ရှောလူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၂ -
 
ထိုအချိန်တွင် မော်လမြိုင်မြို့ အပါအဝင် တနင်္သာရီနယ်များသည် အင်္ဂလိပ် လက်အောက်၌ ကျရောက်နေပြီး ဖြစ်သည်။ အထက် မြန်မာနိုင်ငံကိုမူ သာယာဝတီမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ထူးခြားသူ ဖြစ်သည်။ ငယ်စဉ်ကပင် ပညာ ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ၁၈၅၀ ပြည့်နှစ်တွင် မောင်ရှောလူးကိုလည်း နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်အဖြစ်သို့ ဆရာယုဒသန်က ခံပေးခဲ့သည်။<ref>http://www.dhammyutmon.com/2010/07/blog-post.html</ref>
ထိုအချိန်၌ တင်္သာရီနယ်သာမက ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံ တစ်ရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီးဖြစ်သည်။ထို့ကြောင့်ပိုင်နေပြီးဖြစ်သည်။ ထို့ကြောင့် ကာလကတ္တား၌ ၂ နှစ်ခန့် ပညာဆည်းပူး အပြီးတွင် ၁၈၅၇ ခု၊ စစ်ပါရီပုန်ကန်မှုကြီးနှင့် ကြုံတွေ့ရလေသည်။ စစ်ပါရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္ဒိယ စစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲဒုက္ခ ရောက်ရသဖြင့် သူတို့က ဦးဆောင်ချက် အိန္ဒိယအမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်း ဖြစ်သည်။ ပုန်ကန်မှု ပြင်းထန်သဖြင့် ဘေးအန္တရာယ်ရှိလာသည်။ ဤတွင် မောင်ရှောလူးကို ဆရာသမား မိဘများက အိန္ဒိယ၌ မနေရန် တိုက်တွန်းကြသည်။ မောင်ရှောလူးမှာ ပညာသင် ကောင်းဆဲ ဖြစ်သဖြင့် အိန္ဒိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့် အခက်ကြုံတွေ့နေရသည်။ သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် [[အမေရိကန် ပြည်ထောင်စု|အမေရိကန်ပြည်]]သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား င်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ [[သုံးဆယ်မြို့]]၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ဂရုဏာ သက်သွားသည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။
 
ထို့ကြောင့် အမေရိကန်၌ ပညာ ဆက်လက်ဆည်းပူးလိုက စီစဉ်ပေးမည့် အကြောင်းပြေသည်။ မောင်ရှောလူမှာ ဝမ်းသာ မဆုံးဖြစ်ခဲ့ရသည်။ သို့သော် သူတို့ နှစ်ဦးတွင် ငွေမရှိ။ လောလောဆဘ် မောင်ရှောလူး အမေရိကန်သို့ လိုက်ပါရန် သင်္ဘောခ မရှိပေ။ နောက်ဆုံး၌ ဆရာမကြီးသည် [[သင်္ဘော]][[ကပ္ပတိန်]]အား အကျိုးအကြောင်းပြေပြ တောင်းပန်၍ သင်္ဘောခန်းတွင် စားပွဲထိုးအဖြစ်ဆောင်ရွက်ပြီး လိုက်ပါရန် စီစဉ်ခဲ့ကြသည်။
 
ထိုခေတ် အမေရိကန်သို့ သင်္ဘောခရီးဖြင့် သွားရသည်မှာ မလွယ်ကူချေ။ စူးအက်တူးမြောင်းလည်း မပေါက်သေးချေ။ သင်္ဘောကလည်း ယနေ့ခေတ်ကဲ့သို့ ခေတ်မမှီသဖြင့် ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။ ၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။
သင်္ဘောကလည်း ယနေ့ခေတ်ကဲ့သို့ ခေတ်မမှီသဖြင့် ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။
ဆရာမကြီး၏ ဆောင်ရွက်ပေးချက်အရ နယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် [[:en:Bucknell University|လူဝီစဗတ်ရှိ တက္ကသိုလ်]] ( ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခ တစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ပေးကြသည်။ မောင်ရှောလူးသည် သူလိုချင် တောင့်တသော ပညာ၇ပ်များကို ဆည်းပူးတိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။ ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒအမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလူး လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ်အမေရိကန် ကျောင်းသားများနည်းတူ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်သည်။ ပါမောက္ခတစ်ဦးအိမ်တွင် တစ်နာရိ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုစဉ်က အမေရိကန်ပြည်တွင် ကုန်ပစ္စည်းများ ပေါများခဲ့သည်။ ထိုစဉ်က ကော်ဖီတစ်ခွက်ကို ၁၀ ဆင့်သာလျှင် ပေးရလေသည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများအကြောင်း တရားဟောပြောသည်။ ထိုအတွက် ဉာဏ်ပူဇော်က ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ်အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ရပြန်သည်။ ငွေဝယ်ကျွန် ပြဿနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင် ဖြစ်စေ မောင်ရှောလူးကား မတုန်လှုပ်၊ အားမလျှော့ဘဲ ပညာကို ကြိုးစားသင်ယူခဲ့သည်။ သို့ဖြင့် ၅ နှစ်အကြာတွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့လေသည်။ ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေးချေ။ ဆေးပညာကို ဆက်လက်ဆည်းပူး၍ရန် ကြိုးပမ်းပြန်သည်။
 
 
ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေ:ရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။
မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူးဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု [[သမ္မတ]]ကြီး [[အင်ဒရူးဂျွန်ဆင်]]နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ [[လင်ကွန်း]] ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် '''အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသား'''ပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက [[မင်းတုန်းမင်း]]ထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။
 
