မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -ခဲ့ပါသည် +ခဲ့သည်, -ရပါသည် +ရသည်, -ထားပါသည် +ထားသည်)
စာကြောင်း ၅၅ -
# မင်းရဲဒိဓ္ဓ ဧချင်း ([[ရှင်သံခို]]) တို့ ပါဝင်သည်။
 
ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း ၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း ၁ (၁၉၁၂) တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad (1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူ ကိုယ်တိုင် နိဒါန်း၊ ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန အသင်းက တည်းဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု ဆိုနိုင်ပါသည်။ဆိုနိုင်သည်။ အထူးသဖြင့် ထိုအချိန်က မြန်မာစာပေ အားပေးမှု အဆင့်အတန်းမှာ များစွာ နိမ့်ကျ မျက်နှာငယ်စရာ ဦးမေအောင် ကဲ့သို့ ဘိလပ်ပြန် ဝတ်လုံတော်ရ တဦးက မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင်သည် ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင် ပို့ချခဲ့ပါသည်။ပို့ချခဲ့သည်။
 
၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။
စာကြောင်း ၈၁ -
ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister-at-Law ဖြစ်သည်။ မောင်အေးမောင်မှာ ထက်မြက်သော ဥပဒေ ပညာရှင် ဖဆပလခေတ် တရားရေး ဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။
 
ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ ပညာရေး နယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခိုသည် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ်ယဉ်ကျေးမှု ဩဇာ အလေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူ တဦး ဖြစ်သည်။ ထိုကန့်ကွက်ချက်များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။တွေ့ရှိနိုင်သည်။ ဦးမေအောင်သည် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းများစွာ ရွေးချယ် ခံခဲ့ရရုံမျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါးများ ရေးသားခဲ့ရာ ယင်းတို့မှာ -
 
# ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.
စာကြောင်း ၁၀၄ -
# ‘Some Mon Place-names.’ JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.
 
မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဦးမေအောင် ရေးသားခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေးနွေးချက်၊ သုတေသန စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည် ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ ပညာရှင်များ၏ နှစ်သက်ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင် အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊ သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊ ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊ တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ ရင်းမြစ်များကို တင်ပြထားပါသည်။တင်ပြထားသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅ ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊ သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချိန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင် ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။ချခဲ့သည်။
 
ဦးမေအောင်၏ အခြား ထင်ရှားသော ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိတိန် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar) Manners and Customes’ စာတမ်း ဖြစ်သည်။
စာကြောင်း ၁၁၅ -
ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက်ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် [[မြစိန်၊ ဒေါ်|မမြစိန်]]မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။
 
ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ခံခဲ့ရသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ်ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်ချခဲ့သည်
 
== အထူးဝမ်းနည်းဖွယ် ==