ဝါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၁၅၄ -
ဝါးသည် အမြစ်တစ်ခုတည်းမှ ပင်စည်ပေါင်း ၁၀၀ ခန့်အထိ ပေါက်ရောက်နိုင်သည်။ အချို့ဝါးပင်များသည် ပေ ၃၀၊ ပေ ၅၀ နှင့် ပေ ၁၀၀ အထိပင် မြင့်ကြသည်။ ပေါက်ရောက်ရာတွင်လည်း အလွန်ပင်လျင်မြန်သည်။ အချို့သော ဝါးမျိုးများသည် တစ်နေ့အတွင်း၌ ၁၀ လက်မအထိပင် မြင့်တက်လာသည်။ ဝါးမှ အများအားဖြင့် အကိုင်းများ ထွက်လေ့မရှိပေ။ ထိပ်ဖျားလောက်တွင်သာလျှင် အကိုင်းများသည် ချုံများသဖွယ် ဖြာထွက်လေ့ရှိသည်။ ထိုအကိုင်းများတွင် အချို့ဝါးမျိုး၏ ဝါးပွင့်များသည် အခိုင်ကြီးများအဖြစ်နှင့် ပွင့်လေ့ရှိကြသည်။
 
တစ်ခါတစ်ရံတွင် အချို့သော ဝါးပင်များမှာ လုံးဝမပွင့်ကြချေ။ ဝါး၏အစေ့များကိုလည်း မြင်ရခဲသည်။ အချို့သော ဝါးမျိုးများ၏ အညှောက်များကို လူအများက “[[မျှစ်]]”အဖြစ် စားသုံးကြသည်။ မျှစ်များကို တာရှည်ခံအောင် အခြောက်အချဉ်များ ပြုလုပ်၍ စားသုံးကြပါသည်။စားသုံးကြသည်။
 
=== ဝါးအသုံးဝင်ပုံ ===
စာကြောင်း ၁၆၀ -
ဝါးသည် အလေးချိန်နှင့်စာက အလွန်ခိုင်၍ မာကျောပြီးလျှင် အိလေသည်။ ဝါးပေါက်ရောက်ရာဒေသရှိ လူများသည် ဝါးကို အိမ်တိုင်များအဖြစ် အသုံးပြု၍ ဝါးကိုပင်ခြမ်း၍ အခင်းအဖြစ် အသုံးပြုကြသည်။ အိမ်၏ အမိုးနှင့်အကာအဖြစ်လည်း ဝါးကိုရက်၍ အသုံးပြုလေ့ရှိပါသည်။
 
အချို့ဝါးကြီးများ၏ အဆစ်အပိုင်းများကို ချက်ပြုတ်ရန် အိုးအဖြစ် အသုံးပြုကြသလို ရေထည့်ရန် ပုံးအဖြစ်လည်း အသုံးပြုကြပါသည်။အသုံးပြုကြသည်။
 
လေးနှင့် မြား၊ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာပလာများနှင့် အခြားလူ့အသုံးအဆောင် များကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြပါသည်။ပြုလုပ်ကြသည်။
 
ရေတံလျှောက်အဖြစ်လည်း ဝါးကိုပင်ခြမ်း၍ အသုံးပြုလေ့ရှိကြသည်။ တံတားများပြုလုပ်ရာတွင်လည်း ဝါးများကိုပင် အသုံးပြုလေ့ရှိကြသည်။ ငှက်လောင်အိမ်များ၊ ဖျာ၊ ကုလားထိုင်၊ အိပ်ရာ၊ ပုခက်များနှင့် တောင်းအမျိုးမျိုးကိုလည်း ဝါးများဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။
 
ဝါး၏ အတွင်းသားကိုထုပြီးလျှင် [[စက္ကူ]]အမျိုးမျိုး ပြုလုပ်နိုင်ရန် ပျော့ဖတ်အဖြစ် အသုံးပြုကြပါသည်။အသုံးပြုကြသည်။
 
မြန်မာနိုင်ငံတွင် ဝါးအမျိုးအစားများ ပေါများလှသည့်အတွက် အိမ်တစ်ဆောင်လုံးကို ဝါးဖြင့်ပင် ဆောက်လုပ်နိုင်သည့်အပြင် ထမင်းအိုးမွှေသည့် ယောင်းမကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။ ထမင်းအိုး၊ ဟင်းအိုးများတင်ရန် “ကရွတ်”များကိုလည်း ဝါးဖြင့် ပြုလုပ်ကြသည်။ ဆန်ထည့်စရာနှင့် ဆန်ပြာစရာ ဗန်း၊ ထမင်းထည့်စရာ ပလုံး၊ လက်ဆွဲခြင်း စသည်တို့ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။
စာကြောင်း ၁၈၂ -
တံငါ၊ အင်းသမားနှင့် ပိုက်သမားများ အသုံးပြုကြသော မြှုံး၊ ယင်းတန်း၊ ငါးအုပ်ဆောင်းနှင့် ထမ်းပိုးများလည်း ဝါးဖြင့် ပြုလုပ်ထားကြခြင်း ဖြစ်သည်။
 
ဂီတဘက်တွင်အသုံးပြုသော [[ပလွေ]]၊ [[ပတ္တလား]]၊ [[ဝါးလက်ခုတ်]]တို့ကို ဝါးဖြင့်ပင် ပြုလုပ်ကြသလို တောင်ဝှေးနှင့် ချိုင်းထောက်များကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြပါသည်။ပြုလုပ်ကြသည်။
 
အလှူမဏ္ဍပ်၊ မင်္ဂလာဆောင်မဏ္ဍပ်၊ ပွဲရုံ၊ ဇာတ်ရုံ၊ ပြပွဲရုံ စသည်ဖြင့် ယာယီအဆောက်အအုံ၊ ယာယီမဏ္ဍပ်များကို ဝါးဖြင့်ဆောက်လုပ်ကြပါသည်။ဝါးဖြင့်ဆောက်လုပ်ကြသည်။
 
ဘုရား၊ ပုထိုး၊ တိုက်တာအဆောက်အအုံများကို တည်ဆောက်ရေး၊ ပြုပြင်ရေး၊ ဘုရားကိုရွှေချ၊ သင်္ကန်းကပ်လှူသည့်ကိစ္စများတွင် “[[ငြမ်း]]”ဆင်ရာ၌ ဝါးကိုပင် အသုံးပြုကြသည်။
စာကြောင်း ၁၉၀ -
သီးနှံပင်များ၏ စင်များကိုလည်း ဝါးတိုင်များစိုက်ထူပြီးလျှင် ဝါးခြမ်းဖြင့် ကွက်ကျားရက်ထားသော ဝါးကပ်များတင်ထားသော စင်များဖြစ်ကြသည်။
 
စပါးများကို လှေ့ကြရာတွင်လည်း ဝါးစင်များဖြင့်ပင် လှေ့ကြပါသည်။လှေ့ကြသည်။ တောင်သူလယ်သမားသုံး ပလိုင်း၊ ရိုင်ပတ်၊ ပုတ် စသည်များတို့ကို ဝါးဖြင့်ပင် ရက်လုပ်ကြသည်။
 
လယ်တောများတွင် ဆောက်လုပ်ထားရှိသော နွားတင်းကုပ်နှင့် ကနားဖျင်းတို့ကိုလည်း ဝါးဖြင့်ပင် ဆောက်လုပ်ကြပါသည်။ဆောက်လုပ်ကြသည်။
 
ကြက်ခြံ၊ ဝက်ခြံ၊ ယင်လုံအိမ်သာများကိုလည်း ဝါးဖြင့်ပြုလုပ်ကြသလို ရဟန်းသံဃာများအတွက် ကနုတ်တံသည်လည်း ဝါးဖြင့်ပင် ပြုလုပ်ကြပါသည်။ပြုလုပ်ကြသည်။
 
=== မြန်မာနိုင်ငံရှိ ဝါးအမျိုးအစားများ ===
"https://my.wikipedia.org/wiki/ဝါး" မှ ရယူရန်