ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
 
စာကြောင်း ၂၇ -
ဝေဖန်သုံးသပ်ရေးအများစုကမူ ထိုစာအုပ်ကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ရိုးလင်း၏ စိတ်ကူးယဉ်နိုင်စွမ်း၊ ရိုးရှင်း၍ ပါးနပ်သပ်ရပ်သော ဇာတ်လမ်းဆင်ပုံတို့ကို များစွာချီးကျူးခဲ့သည်။ သို့သော် နောက်ပိုင်းအခန်းများတွင်မူ အလျင်လိုမှု အနည်းငယ်ပါဝင်သည်ဟု သုံးသပ်ကြလေသည်။ သူမ၏ အရေးအသားကို သူမကိုယ်တိုင်နှစ်သက်အားကျသော စာရေးဆရာများထဲမှ တစ်ဦးဖြစ်သည့် ဂျိန်း အော်စတန် (Jane Austen) ၊ ဟယ်ရီပေါ်တာစာအုပ်များမတိုင်ခင် ကလေးစာပေအပေါ် အတော်လွှမ်းမိုးနိုင်ခဲ့သည့် ရိုးလ် ဒါးလ်ချ် (Roald Dahl) ၊ ရှေးပဝေသဏီက ဂရိပြည်မှ ဇာတ်ကြောင်းပြောသူ ဟိုးမား (Homer) တို့၏ အရေးအသားနှင့် နှိုင်းယှဉ်ဂုဏ်ပြုခဲ့ကြ၏။ အချို့ဝေဖန်ရေးဆရာတို့က ရှေးကာလများသို့ ခေတ်နောက်ပြန်ဆွဲသည် ဟု ယူဆကြသော်လည်း ၊ အချို့ကမူ ခေတ်သစ်ကမ္ဘာကြီးတွင် မျက်မှောက်ခေတ် လူမှုကျင့်ဝတ်ဆိုင်ရာများနှင့် လျော်ညီစွာ ဖော်ပြရေးသားနိုင်သည်ဟု ဝေဖန်ခဲ့ကြပေသည်။
 
''ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး'' စာအုပ်သည် အချို့သော ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တို့တွင် လက်မခံနိုင်စရာ ကိစ္စများ ဖြစ်စေခဲ့သလို ၊ နိုင်ငံအချို့တွင် ပိတ်ပင်ခံခဲ့ရသည်။ ၎င်းဝတ္ထုသည် စုန်းကဝေမှော်အတတ်များကို ကြော်ငြာဖြန့်ဝေပေးသည်ဟု စွပ်စွဲခြင်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော် အချို့ဘာသာရေးဆိုင်ရာ ဝေဖန်ရေးများကမူ ဤစာအုပ်များသည် ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံမှု၏ စွမ်းအားများ၊ လူတို့၏ မိမိကိုယ်ကို ခံယူဆုံးဖြတ်ရန် နည်းလမ်းကောင်းများ စသည်တို့ အပါအဝင် အရေးပါလှသော အဓိကအချက်အလက်များ ပါဝင်နေကြောင်း ဆိုကြပါသည်။ဆိုကြသည်။ ဤ ဟယ်ရီပေါ်တာ စာအုပ်အတွဲသည် အလွန်အောင်မြင်၍ ပညာသင်ကြားမှု နည်းပညာ၊ လူမှုဗေဒနယ်ပယ်နှင့် ဈေးကွက်စီးပွားရေးဆိုင်ရာများတွင် ရင်းမြစ်တစ်ခုအဖြစ် ဖော်ပြသုံးစွဲကြလေသည်။
 
==ကိုးကား==