အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 180.235.118.234 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Rzuwig ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၉၀ -
အင်တာနက်သည် အလုပ်လုပ်နေသော နာရီများ နေရာများနှင့် ပတ်သက်ပြီး ပိုမိုကြီးမားစွာ လိုက်လျောညီထွေမှု ဖြစ်စေသည်။ အထူးသဖြင့် မီတာတတ်မထားသော အမြန်နှုန်းမြင့် ဆက်သွယ်မှုများနှင့် ဝက်(ဘ်) အသုံးချပရိုဂရမ်များ ပျံ့နှံ့မှုအားဖြင့် ဖြစ်သည်။ယခုအခါတွင် နည်းလမ်းပေါင်းများစွာဖြင့်၊ အထူးသဖြင့် မိုဘိုင်း(လ်) အင်တာနက် ကိရိယာများမှ တဆင့် အင်တာနက်ကို မည်သည့်နေရာမှမဆို ဆက်သွယ် ရရှိနိုင်သည်။ မိုဘိုင်း(လ်)ဖုန်း၊ ဒေတာကတ်များ၊ လက်ကိုင်ကစားနည်း စက်များ (handheld game consoles) နှင့် ဆယ်လူလာရောက်တာများသည် ယင်းကိရိယာ နည်းပညာကို ပံ့ပိုးသော ကြိုးမဲ့ကွန်ယက် လွှတ်ထားသည့် မည်သည့်နေရာတွင်မဆို အသုံးပြုသူများကို အင်တာနက်သို့ ဆက်သွယ်ရန် ခွင့်ပြုထားသည်။ သေးငယ်သော ကြည့်ရှုရန် ဖန်သားပြင်က သတ်မှတ်ထားသော ကန့်သတ်ချက်များအတွင်း၊ ထိုအိတ်ဆောင် ကိရိယာများ၏ အခြား ကန့်သတ်ချက်ရှိသော အထောက်အပံ့ပစ္စည်းများ၊ အီးမေး(လ်)နှင့် ဝက်(ဘ်)များအပါအဝင် အင်တာနက် ဝန်ဆောင်မှုများကို ရရှိကောင်း ရရှိနိုင်ပါသည်။ ဝန်ဆောင်မှု ထောက်ပံ့ပေးသူများသည် ကမ်းလှမ်းထားသော ဝန်ဆောင်မှုများကို ကန့်သတ်ကောင်း ကန့်သတ်နိုင်ပြီး၊ ကြိုးမဲ့ဒေတာ ပို့လွှတ်ခြင်းများအတွက် အခကြေးငွေမှာ အခြား ဆက်သွယ်ရရှိနိုင်သော နည်းလမ်းများထက် သိသာစွာ မြင့်မားနိုင်ပါသည်။
 
မူလတန်းကြိုမှ ဘွဲ့လွန်ပါရဂူအထိ အဆင့်များအားလုံးအတွက် ပညာရေးဆိုင်ရာ ပစ္စည်းများမှာ ဝက်(ဘ်)ဆိုဒ်များပေါ်တွင် ရရှိနိုင်ပါသည်။ ဥပမာများမှာ ကျောင်းများနှင့် အထက်တန်းကျောင်းများ၏ ပြန်လှန်သင်ကြားခြင်း လမ်းညွှန်များမှတဆင့် ရရှိနိုင်သော CBeebies မှသည်၊ ဂူးဂဲ(လ်)စကော်လာ၏ အကြိုက်များမှတဆင့် အမြင့်ဆုံးအဆင့် ပညာရှင်သုံး စာပေများကို ဆက်သွယ်ရယူနိုင်သော အကျိုးသက်ရောက်သော တက္ကသိုလ်များ (virtual universities) အထိ အတန်းအစား အမျိုးမျိုး ကွဲပြားပါသည်။ အဝေးသင် ပညာရေးစနစ်တွင် အိမ်စာများနှင့် အခြား သတ်မှတ်ပေးထားသော သင်ခန်းစာများ လုပ်ဆောင်ခြင်း၊ မိမိကိုယ်မိမိ လမ်းညွှန် သင်ယူ ခြင်း၊ အချိန်ပိုများကို ကုန်လွန်စေခြင်း၊ သို့မဟုတ် စိတ်ဝင်စားသော အချက်တစ်ခုအပေါ် အသေးစိတ်အချက်အလက်များ ပိုမိုရှာဖွေခြင်းများတို့တွင် ကူညီသည်။ မည်သည့်နေရာမှမဆို မည်သည့်အဆင့်အတွက်မဆို ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်သွယ်ရယူနိုင်ခြင်းသည် လူအများအတွက် ဘယ်သောအခါကမျှ ယခုလောက် မလွယ်ကူခဲ့ပေ။ ယျေဘုယျအားဖြင့် အင်တာနက်နှင့် အထူးသဖြင့် World Wide Web တို့သည် ပုံမှန်သမားရိုးကျ ပညာရေးအတွက်ရော၊ သမားရိုးကျမဟုတ်သော ပညာရေးအတွက်ပါ အရေးကြီးသည့် စွမ်းဆောင်နိုင်စေသူများ ဖြစ်ကြပါသည်။ဖြစ်ကြသည်။
 
ဈေးနှုန်းသက်သာမှုနှင့် အကြံ ဉာဏ်များ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ကိုချက်ချင်းဆိုသလို ဝေမျှနိုင်ခြင်းက ပူးပေါင်းဆောင်ရွက်သော ဆော့(ဖ်)ဝဲ၏ အကူအညီဖြင့် ပူးပေါင်း ဆောင်ရွက်သော အလုပ်ကို ထူးထူးခြားခြား လွယ်ကူစေပါသည်။ အုပ်စုတစ်ခုသည် ဈေးနှုန်းသက်သာစွာ ဆက်သွယ်ခြင်းနှင့် အကြံဉာဏ်များ ဝေမျှခြင်းတို့ ပြုလုပ်နိုင်ရုံသာမက၊ ကျယ်ပြန့်စွာ ရောက်ရှိနိုင်သော အင်တာနက်က ထိုသို့သော အုပ်စုများကို ပထမနေရာတွင် လွယ်ကူစွာ ဖွဲ့စည်းခွင့် ပေးပါသည်။ ဥပမာတစ်ခုမှာ အခမဲ့ ဆော့(ဖ်)ဝဲရွေ့လျားမှုက အခြားပရိုဂရမ်များ အနက် လင်းနက်(စ်)၊ မိုဇီလာဖိုင်းယားဖောက်(စ်)နှင့်OpenOffice.org တို့ကို ထုတ်လုပ်ပေးခဲ့ပေသည်။ IRC စကားပြောခန်းပုံစံနှင့် သော်လည်းကောင်း သို့မဟုတ် လိုင်းများ ပုံစံနှင့် သော်လည်းကောင်း သို့မဟုတ် ချက်ချင်း မက်ဆေ့(ခ်ျ)ပို့သော စနစ်များမှ တဆင့်သော်လည်းကောင်း အင်တာနက် “အပြန်အလှန် စကားပြောခြင်း”သည် နေ့ဖက်တွင် မိမိကွန်ပျူတာ၌ အလုပ်လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက်များအချင်းချင်း အလွန် သက်သောင့်သက်သာ ပုံစံဖြင့် အဆက်အသွယ်မပြတ် ရှိစေသည်။ မက်ဆေ့(ခ်ျ)ခေါ် သတင်းစကားများမှာ အပြန်အလှန် ဖလှယ်နိုင်ပြီး အီးမေး(လ်)ထက် ပိုမိုလျင်မြန်ပြီး လွယ်ကူအဆင်ပြေပါသည်။ ဤစနစ်များ၏ တိုးချဲ့မှုများသည် ဖိုင်များကို ဖလှယ်နိုင်ပြီး၊ ဝေမျှရန် “ဝှိုက်ဘုတ်” ပေါ်တွင်ရေးဆွဲခြင်း သို့မဟုတ် အဖွဲ့သားများအကြား အသံ၊ ဗီဒီယိုတို့ဖြင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
စာကြောင်း ၁၀၈ -
မိုက်ခရိုဆော့(ဖ်)၏ Internet Explorer၊ Mozilla Firefox၊ Opera ၊ Apple ၏ Safari နှင့် Google Chrome ကဲ့သို့သော World Wide Web ၏ browser ဆော့(ဖ်)ဝဲများသည် စာရွက်စာတမ်းများအတွင်း မြုပ် ထား သော hyperlinkများမှ တဆင့် ဝက်(ဘ်)စာမျက်နှာ တစ်ခုမှတစ်ခုသို့ အသုံးပြုသူများအား လမ်းကြောင်းပြသည်။ ဤစာရွက်စာတမ်းများတွင် ဂရပ်ဖစ်များ၊ အသံများ၊ စာသားများ၊ ဗီဒီယို၊ မီဒီယာမျိုးစုံနှင့် ကစားနည်းများ၊ ရုံးသုံး အသုံးချပရိုဂရမ်များနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သရုပ်ပြခြင်းများကဲ့သို့ အပြန်အလှန်ဆက်သွယ်မှုရှိသော အကြောင်းအရာများ စသည့် ပေါင်းစပ်ထားသော ကွန်ပျူတာဒေတာများလဲ ပါဝင်နိုင်ပါသည်။ ယာဟူး နှင့် ဂူးဂဲ(လ်)တို့ကဲ့သို့ ရှာဖွေရေးအင်ဂျင်များကို အသုံးပြုသော သော့ချက်စကားလုံးတို့ဖြင့် မောင်းနှင်သည့် အင်တာနက် သုတေသနပြုမှုမှ တဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများသည် များပြားပြီး အမျိုးအစား စုံလင်လှသော အွန်လိုင်း သတင်းအချက်အလက်များသို့ လွယ်လွယ်ကူကူနှင့် ချက်ချင်းဆိုသလို ဝင်ရောက်ကြည့်ရှုခွင့် ရပေသည်။ ပုံနှိပ်ထားသော စွယ်စုံကျမ်းများ၊ ရှေးရိုးရာ စာကြည့်တိုက်များနှင့် နှိုင်းယှဉ်လျှင် World Wide Web သည် သတင်းအချက်အလက်များကို ဗဟိုမှထိန်းချုပ်မှုအား ခွဲဝေပေးခြင်းကို စွမ်းဆောင်နိုင်သည်။
 
တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား အတွေးအခေါ်များနှင့် သတင်းအချက်အလက်များကို ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာခြင်းများ အလွန်အမင်းလျော့ကျစွာဖြင့် အလားအလာရှိသော ပရိသတ်ကြီးထံသို့ ထုတ်ဝေနိုင်ရန် ဝက်(ဘ်)က စွမ်းဆောင်နိုင်သည်။ ဝက်(ဘ်) စာမျက်နှာတစ်ခု၊ ဘလော့ဂ်တစ်ခု ထုတ်ဝေရာတွင် သို့မဟုတ် ဝက်(ဘ်)ဆိုဒ်တစ်ခု တည်ဆောက်ရာတွင် ကနဦးကုန်ကျစရိတ် အနည်းငယ်မျှသာ ရှိပြီး၊ အခမဲ့ဝန်ဆောင်မှုများ အများအပြားလည်း ရှိပါသည်။ ကြီးမားပြီး ဆွဲဆောင်မှုရှိသော အတတ်ပညာဆိုင်ရာ ဝက်(ဘ်)ဆိုဒ်များကို ထုတ်ဝေခြင်းနှင့် ထိန်းသိမ်းခြင်းတို့မှာ အမျိုးမျိုးကွဲပြားလျက် ရှိသည်။ သို့ရာတွင် နောက်ဆုံးပေါ် သတင်းများမှာ ခက်ခဲပြီး ဈေးကြီးသော ကိစ္စပင် ဖြစ်လျက်ရှိသေးသည်။ ပုဂ္ဂိုလ်တစ်ဦးချင်း အများစုနှင့် ကုမ္ပဏီ၊ အဖွဲ့ အချို့တို့မှာ လွယ်ကူစွာ ပြုပြင်မွမ်းမံနိုင်သော အွန်လိုင်းဒိုင်ယာရီများကို ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိသော ဝက်(ဘ်)လော့(ဂ်)များ သို့မဟုတ် ဘလော့ဂ်များကို သုံးကြပါသည်။သုံးကြသည်။ အချို့စီးပွားရေးဆန်သော အဖွဲ့အစည်းများသည် ဧည့်သည်များက အထင်ကြီးစေလိုသော မျှော်လင့်ချက်ဖြင့် ယင်းတို့၏ဝန်ထမ်းများကို ၎င်းတို့အထူးပြုသော ဧရိယာများတွင် ကျွမ်းကျင်သော အသိပညာများနှင့် အခမဲ့ သတင်းအချက်အလက်များ ဖြင့် အကြံဉာဏ်ပေး ဆက်သွယ်ရန် အားပေးသည်။
 
