ဖိလိပ္ပိဩဝါဒစာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၄၂ -
ရှင်ပေါလု၏ ဖိလိပ္ပိခရီးစဉ်သည် ငြိမ်းချမ်းခြင်းမရှိ။ ဝိညာဉ်တော်တန်ခိုးပိုင်ဆိုင်သော အမျိုးသမီးငယ်တစ်ယောက် (ရှေ့ဖတ်)က တခါတရံ ပေါလုတို့နောက်သို့လိုက်လျက် ”ဤသူများသည် အမြင့်ဆုံးသော ဘုရားသခင်၏ အစေခံများဖြစ် သည်။  ကယ်တင်ခြင်းတရားဟောကြားမည့်သူများဖြစ်သည်” (တ ၁၆း၁၇) ဟု လိုက်လံကြွေးကြော်သည်။ ထိုသို့ဟစ်ကြွေး ခြင်းသည် ဝိညာဉ်တော်အားဖြင့်မဟုတ်။ နတ်ဆိုး၏စေခိုင်းခြင်းဖြစ်သောကြောင့် ထိုနတ်ဆိုးအား ရှင်ပေါလုက မောင်းထုတ်ခဲ့ သည်။ ထိုသတင်းစကားကို လူများကြားသိကြသောအခါ ရှင်ပေါလုအား ဒေါသအမျက်ထွက်လျှက် ဈေးပွဲတွင် တရားဟော နေသော သိလနှင့်အတူဖမ်းဆီးပြီး ရောမအာဏာပိုင်များထံပို့ဆောင်သည်။ ရိုက်နှက်ထုထောင်းပြီး ထောင်ချသည်။
 
ဖိလိပ္ပိအကျဉ်းထောင်အကြောင်းကိုမူ လူတိုင်းသိကြပါသည်။လူတိုင်းသိကြသည်။ ညဉ့်လယ်ယံရောက်သောအခါ ပေါလုနှင့်သိလသည် ဆုတောင်းပြီး ချီးမွမ်းသီချင်းဟစ်ကြွေးကြသည်။ ချက်ချင်းမြေငလျင်ကြီး တုန်လှုပ်သည်။ ထောင်သားများခတ်ထားသည့် သံကွင်းများ ဖြေလွှတ်ကြပြီး ထောင်တံခါးများအလိုလိုပွင့်ကြသည်။ ထောင်မှူးများသည် ထောင်သားများထွက်မပြေးကြ ကြောင်း ပြောပြသောအခါမှ ထိုထောင်မှူးသည်လည်း သက်ပြင်းချနိုင်သည်။ ”သခင်၊ ကယ်တင်ခြင်းရဖို့ မည်သို့လုပ်ရမည် နည်း” ဟု ထောင်မှူးကိုယ်တိုင် မေးရှာသည်။ ပေါလုကလည်း မှတ်သားလောက်သော အဖြေစကားပေးသည်။ ”သခင်ယေရှု ခရစ်ကိုယုံကြည်လော့၊ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ရှိကြမည်” (တ ၁၆း၃၁)။ ဘုရားသခင်၏ကျေးဇူးတော်သည် ဖိလိပ္ပိမြို့တွင် ထပ်မံထင်ရှားသည်။ အာဏာပိုင်အဖွဲ့အစည်းများ ရှင်ပေါလုနှင့် အဖွဲ့များအား ဖိလိပ္ပိမှ ထွက်ခွာခိုင်းကြသည်။ သို့သော် ရှင်ပေါလု ငြင်းဆန်သည်။ နိုင်ငံသားဖြစ်ပါလျှက်နှင့် စစ်ဆေးစီရင် ခြင်းမပြုဘဲ ရိုက်နှက်ထောင်ချခြင်းအတွက် တရားမျှတမှုမရှိဟုဆိုသည်။ အုပ်ချုပ်သူ အာဏာပိုင်များနှင့် ထိုသို့တွေ့ဆုံပြောဆို ပြီးနောက် ပေါလုနှင့်အဖွဲ့သည် လုဒိအိမ်သို့ သွားရောက်လည်ပတ်ပြီးမှ ထွက်ခွာသည် (တ ၁၆:၄ဝ)။
 
နောက်(၁ဝ)နှစ်ကြာသည့်အခါ ပေါလုကို ဖိလိပ္ပိသားများက ကရုဏာသက်ကြသဖြင့် အလှူငွေမစကြသည်။ ဧပဖြောဒိတ်က ယူဆောင်သွားပို့သည်။ ဧပဖြောဒိတ်လည်း နေကောင်း ထူထောင်လာသောအခါ အခိုက်အတန့်ကူညီရန် ပေါလုနှင့်အတူနေသည်။ ဧပဖြောဒိတ်သည် သေလုမြောပါး ဖျားနာခဲ့သည်။ သို့သော် ကရုဏာတော်သက်ရောက် ခံစားသော ကြောင့် အကောင်းပကတိအတိုင်း ပြန်လည်ကျန်းမာလာသည်။ သို့နှင့် ရှင်ပေါလု၏ ပေးစာကိုယူဆောင်ပြီး ဖိလိပ္ပိ အသင်းတော်သို့ တဖန်ပြန်လည်ရောက်ရှိသည်။