ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၄၄ -
မန်းဒယ်လိယပ်သည် သိပ္ပံပညာရပ်ကို စိန့်ပီတာစဘတ်မြို့တွင် သင်ယူခဲ့ပြီး စိန့်ပီတာစဘတ်တက္ကသိုလ်မှ ၁၈၅၆တွင် ဘွဲ့ရခဲ့ပါသည်။ ၁၈၆၃ မှ စတင်ကာ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ တွင် သဘာပတိအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ မန်ဒလိယပ်သည် ဒြပ်စင်အလှည့် ဇယားကို ပထမဆုံး ရေးဆွဲခဲ့သူအဖြစ် လူသိများခဲ့ပါသည်။ ၁၈၆၁ ဩဂုတ်လ နှောင်းပိုင်းတွင် ရောင်စဉ်ကြည့်ကရိယာ (spectroscope) နှင့် ပတ်သက်သော သူ၏ ပထမဆုံးသော စာအုပ်ကို ရေးသားခဲ့သည်။
 
၁၈၆၂ ဧပြီလ ၄ ရက်တွင် Feozva Nikitichna Leshcheva နှင့် စေ့စပ် ကြောင်းလမ်းခဲ့ပြီး၊ ၂၇ ရက်တွင် စိန့်ပီတာစဘတ်ရှိ နီကိုလာရဲဘ် အင်ဂျင်နီယာ ကောလိပ် (Nikolaev Engineering College) ခရစ်ယာန် ဘုရားကျောင်းတွင် လက်ထပ်ခဲ့ပါသည်။ မန်းဒလိယပ်သည် စိန့်ပီတာစဘတ် နည်းပညာကျောင်းနှင့် ပြည်နယ် တက္ကသိုလ်တို့တွင် ဓာတုဗေဒဆိုင်ရာ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၈၆၅ တွင် “On the Combinations of Water with Alcohol” ခေါင်းစဉ်ဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၈၆၇ တွင် သူသည် စိန့်ပီတာစဘတ် တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သော “The general and inorganic chemistry of physical and mathematical” ဌါနမှူး အဖြစ် ရာထူးတိုးမြှင့်ခံရပြီး၊ ၁၈၇၁ တွင် ၎င်းဌာနသည် ဓာတုဗေဒဆိုင်ရာ သုတေသန ပညာရပ်အတွက် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဌာနအဖြစ် သတ်မှတ်ခြင်း ခံခဲ့သည်။ ၁၈၇၆ တွင် အန်နာပိုဗာ ကို စွဲလန်းခဲ့ပြီး၊ သူမ၏ နှစ်သက်မှုကို ပြန်လည် ရရှိအောင် ကြိုးပမ်းခဲ့သည်။ ၁၈၈၁ တွင် သူမအား ကမ်းလှမ်းခဲ့ပြီး၊ သူမ ငြင်းပယ်ပါက ကိုယ့်ကိုကိုယ် သတ်သေမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ၁၈၈၁ အစောပိုင်းတွင် အန်နာပိုဗာနှင့် လက်ထပ်ပြီးနောက် ၁လ အကြာတွင် ပထမဇနီး ဖြစ်သူနှင့် ကွာရှင်း ပြတ်စဲခဲ့သည်။ ထို့ကြောင့် သူသည် Russian Orthodox Church ကျောင်း၏ ကျင့်ဝတ် ထုံးစံအရ အပြစ်ကျူးလွန်သူ တစ်ယောက် ဖြစ်နေခဲ့ပါသည်။ ဒုတိယ အကြိမ်တရားဝင် လက်မထပ်ရန် အနည်းဆုံး ရ နှစ်စောင့်ဆိုင်းဖို့ လိုအပ်သောကြောင့် ဖြစ်သည်။ သူ၏ ကွာရှင်း ပြတ်ဆဲမှု နှင့် ပတ်ဝန်းကျင်မှ အငြင်းပွားမှုများသည် Russian Academy of Sciences သို့ လျှောက်ထားခွင့်ကို အဟန့်အတားများ ဖြစ်စေခဲ့ပါသည်။ သူနှင့် ဒုတိယဇနီးသည်၏ သမီး ဖြစ်သူသည် ရှရှားနိုင်ငံ၏ ကျော်ကြားလှသော ကဗျာဆရာ အဲလက်ဇန်းဒါး ဘလွခ် (Alexander Blok) နှင့် အကြောင်း ပါခဲ့သည်။ ထို့ပြင် သူသည် ပထမ အိမ်ထောင်ဖက် နှင့် သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပြီး ဒုတိယ အိမ်ထောင်ဘက်နှင့် သားတစ်ယောက်၊ အမွှာကလေး၂ယောက် မွေးဖွားခဲ့ပါသည်။ မန်းဒယ်လိယပ်သည် Royal Society of London မှ Copley Medal ဆုတံဆိပ်ကို ရရှိခဲ့ပြီး ဥရောပ တစ်ခွင်လုံးရှိ သိပ္ပံ နည်းပညာဆိုင်ရာ အဖွဲ့အစည်း များစွာတို့မှ အလေးအနက် ပြုခြင်းကို ရရှိခဲ့ သော်လည်း၊ ၁၈၉ဝ ဩဂုတ်လ ၁၇ ရက်တွင် စိန့်ပီတာစဘတ် တက္ကသိုလ်မှ အနားယူခဲ့ပါသည်။ ၁၈၉၃ တွင် အလေးချိန်နှင့် အတိုင်းအတာတို့ကို စီမံခန့်ခွဲအုပ်ချုပ်ရေး ဒါရိုက်တာ အဖြစ် နေရာပေးခြင်း ခံခဲ့ရပါသည်။ ဤအခန်းကဏ္ဍတွင် vodka ထုတ်လုပ်ခြင်း အတွက် ပုံသေနည်း အသစ်များကို စံသတ်မှတ်ချက် အဖြစ် တွက်ထုတ် ယူခဲ့ပါသည်။ သူ့အလုပ်၏ ရလဒ်အဖြစ် ၁၈၉၄တွင် vodka အတွက် စံသတ်မှတ်ချက် အသစ်များကို ရုရှားဥပဒေတွင် စတင် ထည့်သွင်းခဲ့ပြီး vodka အားလုံးတွင် အယ်ကိုဟော(alcohol) ပမာဏ ၄ဝ ရာခိုင်နှုန်းသာ ပါဝင်ရမည် ဖြစ်သည်။ မန်းဒယ်လိယပ်သည် ဆီပါဝင်မှု အချိုးအဆကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုရှားတွင် ပထမဆုံး ဆီသန့်စင် စက်ရုံကို တည်ထောင်ရန် ကူညီပေးခဲ့သည်။ ၁၉၀၅ တွင် သူသည် Royal Swedish Academy of Sciences ၏ အဖွဲ့ဝင် တစ်ယောက်အဖြစ် ရွေးချယ် ခံခဲ့ရပြီးနောက် တစ်နှစ်အကြာတွင် ဓာတုဗေဒ ပညာရပ်အတွက် နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီမှ Swedish Academy သို့ ဒြပ်စင်အလှည့်ကျဇယားကို ပထမဆုံး ရေးဆွဲခဲ့သူအဖြစ် သူ့အား ဓာတုဗေဒ ဆိုင်ရာနိုဘယ်လ်ဆု ချီးမြှင့်ပေးပါရန် ထောက်ခံခဲ့သည်။ The Chemistry Section of the Swedish Academy မှလည်း ထိုထောက်ခံချက်ကို အားပေးခဲ့ပါသည်။ Swedish Academy သည် ကော်မတီ၏ ရွေးချယ်မှုကို ထောက်ခံရန် ရည်ရွယ်ခဲ့သော်လည်း အကယ်ဒမီ အစည်းဝေးတွင် နိုဘယ်ကော်မတီ၏ dissenting အဖွဲ့ဝင် တဦးဖြစ်သူ Peter Klason သည် သူနှစ်သက်သော Henri Moissan အား ထောက်ခံခဲ့သည်။ Svante Arrhenius သည်လည်း နိုဘယ်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း အကယ်ဒမီတွင် အရှိန်အဝါ လွှမ်းမိုးမှု ရှိသူဖြစ်ပြီး မန်းဒယ်လိယပ်၏ periodic စနစ်သည် အလွန် ကြာမြင့်နေပြီ ဖြစ်ကြောင်း အကြောင်းပြချက်ဖြင့် မန်းဒယ်လိရပ်အား ပယ်ချရေးကို တွန်းအား ပေးခဲ့သည်။ Arrhenius သည် သူ၏ ခေတ်ပြိုင်များကို အာဃာတ အငြိုးထားခြင်းဖြင့် မန်းဒယ်လိရပ်ကို ဆန့်ကျင်ပြီး၊ Arrhenius’s dissociation theory (Acid-base reaction theory) ကို ထောက်ခံခဲ့သည်။ ထိုအငြင်းပွားမှု များပြီးနောက် အကယ်ဒမီ၏ အဖွဲ့ဝင် အများစုက Moissan ကို ထောက်ခံ မဲဆန္ဒ ပေးခဲ့ကြပါသည်။ပေးခဲ့ကြသည်။ ၁၉၀၇ ခုနှစ်တွင် Arrhenius ၏ မန်းဒယ်လိယပ်ကို လုံးဝ ဆန့်ကျင်သော အဖွဲ့များက မန်းဒယ်လိယပ်အား ထောက်ခံရေးကို ရှုံးနှိမ်အောင် ထပ်မံ ကြိုးပမ်း ခဲ့ကြပြန်သည်။
== ကွယ်လွန်ချိန် ==
၁၉၀၇ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂ ရက်နေ့တွင် အသက် ရ၂ နှစ် အရွယ် Mendeleev သည် စိန့်ပီတာစဘတ်မြို့ ၌ တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ ကွယ်လွန် ပြီးနောက် ဒြပ်စင်အမှတ် 101 အား mendelevium ဟု အမည် ပေးခဲ့ကြပါသည်။ပေးခဲ့ကြသည်။
[[File:Mendelejevs periodiska system 1871.png|thumb|Left|150px|မန်းဒယ်လိယပ်၏ဒြပ်စင်အလှည့်ကျဇယား (၁၈၇၁ ခုနှစ်)]]