ထိုသို့ဖြင့် ဆွဲဆောင်မှုရှိသော ကော်ပိုရေးရှင်းအဖြစ် အကျိုးသက်ရောက်မှု ရှိစေသည်။ ယင်း၏ဥပမာတစ်ခုမှာ မိုက်ခရိုဆော့(ဖ်)ပင် ဖြစ်သည်။ ယင်း၏ ထုတ်ကုန်ကြီးပွားစေသူများ (product developers)က ပြည်သူများ ယင်းတို့၏ အလုပ်များတွင် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်ဘလော့ဂ်များကို ထုတ်လုပ်ကြသည်။ ကြီးမားသော ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ၏ ထုတ်ဝေထားသော ကိုယ်ပိုင် ဝက်(ဘ်)စာမျက်နှာများ စုဆောင်းခြင်းမှာလဲ ရေပန်းစားဆဲပင်ဖြစ်ပြီး၊ တစ်စထက်တစ်စ ခေတ်မီလာလျက်ရှိသည်။ တစ်ဖက်ကကြည့်သော် အိန်ဂျယ်ဖိုင်းယားနှင့် ဂျီယိုစီးတီးကဲ့သို့ လုပ်ငန်းစဉ်များ ဝက်(ဘ်)ဆိုဒ် ခေတ်ဦးပိုင်းကတည်းက ရှိခဲ့ပါသော်လည်း၊ ကမ်းလှမ်းမှု အသစ်များ ဥပမာအားဖြင့် Facebook နှင့် Myspaceတို့တွင် လောလောဆယ်တွင် နောက်လိုက်များ အများအပြားရှိပါသည်။ ဤလုပ်ငန်းစဉ်များသည် ယင်းတို့ကိုယ်ကို ရိုးရိုး ဝက်(ဘ်)စာမျက်နှာ လက်ခံများအဖြစ်ထက် လူမှုဆက်ဆံရေးကွန်ယက် ဝန်ဆောင်မှုများဟု အမည်တပ်လေ့ရှိသည်။
စာကြောင်း ၁၄၁ -
အင်တာနက်ပေါ်တွင် ဆက်သွယ်ရန်အတွက် ပျံ့နှံ့သုံးစွဲသော ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်သည်။ အင်တာနက်၏ ပေါက်ဖွားလာသော နေရာကြောင့် သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ပြောဆို ကြသည့်စကားအဖြစ် အခန်းကဏ္ဍအရကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ အဓိကအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် စတင်ပေါ်ပေါက်လာခဲ့သော ရှေးဦး ကွန်ပျူတာများ၏ လက်တင်အက္ခရာများကို သုံးသော အင်္ဂလိပ် မူကွဲများမှအပ အခြားသော စာလုံးများကို စီမံခန့်ခွဲရန်အတွက် စွမ်းဆောင်နိုင်မှု အားနည်းမှုနှင့်လည်း ဆက်စပ်နိုင်ကောင်း ဆက်စပ်ပေလိမ့်မည်။ World Wide Web ပေါ်၌ တောင်းဆိုမှု အများဆုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ(၂၈%)ပြီးလျှင် တရုတ် (၂၃%)၊ စပိန်(၈%)၊ ဂျပန်(၅%)၊ ပေါ်တူဂီ နှင့် ဂျာမန်(၄% စီ)၊ အာရဗီ၊ ပြင်သစ်နှင့် ရုရှား (၃%စီ)နှင့် ကိုရီးယား (၂%)တို့ ဖြစ်ပါသည်။
 
ဒေသများအားဖြင့်၊ ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ၄၂%သည် အာရှတွင် အခြေပြုသူများ ဖြစ်ပြီး၊ ၂၄%မှာ ဥရောပ၊ ၁၄%မှာ မြောက်အမေရိက၊ ၁၀%မှာ လက်တင် အမေရိကနှင့်တကွ ကာရစ်ဘီယံဒေသ၊ ၅%မှာ အာဖရိက၊ ၃%မှာ အရှေ့အလယ်ပိုင်းနှင့် ၁%မှာ ဩစတြေလျ/ ပစိဖိတ်သမုဒ္ဒရာ ဒေသများတို့မှ ဖြစ်ကြပါသည်။လွန်ခဲ့သောဖြစ်ကြသည်။လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်၏ နည်းပညာများ လုံလောက်စွာပင် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ အထူးသဖြင့် ယူနီကုတ် ကိုအသုံးပြုခြင်းဖြင့် ကမ္ဘာ့ အသုံးအများဆုံး ဘာသာစကားများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးတို့အတွက် ကောင်းမွန်သော လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။ သို့ရာတွင် မိုဂျီဘာကေ (mojibake) (အချို့သော ဘာသာစကားများ၏ စာလုံးများကို မှားယွင်းစွာဖော်ပြခြင်း) ကဲ့သို့ အချို့အမှားများမှာ ရှိနေဆဲပင်ဖြစ်သည်။
 
အိမ်များတွင် အင်တာနက် ဆက်သွယ်ရရှိမှု အတွက် သုံးလေ့ရှိသော နည်းလမ်းများတွင် ဒိုင်း(လ်)အပ်(dial-up)၊ ကုန်းပေါ် ကြိုး ဘရော့(ဒ်)ဘဲန်(broadband) (ပျော့ပြောင်းသော ကိုအက်(စ်)ဝိုင်ယာကြိုး၊ အကြည်ရောင်ဖန်မျှင် ၊ သို့မဟုတ် ကြေးနီဝိုင်ယာများ မှတဆင့်)၊ဖိုင်ဘာ၊ ဝိုင်ဖိုင်၊ ဂြိုဟ်တုနှင့် 3G နည်းပညာ ဆဲ(လ်)ဖုန်းများတို့ ပါဝင်ပါသည်။ အင်တာနက်ကို အများပြည်သူ အသုံးပြုနိုင်သော နေရာများတွင် အင်တာနက်နှင့် ဆက်သွယ်ထားသော ကွန်ပျူတာများရှိသည့် စာကြည့်တိုက်များနှင့် အင်တာနက် ကဖေးများတို့ ပါဝင်သည်။ လေဆိပ် ဟောခန်းမနှင့် ကော်ဖီဆိုင်များကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြားတွင်လည်း အင်တာနက်ဆက်သွယ်ရရှိနိုင်သော နေရာများရှိသည်။ အချို့နေရာများတွင် မတ်တတ်ရပ်လျက် ခေတ္တခဏမျှသာ အသုံးပြုရန်အတွက် ဖြစ်သည်။ “ပြည်သူ့အင်တာနက်ဆိုင်ငယ်” ၊ “ပြည်သူများသုံးစွဲနိုင်သည့် တာမင်နယ်(လ်)များ” နှင့် “ပိုက်ဆံပေးရသည့် အများပြည်သူသုံးဖုန်း ဝက်(ဘ်)” ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။
စာကြောင်း ၁၆၃ -
အင်တာနက်ပေါ်တွင် အပန်းဖြေလှုပ်ရှားမှု၏ အဓိကနယ်ပယ်တစ်ခုမှာ ကစားသူများစွာပါဝင်သော ကစားနည်း (multiplayer gaming) ဖြစ်သည်။ ဤသို့ အပန်းဖြေသည့် ပုံစံမှာ တစ်ယောက်ထက်ပို၍ ကစားနိုင်သော ကစားနည်း၏ အမြန်ဆုံးနှုန်းကမ္ဘာကို နှစ်ခြိုက်ကြသော အသက်အရွယ်မရွေး၊ လူမျိုးမရွေးတို့ပါဝင်သည့် လူ့အဖွဲ့အစည်းများကို ဖန်တီးပေးသည်။ ယင်းတို့မှာ MMORPG မှသည် မိမိမြင်ကွင်းမှ ပစ်ခတ်ကစားရခြင်း (first-person shooters) အထိ၊ ကိုယ်တိုင်ပါဝင်ကစားရသော ကစားနည်းများ (role-playing games) မှ အွန်လိုင်းကစားနည်းများ အထိ အမျိုးအစား ကွဲပြားသည်။ အင်တာနက်ပေါ်တွင် ၎င်းတို့၏ အားလပ်ချိန်များကို အသုံးပြုရာ၌ လူအပေါင်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်သည့်နည်းလမ်းကို တော်လှန်ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်ကတည်းကပင် အွန်လိုင်းကစားနည်းများ ရှိခဲ့စဉ် [ကိုးကားရန်လိုအပ်သည်] ခေတ်သစ် အွန်လိုင်း ကစားနည်းပုံစံများမှာ GameSpy နှင့်Mplayer ကဲ့သို့ အသင်းဝင်ခြင်း ဝန်ဆောင်မှုများနှင့် စတင်ခဲ့သည်။ အသင်းဝင် မဟုတ်သူများမှာ အချို့သော ကစားနည်းပုံစံများ သို့မဟုတ် ကစားနည်းများသို့ ကန့်သတ်ထားသည်။ လူအများအပြားသည် တေးဂီတ၊ ရုပ်ရှင်နှင့် အခြားသော နှစ်သက်ရာနှင့် စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုဒ်ဆွဲချရန် အင်တာနက်ကို သုံးသည်။ ဤသို့သော လုပ်ဆောင်မှုများ အားလုံးအတွက် ဗဟိုမှထိမ်းချုပ်သော ဆာဗာများကို အသုံးပြုပြီး ဂုဏ်ရည်တူ နည်းပညာများကို ဖြန့်ဝေပေးသည်။ ယင်းအရင်းအမြစ် အချို့တို့သည် အခြားအရာများအနက် မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို လေးစားခြင်းဖြင့် ပိုမို ဂရုစိုက် လုပ်ဆောင်ကြသည်။
 
သတင်းများ၊ ရာသီဥတုနှင့် အားကစား အစီရင်ခံချက်များအား ဝင်ရောက်ကြည့်ရှုရန်၊ အားလပ်ရက်အပန်းဖြေခရီး စီစဉ်ခြင်းနှင့် လက်မှတ်ကြိုတင်ဝယ်ခြင်း၊ ၎င်းတို့ စိတ်ဝင်စားစရာများ ပိုမိုရှာဖွေခြင်းတို့အတွက် World Wide Web ကို လူအများက ရရှိသုံးစွဲကြသည်။ ကမ္ဘာအနှံ့ရှိ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်အတွက် စကားပြောခြင်း၊ သတင်းပို့ခြင်းနှင့် အီးမေး(လ်)ပို့ခြင်းတို့ကို လူအများ အသုံးပြုကြပါသည်။အသုံးပြုကြသည်။ အချို့တို့မှာ ယခင်က စာရေးမိတ်ဆွေများ ထားသကဲ့သို့ နည်းလမ်းတူသည်။ အသုံးပြုသူများသည် ယင်းတို့၏ ဖိုင်များနှင့် ဆက်တင်များကို အင်တာနက်မှတဆင့် ဆက်သွယ်ရရှိနိုင်သော ဝက်(ဘ်)ဒက်(စ်)တော့(ပ်) အရေအတွက်များ တိုးပွားလာသည်ကို အင်တာနက်က တွေ့ကြုံရသည်။
ဆိုက်ဘာလပ်ကင်း း ကြောင့် ကော်ပိုရေးရှင်းနှင့် ဆိုင်သော အရင်းအမြစ်များ ယိုစိမ့်မှု ဖြစ်စေနိုင်သည်။ ယူကေရှိ ဝန်ထမ်းသည် အလုပ်လုပ်နေစဉ် အချိန်အတွင်း ပျမ်းမျှ ၅၇ မိနစ် ဝက်(ဘ်)ပေါ်တွင် ရှာဖွေလှန်လှောခြင်း ပြုလုပ်သည်ဟု ပင်နီစူလာ စီးပွားရေး ဝန်ဆောင်မှုများအဖွဲ့၏ ၂၀၀၃ခုနှစ် လေ့လာချက်များအရ ဆိုပါသည်။အင်တာနက်စွဲခြင်းရောဂါ ဆိုသည်မှာ နေ့စဉ် လူနေမှုဘဝကို နှောင့်ယှက်လောက်အောင် ကွန်ပျူတာ လွန်ကဲ စွာ အသုံးပြုခြင်းဖြစ်သည်။ အင်တာနက်ကို အသုံးပြုခြင်းကြောင့် တစ်ဦးချင်းအပေါ် း အခြားသော အကျိုးသက်ရောက်မှုများ ဥပမာအားဖြင့် ပြောရလျှင် မှန်ကန်သော ဖန်တီးမှုကို ဖြစ်ပေါ်စေသည့် လေးနက်သော တွေးခေါ်စဉ်းစားခြင်းအပေါ် နှောင့်ယှက်ခြင်းကဲ့သို့ လည်း ဖြစ်ပေါ်သည်ဟု အချို့သော စိတ်ပညာရှင်များက ယုံကြည်ကြသည်။