 
၁၈၆၇ ခုနှစ် မကုန်မီပင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းတွင် လန်ဒန်၊ ပဲရစ်၊ [[အေသင်မြို့|အေသင်]]၊ သီဟိုဠ် ([[သီရိလင်္ကာနိုင်ငံ]])၊ ကာလကတ္တား (ကိုးလ်ကတ္တား) စသည်တို့သို့ ခေတ္တ ဝင်ရောက်ခဲ့သေးသည်။
၁၈၆၇ ခုနှစ် မကုန်မီပင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းတွင် လန်ဒန်၊ ပဲရစ်၊ [[အေသင်မြို့|အေသင်]]၊ သီဟိုဠ် ([[သီရိလင်္ကာနိုင်ငံ]])၊ ကာလကတ္တား (ကိုးလ်ကတ္တား) စသည်တို့သို့ ခေတ္တ ဝင်ရောက်ခဲ့သေးသည်။ ဒေါက်တာရှောလူးသည် မြန်မာနိုင်ငံသို့ရောက်သော် ရတနာပုံမြို့သို့ တက်သွားကာ မင်းတုန်းမင်းကြီးထံမှောက် အခစားဝင်သည်။ မင်းတုန်းမင်ကြီးသည် သူ့ကို ကောင်းစွာလက်ခံ စကားပြောလေသည်။ သမ္မတ ဂျွန်ဆင်၏ ထောက်ခံစာကိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံယူသည်။ ထို့နောက် ဒေါက်တာ ရှောလူးကို သားတော်တစ်ပါးကဲ့သို့ ပြုစု စောင့်ရှောက်ကာ မြောက်ဥယျာဉ်၌ ထားတော်မူလေသည်။ ဒေါက်တာရှောလူးသည် ရက်ပေါင်း ၂၀ ခန့် စည်းစိမ်ချမ်းသာ ခံစား၍ နေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကြီးအား သူ့ကို ဤသို့ ချီးမြှောက်သည်ကို ဝမ်းသာ ကျေးဇူးတင်ကြောင်း၊ သို့သော် သူသည် စည်းစိမ်ခံ၍ မနေလို၊ သူသင်ယူလာသော ပညာများကို အသုံးပြုလျက် ဆရာဝန်နှင့် ကျောင်းဆရာ အလုပ်ကို လုပ်လိုကြောင်း လျှောက်ထားသည်။ မင်းတုန်းမင်ကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။ သူ့ကို လက်ဆောင်များပေးကာ အောက်မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။
 
 
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။ သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃၀ကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာ ဝင်လုပ်သည်။ ၁၀နှစ်ကြားသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်း၇န် ရာထူးကြီး ပေးသည်။ ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထ့တွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရ ကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။
စာကြောင်း ၄၂ -
သူ ကွယ်လွန်သော်လည်း သူ၏ အမည်ကား မသေ။ သူ့ဇွဲ၊ သူ့သတ္တိကား မကွယ်၊။ သူ့လုပ်ငန်းကား မမှိန်။ ယနေ့ မြန်မာ ဆရာဝန်များ၏ ဖခင်ကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ခေတ်မှီ ဆေးပညာကို မြန်မာနိုင်ငံ၌ အဦးဆုံး မျိုးစေ့ချခဲ့သူ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ မွန်လူမျိုးတို့၏ ဂုဏ်ကို ဆောင်ခဲ့သူအဖြစ်လည်းကောင်း ဒေါက်တာ ရှောလူးသည် ထင်ရှားဆဲပင် ဖြစ်သည်။ ဒေါက်တာရှောလူ၏ ပထမ အိမ်ထောင်ဆက်မှ သမီးများမှာ [[ဥရောပတိုက်]]သားများနှင့် အိမ်ထောင်ကျခဲ့ကြပြီး [[ရန်ကုန်မြို့]]၌ ကွယ်လွန်ခဲ့ကြသည်။ ဒုတိယ ဇနီးဒေါ်ရွှေမှာ ထားဝယ်သူ ဖြစ်ပြီး သမီးကြီး ဒေါ်တင်တင် (အင်မလီးရှောလူး-မော်တလိန်းကျောင်းဆရာမ)၊ သား သောမတ်ရှောခူး ([[မီးရထား]] [[ဆရာဝန်]]) နှင့် သမီးငယ် အဲလစ်ဇတ်ရှောလူး (စိန့်မတ်သရူး ကျောင်းဆရာမကြီး)တို့ကို ဖွားမြင့်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏ သမီးကြီး ဒေါ်တင်တင်မှ မွေးဖွားသူ ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းမွန်စွာပြောပြနိုင်ပြီး အသက် ၈၂ နှစ် အရွယ်ထိ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရှိရသည်။
 
မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများထဲ၌ အနောက်တိုင်း ဆေးပညာတတ် ဆရာဝန် သည် ၁၉ ရာစုကပင် ပေါ်ပေါက်ခဲ့သည်မှာ ဂုဏ်ယူစရာပင် ဖြစ်လေသည်။ <ref>၂ဝဝ၈-ခုနှစ်၊ဒီဇင်ဘာလ (၂၄)ရက်နေ့ထုန် Weekly Eleven ဂျာနယ်မှ ဆရာတင်နိုင်တိုးရေးသားသော ဆောင်းပါအားဆောင်းပါးအား အခြေခံထားသည်။</ref>
<ref>ဆရာ မင်းယုဝေ ရေးသားသော ပထမ မြန်မာများ</ref><ref>http://en.wikipedia.org/wiki/Mawlamyine</ref>
==ကိုးကား==