ယင်းမာပင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၄၇ -
 
== မြို့နယ်သမိုင်း ==
ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအဝင် [[ပုလဲမြို့နယ်]]နှင့် [[ဆားလင်းကြီးမြို့နယ်]]တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က"ဗန့်ဂျီနယ်" ဟုလည်း ပြောကြပါသည်။ပြောကြသည်။)ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမားချောင်းနှင့် မြောက်ယမားချောင်းအကြားတွင် တည်ရှိသောကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။ မြို့နယ်အဖြစ် ၁၉၀၁-ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂-ခုနှစ်တွင်မှ တရားဝင် သတ်မှတ်ခဲ့ပါသည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စုအဖြစ်သာ တည်ရှိခဲ့သည်။
 
== မြေအနေအထား ==