တစ်ခု၏ကြိုးတွင် သော့တစ်ချောင်းကိုတပ်ဆင်ကာ မိုးတိမ်ရှိရာသို့လွတ်တင်ခဲ့သည်။ မီးဖွားများသည် ဆက်ခါဆက်ခါ စိုစွတ်သောကြိုးမှတဆင့် သော့သို့လည်းကောင်း ၊ ထို့နောက် လက်သို့လည်းကောင်း ကူးလာသည်။ တနည်းအားဖြင့် [[short circuit]] ဖြစ်လာခြင်းပင်ဖြစ်သည်။ ယင်းနည်းဖြင့် ဖရန်ကလင်းသည် လျှပ်စီးလက်ခြင်းသည် တည်ငြိမ် လျှပ်စစ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါသည်။
[[File:Franklin-Benjamin-LOC.jpg|thumb|200px|upright|alt=A half-length portrait of a bald, somewhat portly man in a three-piece suit.|[[Benjamin Franklin]] ဘင်ဂျမင် ဖရန်ကလင်း ]]
၁၇၉၁တွင် [[Luigi Galvani]] သည် [[Bioelectricity]] ကိုရှာဖွေတွေ့ရှိခဲ့သည်။ [[နာဗ်ဆဲလ်]] (Nerve Cells) များမှ [[ကြွက်သား]] (Muscles) များသို့ အချက်ပြသတင်းပေးပို့ရာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားကို Bioelectricity ဟုခေါ်သည်။ [[Alessandro Volta]] သည် ခရစ်နှစ် ၁၈ဝဝလောက်တွင် [[ကြေးနီ]](Copper) နှင့် [[သွပ်]](Zinc) များကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွတ်နိုင်သော [[ပင်မဓာတ်အိုး (Primary Cell)]] အမျိုးအစားဖြစ်သည့် [[ဗိုလတိတ်ဓာတ်အိုး (Volta Cell)]] ကိုတည်ထွင်ခဲ့ပါသည်။ [[လျှပ်စစ်သံလိုက် (Electromagnetism)]] သီအိုရီကို ၁၈၁၉ နှင့် ၁၈၂ဝ ဝန်းကျင်တွင် [[Hans Christian Orsted]] နှင့် [[အင်ဒရီး မယ်ရီ အမ်ပီယာ]] တို့ကဖော်ထုတ်ခဲ့ပါသည်။ [[မိုက်ကယ် ဖာရာဒေး]] သည် ၁၈၂၁တွင် [[လျှပ်စစ်မိုတာ|လျှပ်စစ်မော်တာ (Electric Motor)]] ကိုတည်ထွင်ခဲ့ပါသည်။ [[ဂျော့ ဆိုင်မွန် အုမ်း]] သည်သင်္ချာ နည်းဖြင့် [[လျှပ်စစ်ပတ်လမ်း (Electric Circuit)]] များကို သရုပ်ခွဲနိုင်သည့် [[အုမ်း ၏ နိယာမ|အုမ်းဥပဒေ (Ohm's Law)]] ကို ၁၈၂၇ တွင်ဖော်ထုတ်ခဲ့ပါသည်။ [[ဂျိမ်းစ် မက်စ်ဝဲ]] သည် ၁၉၆၁ ဝန်းကျင်လောက်တွင် လျှပ်စစ် (Electricity) ၊[[အလင်း]] (Light) နှင့် [[သံလိုက်]](Magnet) တို့၏ ဆက်စပ်မှုကိုဖော်ထုတ်ခဲ့ပါသည်။ ၁၉ရာစုလောက်တွင်တော့ လျှပ်စစ်ဓာတ်အားကို ပညာရှင်တော်တော်များများမှ ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြပါသည်။ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြသည်။[[File:M Faraday Th Phillips oil 1842.jpg|thumb|200px|upright|right|alt=Half-length portrait oil painting of a man in a dark suit |[[မိုက်ကယ် ဖာရာဒေး]] လျှပ်စစ်မော်တာကိုတည်ထွင်ခဲ့သူ ]]
 
==လျှပ်စစ်ဓာတ်အား (ဝါ) လျှပ်စစ်စွမ်းအင်၏အယူအဆသဘော==