လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်)
စာကြောင်း ၄၁ -
 
==နိုင်ငံရေးသမားဘဝ==
[[၁၉၄၇]] ခုနှစ် ဇူလိုင်လတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] လုပ်ကြံ ခံရပြီးနောက် ဗိုလ်လက်ျာသည် တပ်မတော်တွင် ကြာကြာဆက်ရှိ မနေခဲ့တော့ပါ။ နောက်တနှစ် အကြာတွင် မြန်မာအစိုးရကို တိုက်နေသော ကရင်ခေါင်းဆောင်များကို ထောက်ခံနေသည်ဟု စွပ်စွဲခြင်းခံရပြီး ဗိုလ်လက်ျာသည် [[တပ်မတော်]]မှ နုတ်ထွက်ခဲ့ရပါသည်။နုတ်ထွက်ခဲ့ရသည်။ [[ဖဆပလ]] အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့သည်။ ဒုတိယ [[ဝန်ကြီးချုပ်]]နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။
 
ဗိုလ်လက်ျာသည် ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်းတွင် လက်ျာကုမ္ပဏီနှင့် မာတဘမ်ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်သည့် စီးပွားရေးသမား အဖြစ်ဖြင့် နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့သောလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဗိုလ်လက်ျာနှင့် ချမ်းသာကြွယ်ဝကြသော သူ့မိသားစုသည် မြန်မာ့နိုင်ငံရေး နှင့် စီးပွားရေး အသိုင်းအဝန်း၌ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။