ငုံး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှင်မြန် +လျင်မြန်)
စာကြောင်း ၂၁ -
အမည်းမှတ် ရှိသည်။
 
ဤငုံးသည်လည်း ကျက်စားနေကျဒေသတွင် အမြဲနေ၍ ရာသီအလိုက်သာလျှင် ဒေသပြောင်း၍ ကျက်စားတတ်သည်။ လွင်ပြင်များတွင်၎င်း၊ မြက်တောနှင့် စိုက်ခင်းများတွင်၎င်း အများအားဖြင့် တွေ့ရသည်။ ဖိုမတွဲလျက် သို့မဟုတ် အအုပ် အသင်းဖွဲ့လျက် နေတတ်သည်။ ဤငုံးပျံသန်းသောအခါ ပျံခါစတွင် အတောင်ခတ်သံကိုပေး၍ အော်မြည်တတ်သည်။ တစ်ဟုန်ထိုး လျှင်မြန်စွာလျင်မြန်စွာ ပျံတက်စေကာမူ ခရီးဝေးမပျံနိုင်ချေ။ ကောက်ပဲသီးနှံ၊ မြက်၊ မျိုးစေ့များကို၎င်း၊ ခြနှင့် အခြား အင်းဆက်ပိုးကောင်များကို၎င်း စားသောက်တတ်သည်။ ငုံးများကို ပိုက်ကွန်ဖြင့်ထောင်၍ ဖမ်းဆီးယူရသည်။ ဤငုံးမျိုး သားပေါက်သောအချိန်မှာ မတ်လမှ မေလအတွင်း ဖြစ်သည်။ အသိုက်များကို စိုက်ခင်းကြားနှင့် မြက်ခင်းကြားတွင် ပြုလုပ်ထားတတ်သည်။ တစ်မြုံလျှင် ဥ ၆ လုံးမှ ၁၄ လုံးခန့်ရှိသည်။ ဥများမှာ နီဝါရောင် သို့မဟုတ် နီကြန့်ကြန့်ရောင်ရှိ၍ အညိုရင့် အပြောက်များလည်း ပါရှိ၏။ ဤငုံးကို အာဖရိကတိုက်၊ ဥရောပတိုက်နှင့် အာရှတိုက် အနှံ့အပြားတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီ၌
တစ်ခါတစ်ရံ တွေ့ရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
"https://my.wikipedia.org/wiki/ငုံး" မှ ရယူရန်