အနောက်နန်းမိဖုရား မမြလေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၂၅ -
ပြည်မင်းသားသည် (သာယာဝတီ) ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးတစ်ပါး ဖြစ်သည်။ ဥက္ကလာပ စုန်တော် မူခဲ့ရာတွင် ရေတပ်တော်ကြီး၏ ရှေ့တပ်ဦးစီး ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တော်မူ၍ ၎င်း၏ ညီတော် ပခန်းမင်းသား အား နောက်တပ် ဗိုလ်ချုပ်၊ ဗိုလ်မှူးခန့်အပ်ပါသည်။ ခမည်းတော် ရွှေဘို မင်းတရားကြီး သည် သားတော်ကြီး ပြည်မင်းအား အလွန် ချစ်မြတ်နိုးတော်မူလှ၍ ငယ်စဉ်ကစပြီး နာမည် ကို မခေါ်ဘဲ "အစ်ကိုကြီး" ဟုသာ ချစ်စနိုး ခေါ်တော်မူလေ့ရှိပါသည်။ ပြည်မင်းသားသည် ကဗျာ ဂီတ ဘက် ၌လည်း ဝါသနာထုံတော်မူပါသည်။ မင်းတို့၌ တတ်မြောက်ကျွမ်းကျင်ရာသော လက်ရုံးရည် ဘက်တွင် သာမက နှလုံး ရည်ဘက်မှာလည်း အလေးအနက် ပြည့်၀ ကုံလုံသော မင်းသားကြီး တစ်ပါး ဖြစ်သည်။
 
ပြည်မင်းသားက စာဆိုတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ရသူ စာဆိုဖော်၊ ကဗျာဂီတ ညှိနှိုင်း ဆွေးနွေးဖော် တို့မှာ သက်ကြီးပိုင်းမှ မြဝတီဝန်ကြီး ဦးစ၊ ပြင်စည်မင်းသားကြီး စသည်တို့ ဖြစ်၍ ၎င်း နှင့် သက်တူရွယ်မျှထဲက ဆိုလျှင် မိထွေးတော် အနောက်နန်း မိဖုရား မမြကလေးတို့ ဖြစ်ကြပါသည်။ဖြစ်ကြသည်။
 
သို့သော် အနောက်နန်းမိဖုရား မမြကလေးမှာ ခမည်းတော် ရွှေဘိုမင်းကြီး၏ နန်းရမိဖုရားကြီးတစ်ပါးဖြစ်၍ ပြည်မင်း နှင့် အသက်အရွယ်ချင်း တူသော်လည်း မိထွေးတော် ဖြစ်နေသောကြောင့် လေးစားရပေသည်။ ထိုမျှ မက အနောက်ပိုင်းခေါ် မင်း၏မိဖုရား မောင်းမများတို့ နေထိုင် စံမြန်းကြရသော အနောက် မိန်းမပိုင်း မှာ အနောက်ပိုင်းဆိုင်ရာ အနောက်ဝန်မင်း အုပ်ချုပ်သည့် မိန်းမစိုး၊ သူငယ်တော်စသော အစောင့် အရှောက် အထိန်းအကွပ်တွေ စည်းကမ်းတွေ အလွန်ကြီးရသော နန်းတွင်း ထုံးစံအတိုင်း မင်းယောက်ျား ပိုင်း နှင့် ကူးလူးယှက်သွယ်မှု၊ ပေါင်းသင်းဆက်ဆံမှုကို ကတ္တားခြားထားသဖြင့် အရောတဝင် နီးစပ်ခင်မင် ဆက်သွယ်မှု ကို သာမန် အရပ်သူ အရပ်သားများကဲ့သို့ လွတ်လပ်ခွင့်မရရှိပေ။
စာကြောင်း ၄၅ -
မမြကြုတ်ခေါ် မြကလေးသည် သာယာဝတီ မင်းသား၏ ကြင်ရာတော်ဘဝ၌ ပထမ သားဦးရတနာတစ်ပါး ထွန်းကား ပါသည်။ ၎င်းသားတော်သည် ငယ်စဉ်အခါကပင် ကွယ်လွန်အနိစ္စ ရောက်သွားပါသည်။ ထိုနောက် ၁၁၉၅ ခုနှစ်၊ မမြကလေး အသက် ၂၄ နှစ် အရောက်၊ သာယာဝတီမင်း၏ ကြင်ရာတော်အဖြစ် ၇ နှစ် မြောက် တွင် သမီးတော် လှိုင်မြို့စားကို ဖွားမြင်တော်မူပါသည်။
 
သမီးတော် ပုခက်တွင်းအရွယ်။ ထိုစဉ်က "အဖွားကြီး" ဟု ခမည်းတော်က ချစ်စနိုးခေါ်ခဲ့သော လှိုင်မြို့စား မင်းသမီး ၄ နှစ် အရွယ်သို့ ရောက်သောအခါ သာယာဝတီမင်းသည် ထီးနန်းရရှိပြီး ဘုရင်အဖြစ် ရောက်ခဲ့ ပါသည်။ ဘုရင် ဖြစ်သောအခါ အသက် ၅၀ ရှိနေပါပြီ။ ရွှေဘိုမင်းတရားဟုလည်း ခေါ်ပါသည်။ စာဆိုတော် များကမူ "ရွှေဘို ဘုန်းပွင့်ဘုရား" ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ရေးသားလေ့ရှိကြပါသည်။ရေးသားလေ့ရှိကြသည်။
မမြကလေး အသက် ၁၈ နှစ်တွင် ရွှေဘိုမင်း အထွတ်အမြတ်ရောက်၍ အနောက်နန်း မိဖုရားအဖြစ် ရောက် သောအခါ (အရပ်သားပြော ပြောရလျှင်) အိမ်ထောင်သက် (၁၁)နှစ် ရှိခဲ့လေပြီ။ ရွှေဘိုမင်း အသက် ၄၀ အရွယ်တွင် မြကလေး အသက် ၁၇ နှစ် နှင့် အတူတကွ နေခဲ့ရသော ကာလ အပိုင်း အခြား သည်လည်း မနည်း တော့ပါ။ (၁၁)နှစ်ကာလ ကြာလေပြီ။
 
လှိုင်မင်းသမီးကလေးကို ဖွားမြင်ပြီးခဲ့သော နောက်ပိုင်း၌ မိဖုရားမြကလေးသည် တတိယမြောက် သားတော် ၂ ပါး အမြွှာ ညီနောင်ကို ဖွားမြင်ပြန်ပါသည်။ သို့သော် ထိုသားတော် အမြွှာ နှစ်ယောက်မှာ အသက် မရှည်၊ ငယ်စဉ်ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားကြပါသည်။သက္ကရာဇ်ရောက်သွားကြသည်။သက္ကရာဇ် ၁၂၀ရ ခုနှစ်မှာ သားတော်[[ပြည်မင်းသားအရေးတော်ပုံ]]မှာ ပါဝင်တယ်လို့ ထင်မြင်ယူဆသောကြောင့် [[ဘိုးလှိုင်၊ ဦး(ယောမင်းကြီး)|ယောအတွင်းဝန် ဦးဘိုးလှိုင်]]၏ အဖ [[ယင်းတော်ဝန်ကြီး]]နှင့် မမြလေးတို့ကို ကွပ်မျက်လိုက်ကြပါသည်။ကွပ်မျက်လိုက်ကြသည်။
 
[[File:Nagayon Pagoda, Amarapura 02.JPG|thumbnail| နန်းမတော်မမြလေး ထပ်ဆင့်တည်ထားသည့် အမရပူရမှ နဂါးရုံဘုရား]]