ခင်သန်းနု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -ခဲ့ပါသည် +ခဲ့သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကနဲ +ခနဲ)
စာကြောင်း ၃၆ -
ခင်သန်းနုဟာ ရုပ်ရှင် လောကမှာ မင်းသား အတော် များများနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူပါ။ ရွှေဘ၊ တင်ညွန့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ်အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
 
၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူး အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောကနဲ့ရုပ်ရှင်လောခနဲ့ အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုက သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်များမှာတောင် ကိုယ်ဝန်ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
 
ခင်သန်းနုရဲ့ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်ဟာလည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ဝါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြပါဘူး။