မြင့်မြင့်ခင် (ရုပ်ရှင်သရုပ်ဆောင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပရိတ်သတ် +ပရိသတ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -ခဲ့ပါသည် +ခဲ့သည်)
စာကြောင်း ၃၆ -
 
== ဆုချီးမြှင့် ခံရခြင်း ==
ဒေါ်မြင့်မြင့်ခင်က ရုပ်ရှင်လောကတည်းကို ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးတဲ့ မာယာရှင် အသံတိတ် ဇာတ်ကားနဲ့ ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ့ကြိုးစားမှုကြောင့် ၁၉၅၇ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ချစ်ညီမ ဇာတ်ကားနဲ့ အမျိုးသမီး ပညာသည်ဆု (အကယ်ဒမီ) ကို ရရှိခဲ့ပါသည်။ရရှိခဲ့သည်။
 
၁၉၅၈ ခုနှစ်မှာ ဒုတိယ အကြိမ်မြောက် အမျိုးသမီး ပညာသည်ဆုကို ဖြေလျော့ခွေ ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဒါရိုက်တာ ဝင်းဦး ရိုက်ကူးခဲ့တဲ့ မုန်းပါတယ်မောင့်ကို ဇာတ်ကားနဲ့ တတိယ အကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ ပြန်ပါသည်။
 
အဲဒီနောက်မှာတော့ ဒေါ်မြင့်မြင့်ခင်ဟာ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာရပြီး ၁၉၈၀ ပြည့် နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ ဝတ္ထုကို ရေးသားရိုက်ကူးတဲ့ မှတစ်ပါး အခြားမရှိပြီ ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု (စတုတ္ထအကြိမ် မြောက် အကယ်ဒမီဆု)ကို ဆွတ်ခူးရရှိခဲ့ပါသည်။ဆွတ်ခူးရရှိခဲ့သည်။
 
အမေခန်းများမှာ ဆက်တိုက်ပါဝင် သရုပ်ဆောင်ရင်း ၁၉၉၆ ခုနှစ်မှာ ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်) ရိုက်ကူးခဲ့တဲ့ မြင်းမိုရ်တောင်ဦး မကကျူးသား ဆေးရောင်စုံ ရုပ်ရှင်ကားနဲ့ ဒုတိယအကြိမ် မြောက် အမျိုးသမီးဇာတ် ဆောင်ဆု (ပဉ္စမအကြိမ် မြောက် အကယ်ဒမီဆု) ကို ဆွတ်ခူး ရရှိခဲ့ပါသည်။ရရှိခဲ့သည်။
 
ဒီဆုယူအပြီး ကျေးဇူးတင်စကား ပြောကြားစဉ် သမီးငါးယောက်ရှိတဲ့ အတွက် ရွှေစင်ရုပ် တစ်ဆုစီ အမွေပေးနိုင်ပြီ ဖြစ်ကြောင်း ဒါပေမယ့် မြေးများ ရှိသေးတဲ့အတွက် သူတို့ကိုပေးနိုင်ဖို့ ဆက်လက်ကြိုး စားသွားပါဦးမယ်လို့ ဒေါ်မြင့်မြင့်ခင်က ထည့်သွင်း ပြောကြားသွားပါသည်။
 
ဒေါ်မြင့်မြင့်ခင် လျှမ်းလျှမ်းတောက်စဉ် ကာလမှာ ရန်ကုန်မြို့ ဦးဝိစာရ အိမ်ရာ စခန်းမှာ နေထိုင်သူ မောင်မျိုးသော် (စက်မှုတက္ကသိုလ်) က ရုပ်ရှင် မင်းသား၊ မင်းသမီးများကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်များ အတွက် ဓာတ်ပုံများ အလွယ် တကူ ရရှိနိုင်အောင် Fan Club ဖွဲ့စည်းကာ လစဉ် မင်းသား၊ မင်းသမီးများရဲ့ ပုံများ အဖွဲ့ဝင်များထံသို့ ပေးပို့ ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ဒေါ်မြင့်မြင့်ခင် နုပျိုစဉ် ဖြစ်တဲ့အတွက် ဖက်ရှင် အမျိုးမျိုး၊ ဆံပင်ပုံစံ အမျိုးမျိုးနဲ့ တွေ့မြင်နိုင်ပါသည်။တွေ့မြင်နိုင်သည်။
 
== အဆိုရှင်ဘဝ ==
ဒေါ်မြင့်မြင့်ခင်ဟာ သရုပ်ဆောင်မှုသာမက သီချင်းလည်း သီဆိုနိုင်သူဖြစ် တဲ့အတွက် ရုပ်ရှင်သီချင်း များစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်ခင်ရဲ့ သီချင်းများထဲက ဖြေလျော့ခွေ ဇာတ်ကား ဇာတ်ဝင် သီချင်းဖြစ်တဲ့ “ဧရာဝတီ” ၊ “ဂျက်အေး” ဤလူ့ဘောင်တွင် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ “စန္ဒာ” ၊ ပဏာမတေး “ရွှေမန်းဆီသို့” အစ ရှိတဲ့ သီချင်းများအပြင် တေးရေးဆရာ ရွှေပြည်အေး ရေးသားပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ “နားပန်းဆံ” သီချင်း မှာ ယနေ့ထက်တိုင် ရေပန်းစားဆဲ ဖြစ်ပါတယ်။ ထိုသီချင်းအား သူမ၏ သမီးဖြစ်သူ အမျိုးသမီး အဆိုရှင် မေဆွိ မှ ပြန်လည် သီဆိုခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် သီချင်း သီဆိုနိုင်မှုကြောင့် သူနဲ့အတွဲ ညီတဲ့ စာရေးဆရာ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုကျော် ဝင်းဦးနဲ့တွဲဖက်ပြီးလည်း သီဆို ဖျော်ဖြေပွဲများမှာ သီဆို ဖျော်ဖြေခဲ့သေးပါသည်။
 
ဒေါ်မြင့်မြင့်ခင် ခေတ်က ဇာတ်ဝင်တေးဖြစ်တဲ့ “ချစ်သူ့နယ်မြေ”၊ “.....” တို့ဟာလည်း ရုပ်ရှင် သီချင်းများဖြစ်ပေမယ့် ဓာတ်ပြား သွင်းရာမှာတော့ ရောင်းတန်းဝင် အဆိုကျော်များနဲ့ သွင်းယူခဲ့ကြတာကြောင့် မူရင်းသီဆိုသူ ဒေါ်မြင့်မြင့်ခင် အမည်ပျောက်ပြီး ဓာတ်ပြား သီချင်းသီဆိုသူများ အမည်နဲ့သာ လူသိများခဲ့ပါသည်။လူသိများခဲ့သည်။
 
အသက်အရွယ် ရလာတဲ့ ဒေါ်မြင့်မြင့်ခင်ဟာ ဒါရိုက်တာ လူမင်း ရိုက်ကူးခဲ့တဲ့ အိုပယ် ဒီဗီဒီကားမှာ သားနဲ့ ချွေးမတို့ရဲ့ အပစ်ပယ်ခံ မိခင် အိုကြီးအဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် ခဲ့သလို ဒေါ်မြင့်မြင့်ခင် အသက် ၇၅ နှစ်ပြည့် ဂုဏ်ပြု အစီအစဉ်အဖြစ် ဒါရိုက်တာ မောင်ဗေဒါ ရိုက်ကူးခဲ့တဲ့ အမေ ဒီဗီဒီ ကားမှာ လည်း သားနှစ်ယောက် မိခင်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါသည်။