ထွန်းအုပ်၊ သခင် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၉၈ -
သခင်ထွန်းအုပ်တို့အား ဂျပန်[[ရေတပ်စခန်း]]မှ ကောင်းစွာပြုစုဧည့်ခံပြီးနောက်တစ်နေ့၌ ဂျပန်သို့[[လေယာဉ်]]ဖြင့်ပို့ပေးလိုက်လေသည်။ လေယာဉ်မှာ ၂၁ ယောက်စီးလေယာဉ်ဖြစ်ပြီး ရာသီဥတုမကောင်းသောကြောင့် [[ကျူရှူကျွန်း]]တွင်ဝင်ရောက်ရပ်နားရလေသည်။ [[တိုကျိုမြို့]]သို့ရောက်ပြီး ခေတ္တနားနေပြီးလျှင် ဟာကိုနီ တောင်စခန်းမြို့လေးသို့ပို့၍ ရက်အတန်ကြာ အနားယူစေသည်။ ဂျပန်စစ်အရာရှိများဖြစ်ကြသော [[ဗိုလ်မှူးကြီး ကာဝါရှီးမား]]တို့က လာရောက်တွေ့ဆုံလျက် ဂျပန်ပြည်တွင်နေထိုင်စဉ်အခါ ပြုမူပြောဆိုရမည့်အခြေအနေတို့ကို နည်းလမ်းပြသကြသည်။ ဂျပန်ပြည်၌ရှိနေစဉ် ဂျပန်နာမည်များကိုပြောင်းယူရန်၊ ဗမာဖြစ်ကြောင်းမည်သူ့ကိုမျှမပြောရန်နှင့် ဂျပန်အဝတ်အစားများကိုသာ ဝတ်ဆင်နေထိုင်ကြရန်မှာကြားခဲ့သည်။ သခင်ထွန်းအုပ်၏ ဂျပန်အမည်မှာ အီယှိဟာရအီယှီရို ဖြစ်သည်။
 
တိုကျိုမြို့တွင် စစ်ဦးစီးမှူးဖြစ်သူ ဂျပန်ဗိုလ်မှူးချုပ်တစ်ဦးက ရဲဘော်များနှင့်လက်ခံတွေ့ဆုံပွဲ၌ သခင်ထွန်းအုပ်က `မြန်မာနိုင်ငံအားနယ်ချဲ့အစိုးရက ဖိနှိပ်ချုပ်ချယ်ချက်ရှိ၍ မြန်မာလူထုကြီးမှာ များစွာ ဆင်းရဲပင်ပန်းနေသည်။ သို့သော် မြန်မာအမျိုးသားတို့သည် သူ့ကျွန်မခံလိုသောစိတ်ဓာတ်ဖြင့် နယ်ချဲ့အစိုးရကို တော်လှန်ဆန့်ကျင်လျက်ရှိခဲ့သည်။ သာယာဝတီ ဂဠုန်တော်လှန်ရေးသည် လယ်သမားများအနေဖြင့် နယ်ချဲ့အစိုးရကို ရဲရဲတောက် တော်လှန်ခဲ့ခြင်းပင်ဖြစ်ပေသည်။ ယခုမိမိတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက်နယ်ချဲ့ကိုတော်လှန်ရန် အခက်အခဲအမျိုးမျိုးကြားမှ လာခဲ့ကြပါသည်။လာခဲ့ကြသည်။ ဂျပန်လူမျိုးများနှင့်အတူ အရှေ့အာရှ ခေတ်သစ်ထူထောင်ရာတွင် မြန်မာနိုင်ငံအဖြစ်ပါဝင်လိုပါသည်´ ဟုပြောကြားအစီရင်ခံခဲ့လေသည်။
 
[[ဖော်မိုဆာကျွန်း]]နှင့်[[ဟိုင်နန်ကျွန်း]]များတွင် သခင်ထွန်းအုပ်ရှိခဲ့စဉ်က မြန်မာနိုင်ငံမှ နယ်ချဲ့အင်္ဂလိပ်အစိုးရအား နှင်ထုတ်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးတာဝန်ကိုယူရန်အစီအစဉ်ရှိခဲ့သည်။ ယင်းအစီအစဉ်အရ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကြိုတင်လေ့လာထားခဲ့သည်။ သခင်ထွန်းအုပ်သည် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်မှ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းယူပြီးသည့်အခါ စစ်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ အုပ်ချုပ်ရေးကိုသာ ဦးစီးဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဗိုလ်နာမည်မခံယူဘဲ မူရင်းနာမည်အတိုင်းသာရှိစေခဲ့သည်။ တိုကျိုမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ [[ဘန်ကောက်မြို့]]သို့ရောက်ရှိလာချိန်တွင် [[ဗိုလ်ချုပ်အောင်ဆန်း]]ဦးစီးသော(ဗိုလ်တေဇ) ဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကိုဖွဲ့စည်းခဲ့လေသည်။ ဘန်ကောက်မှ အယုဒ္ဓယ၊ [[ဇင်းမယ်]](ချင်းမိုင်) သို့ခရီးဆက်ခဲ့ပြီး [[မဲခေါင်မြစ်]]တစ်လျှောက် လှေဖြင့်လည်းကောင်းခရီးဆက်ခဲ့သည်။ ထိုင်းလူမျိုးများ နေထိုင်သောရွာများကို ကျော်လွန်လာသောအခါ ကရင်ရွာများကိုတွေ့ရပြီး ၎င်းတို့ထံမှ ရိက္ခာများရယူစားသောက်ခဲ့ကြရသည်။ ၁၃၀၃ ခု၊ တပို့တွဲလဆုတ် ရ ရက်နေ့တွင် မြန်မာနိုင်ငံဘက်မှ [[တနင်္သာရီရိုးမ]]တောင်တန်းကြီးကို လှမ်းမြင်ရလေသည်။