ကာကွယ်ရေးဝန်ကြီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
စာကြောင်း ၁၀၄ -
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။
 
၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေငြာချက်ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေညာချက် အမှတ် ၉၇ အရ အုပ်ချုပ်ရေးစနစ်သစ်ကိုဖော်ထုတ်ခဲ့ရာ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံးကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ရုပ်သိမ်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် အဖွဲ့ခွဲ(၃)ခုဖြင့်ဖွဲ့စည်း၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့သည်။
 
ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၇၇ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း တည်ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၄၄ ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း အဆောက်အဦ (ယခု ယုဇနဂါးဒင်းဟိုတယ်)နေရာသို့ ရုံးနေရာပြောင်းရွေ့ခဲ့သည်။